ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၇)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကံကောင်းခြင်း၊ ကြွယ်ဝခြင်းတွေကိုပေးတဲ့ ဘဒြာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အတီး အမှုတ် အကအခုန်နှင့်ပတ်သက်သော လုပ်ငန်းများ၊ အနုပညာ နှင့်ပတ်သက်သော ကိစ္စများလဲ အထူးဆောင်ရွက် နိုင်တဲ့ နေ့ရက်ပါပဲ။လက်မှုအတတ်ပညာနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများ အထူးပဲအဆင်ပြေ နေတာကို တွေ့ ရပါ တယ်။
နည်းပညာနှင့် ပတ်သက်သောလုပ်ငန်းဆောင်တာများအဘက်ဘက်ကနေတိုးတတ်လာနိုင်တာကိုတွေ့ရပါလိမ့် မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အတိုက်အခိုက်တွေနဲ့ တိုးတတ်ပါလိမ့်မယ်။ customer တွေရဲ့ စိတ်ကျေနပ် မှုရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဗုဒ္ဓဟူးဂြိုဟ်နောက်ပြန်သွားခြင်းမှရပ်တန့်ပါတယ်။
မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက် မျက် ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။ထိုအချိန်ကျော်ပါက ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါ တယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ ရတနာသတ္ထုတူး ဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ ကောင်းပါ တယ်။
ယနေ့ ရာဇမင်းထံ ဝင်ထွက်သွားလာခြင်းများ မပြုရပါ။ ပဋိပက္ခများကို ငြိမ်းချမ်းအောင် ဖြေရှင်းဆောင်ရွက် နိုင်မည်။ တန်ဖိုးကြီးသော ကုန်ပစ္စည်းများ ဝယ်ယူရန်မသင့်ပါ။ နံနက်(၆း၀၀)နာရီမှ (၈း၂၄)နာရီကြား ညနေ (၃း၀၀) နာရီမှ (၆း၀၀)နာရီ ကြားကာလတို့ကို အခါကောင်းယူ၍ ဆောင်ရွက်လုပ်ကိုင်ပါက အလိုရှိရာ ပြည့်စုံမည်။ အဖိုး ထိုက်တန်သော ရတနာများ ဝတ်ဆင်ရန် မသင့်ပါ။ အန္တရာယ်ရှိနိုင်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆:၃၂)နာရီမှ ညနေ(၁၇:၂၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါ သည်။ အမည်ပေးမှန်ရင်မှန်သလို….အောက်ခြေနင်းပြားဘ၀က နေသူဌေး သူကြွယ်ဘ၀ကို …တောင် ရောက်သွား နိုင်တဲ့… ဖွားဇာတာမျိုးဖြစ်ပြီး……နောင်တရစိတ် တစ်မျိုးမျိုးကို…ဘယ်လိုမှ ဖျောက်မရဘဲ…နက်နက်နဲနဲ စွဲနေတတ် တာ လည်း …ဒီဇာတာဖွားပဲလို့ ဆိုရပါလိမ့်မယ်။နေရာထိုင်ခင်း ဘယ်သော အခါမှမမြဲပဲ ပြောင်းလည်းနေ ထိုင်ရကံပါ ရှိ တတ်ပြီး ..တစ်ခါတလေဒီလိုဇာတာမျိုးတွေမှာ စကားအပြောအဆို နဲ့ ဘာသာစကားပညာရပ်တွေမှာ သဒ္ဒါပိုင်းမှာ အထူး ကျွမ်းကျင်လိမ္မာတတ်ကြပြန်ပါတယ်။အမည်ပေး မှားလိုက်တာနဲ့…. အိမ်ထောင်ရေးကံ ဗြောင်းဆန်နေ အောင် လည်း ဆိုးသွားတတ်ကြပြန်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၄၄) နာရီမှ နံနက်(၉:၀၈)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာ ချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ငွေရောင်၊အစိမ်းရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁/၅/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သပြေညွှန့်ဆောင် သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့သာကူဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695