loading

6.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 6.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၉)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲ တွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူး ပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။ 

ဒီနေ့ဟာ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရက်ပုပ်၊  ရက်ရာဇာ၊ ဝါရမိတ္တုကြီး၊ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ် ပါတယ်။ဒီလို နေ့ရက်မှာတော့ ကျန်းမာရေးအညံ့များကင်းစင်ပါလိမ့်မယ်။ အရေပြားမှာရှိတဲ့အနာ ရောဂါတွေလဲ ကင်း စင်သွား တတ်ပါတယ်။ ကုန်သွယ်စီးပွားရေးလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော့လဲ အလွန်မှရင်းနှီးမြုပ်နှံလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အလုပ်ဆိုင်းဘုတ်တင်ခြင်းတွေ၊ အလုပ်ခန်းစတင်ဖွင့်လှစ် ခြင်းတွေ လဲ ဆောင်ရွက်လို့ကောင်းပါတယ်။

အရောင်းပြပွဲများ၊ကုန်စည်ပြပွဲများ၊ဈေးပွဲတော်များကျင်းပလို့အထူးကောင်းပါတယ်။ပြည်ပဈေးကွက်သို့ကုန်ပစ္စည်း တွေ တင်ပို့ရောင်းချခြင်းတွေကိုအထူးဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ပညာရေးနဲ့ပက်သက်သော ကိစ္စ အ၀၀ လဲဆောင်ရွက်လို့ကောင်းပါတယ်။

 အမဲလိုက်ခြင်း၊အရက်ချက်ခြင်း၊  ပိုးသတ်ဆေးဖြန်းခြင်းစတဲ့အနိဌနဲ့ဆိုင် တဲ့အလုပ်များဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ ခဲ ယမ်းလက်နက်များပြုလုပ်ခြင်းများ၊ရန်အတိုက်အခံပြုခြင်းများလဲဒီနေ့မှာဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အရေး ပေါ် မှာ ဖြစ်ပေါ်နေတဲ့အနာရောဂါပဲဖြစ်ဖြစ်၊ကိုယ်တွင်းမှာဖြစ်တဲ့အနာရောဂါပဲဖြစ်ဖြစ် ခွဲစိပ်ကုသရမယ် ဆိုရင်ဒီနေ့ ဟာ ဆောင်ရွက်လို့အထူးသင့်လျော်တဲ့နေ့ရက်ပါပဲ။

ကုန်စည်ဒိုင်အသစ်များစတင်ဖွင့်လှစ်ခြင်းတွေဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ စပါးများကိုစတင်စပါးကျီ သွင်း ခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အားကစားနှင့်ပတ်သက်သောလုပ် ငန်း များ အထူးတိုးတတ်မဲ့နေ့ပါပဲ။ အဖိုးများသောအားကစားပစ္စည်းများဝယ်ယူ မယ်ဆိုရင်လဲဒီနေ့ဟာဝယ်ယူလို့သင့်တော် တဲ့နေ့ရက်ပါပဲ။

ပြည်ပအလုပ်အကိုင်ရှာဖွေခြင်း၊အင်တာဗျူးခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ရေနံ၊ ရွှေနှင့်ကျောက်မျက်ရတနာတူးဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ ခရီးကိစ္စများ သွားလာ လုပ်ကိုင်လို့ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ အထူးသဖြင့်လေကြောင်းခရီများအဆင်ပြေချော့မွေ့တတ်ပါတယ်။

ဘာသာရေးနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ အစည်းအဝေးလုပ်ခြင်း၊အနာဂတ်လုပ် ဆောင် သွား မဲ့ကိစ္စတွေအတွက်တိုင်ပင်ဆွေးနွေးခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။

            အလုပ်ကိစ္စများ စတင်ဆောင်ရွက်၍ အကျိုးရှိမည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်နိုင်သည်။ အတက်ပညာများ စတင်သင်ကြားနိုင်သည်။ ရင်းနှီးမြှုတ်နှံမှုများ ဆောင်ရွက်ရန် ရက်‌ကောင်းဖြစ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစား ခြင်း မပြုရ။ ပြဿနာအခက်အခဲများရှိက ချက်ချင်းဖြေရှင်းပါ။ ဉပဒေနှင့်မကင်းသော ကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ အမှုပြဿနာများဖြစ်က ဖြေရှင်းရန် ခက်ခဲမည်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဥတြဘရ ဂုဏီနက္ခတ်ဖြစ်တာမို့ဒီနက္ခတ်သည်အထက်မျှော်နက္ခတ်ဖြစ်ပြီးဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ ကျောက် ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ပန်းချီပန်းပုလုပ်ငန်း လုပ်ခြင်း၊အိမ်တက် မင်္ဂလာ လုပ်ခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ၀င်းခြံကာခြင်းများကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆:၂၄)နာရီမှ ညနေ(၁၇:၁၆) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဥတြဘရ ဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊သိဟ်စန်းနံနက်(၁၁)နာရီ (၇)မိနစ် လွန် စန်း ကန်ရာသီသို့ ပြောင်းသည်။  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးရင်သွေးများဟာ ဘဝအောင်မြင်မှု အားကြီး ကြသူတွေဖြစ် ပါ တယ်။ ကိုယ်ပိုင်စီးပွားနဲ့အောင်မြင်လွယ်ပါတယ်။ ဝန်ထမ်းအလုပ်ကိုတော့ အထူးရှောင်သင့်ပါ တယ်။ ဘ၀မှာ ခေါင်း ဆောင်၊ အကြီးအကဲ ဖြစ်ဖို့ကံ သည် အထူးအား ကောင်းနေတာက သူ့ရဲ့ထူးခြားတဲ့ကံပါပဲ။ ငွေကြေးနဲ့ ပညာ အတွက် လည်း ….အင်အားကောင်းမွန်သော ဇာတာရှင် ပါ။သို့သော် ပညာသင်ကြားရေးပိုင်းမှာတော့ နဲနဲ …ဂရု စိုက်ပေး ရပါ မယ်။ ပညာရေးတွင် လိုင်းရွေးခြယ်မှု မှားယွင်းခြင်း၊ နေရာပေးမခံရသဖြင့် စသည်ဖြင့်ကံလေးတွေ ကိုတော့ မုချရင်ဆိုင်ရပါလိမ့်မယ်။ဘ၀ရဲ့ဒုတိယအရွယ်ဖြစ်တဲ့ အသက် ၂၈ကစလို့ ဘဝက တဟုန်းထိုးအောင် မြင်သွားတတ်ပါ တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၁:၅၆) နာရီမှ မွန်းလွဲ(၁:၂၀)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ သောကြာ၊စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ကြာသပတေး  သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင်၊ငွေရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၁/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အားဆေးတစ်မျိုးမျိုး သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *