loading

7.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 7.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်း ခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူး ရှောင် သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။ 

ဒီနေ့ဟာ ရသေ့ကျော်၊ ရက်ယုတ်မာရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၀)လုံး အေးချမ်းခြင်းတွေ၊ ကြည်နူးခြင်းတွေကိုပေးတဲ့ပုဏ္ဏာ တီထိကျ ရောက်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ဒီနေ့မှာ တစ်ပတ်ရစ်များ၊အရောင်းထိုင်းပစ္စည်းများရောင်းဝယ်ဖောက် ကားလို့ အထူး ကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးကောင်းမွန်ပါလိမ့်မယ်။ မြုပ်နေတဲ့ငွေ တွေလဲ ပြန်ဖော် နိုင်ပါ လိမ့်မယ်။ ရန်များ ပဋိပက္ခများကိုလဲကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။

ရာဟုကာလအမှောင်ချိန်ကလွဲလို့ ည၁၁နာရီ မတိုင်ခင်အထိက အချိန်အခါကောင်းပါတယ်။ မင်္ဂလာမည်သော ကိစ္စ များဆောင်ရွက်လို့ကောင်းပါတယ်။ ဘဏ်လုပ်ငန်းများ၊ငွေကြေးဆိုင်ရာကိစ္စများလဲဆောင်ရွက်လို့ကောင်းပါ တယ်။ အိမ်၊ ခြံ၊ မြေ၊ လုပ်ငန်းများစတင်ခြင်းတွေ အထူးကောင်းပါတယ်။

ကြာပသတေးပိုင်တဲ့တီထိဖြစ်တာကြောင့် ပညာရေးနဲ့ပတ်သက်သောကိစ္စအ၀၀မှာဆောင်ရွက်လို့ အထူးကောင်း ပါတယ်။ ပညာရှာခြင်း၊သင်တန်းတတ်ရောက်ခြင်း။တပည့်ခံခြင်းများဆောင်ရွက်နိုင်သလို ဆရာတွေ အနေနဲ့ ပညာသင် ပေးခြင်း၊သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။

ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေ အကျိုးအမြတ်တွေပြန်လည်ရရှိတတ်ပါတယ်။ခဏဆိုင်းငံ့ထားတဲ့အလုပ်တွေ ကိုပြန်လည်လုပ်ကိုင်နိုင်မဲ့နေ့ရက်ပါပဲ။ ရစရာရှိတဲ့အကြွေးတွေကိုတောင်းခံနိုင်မဲ့နေ့ရက်ပါပဲ။ အလှူအတန်းပြုခြင်း၊ ရေစက်ချအမျှဝေခြင်းများ၊အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားထီးတင်ခြင်း၊ ဘုရားနေက ဇာတင်ခြင်း၊ ဘုရား ဆင်းတုတော်ပင့်ဆောင်၍စတင်ပူဇော်ကိုးကွယ်ခြင်းများ အထူးကောင်းတဲ့နေ့ပါပဲ။

            ယုတ်မာကောက်ကျစ်သောသူများ မူလစရိုက်ပေါ်သောနေ့ရက် ဖြစ်ပေရာ  အထူးသတိရှိရမည့်နေ့ရက် ဖြစ်ပေ သည်။ ကတိစကား ပျက်ယွင်းမှုများ ဖြစ်တတ်သည်။ ငွေကြေးအပေးအယူကိစ္စများတွင် အငြင်းပွားစရာများ ဖြစ်တတ် သည်။ ကုန်ပစ္စည်း အမှတ်တံဆိပ်အတုများ ဈေးကွင်းအတွင်း စီးဆင်းတက်သည်။ တံဆိပ်တုံးအတု၊ လက်မှတ်အတု၊  စာရွက်စာတမ်း အတုအယောင်တို့ကို အသုံးချ၍ လိမ်ညာမှုကို ခံရတတ်သည်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆:၂၁)နာရီမှ ညနေ(၁၇:၁၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဟဿတနက္ခတ်ကျရောက်တာမို့ အိမ်ခြံမြေအရောင်းအဝယ်ပြု လုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေ ဖြန့်ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ် ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်း ဝယ်ပြုလုပ်ခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေဘယ်လိုပဲရှိနေပါစေ …ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ ပညာ အရာမှာ အထွတ် အထိပ်ကိုရောက်နိုင်တာမို့ မိဘတွေကသာ supportလုပ်နိုင်မယ်ဆို အတိုင်းထက်အလွန်အောင် မြင်နိုင် ကြသူတွေဖြစ်ပါတယ်။အနာဂတ်ကိုတွေးခေါ်နိုင်စွမ်းမြင့်မားကြတယ်။ ငယ်စဉ်အချိန်တွေမှာမိဘတွေရဲ့ အလုပ် ကြောင့် အဖေ(သို့မဟုတ်) အမေနဲ့ အနေဝေးရတတ်ပါတယ်။ နာမည်ပေးမှန်ကန်ရင်တော့ ကြီးကျယ်တဲ့ချမ်း သာအောင်မြင်မှု ကိုရရှိပြီးတော့ နာမည်ပေးမှာရင်တော့ အပေါင်းအသင်းအပျော်အပါးများပြီးတော့ မဟုတ်တဲ့ကိစ္စတွေ မှာ အချိန် ကုန် သွားတတ်ပါတယ်။ ယောင်္ကျားလေးတွေဆိုရင် ယစ်ထုပ်ကြီးဘဝရောက်သွားတတ်ပါတယ်။ နာမည်ကို နားလည်တတ် ကျွမ်း တဲ့ဆရာတွေဆီမှာသေချာမေးဖို့လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၂၁) နာရီမှ မွန်းလွဲ(၂:၄၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊  ရာဟု၊  ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအဝါရောင််၊ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈/၂/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိုလာသောက် သွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပေါက်ပေါက် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *