loading

10.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 10.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဝက် မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်း ခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူး ရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။ 

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။  ပြဿနာများကိုရင်ဆိုင်ဖြေရှင်းရတဲ့နေ့ရက်လဲဖြစ်ပါတယ်။ အလုပ်တွေကအခက်အခဲတွေကို ကောင်းစွာဖြေရှင်း သွားနိုင်ပါလိမ့်မယ်။ စစ်ရေးကိစ္စ၊အစိုးရနဲ့ပက်သက်သောကိစ္စ တွေမှာပြေလည်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဆေးကု၊ဆေးစစ်ရန်အတွက်ကောင်းမွန်သောရက်ကောင်းဖြစ်ပါ တယ်။ ကြုံရနိုင်တဲ့ အကြပ်အတည်းတွေကိုလဲ ကောင်းစွာကျော်လွှားနိုင်ပါလိမ့်မယ်။ ဒီနေ့တွေ့ကြုံရတဲ့ အလှူခံမှန် သမျှကို သဒ္ဓါကြည်ဖြူစွာ လှူဒါန်းလိုက်ခြင်းဖြင့် အောင်မြင်မှုတွေကိုဖြစ်ပေါ်စေပါလိမ့်မယ်။

ရစရာရှိသောအကြွေးများ၊ရပိုင်ခွင့်များ ကောင်းစွာတောင်းခံနိုင်ပါလိမ့်မယ်။ အလုပ်ပိနေသူများ၊ အလုပ်တာဝန်များ နေသူများ ကောင်းစွာစီမံခန့်ခွဲနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ ခရီးသွားရင် တွေ့တဲ့ဆိုင်မှာထီကံစမ်းခြင်းတွေပြုလုပ်လို့ အထူးသင့်လျော်ပါတယ်။ လိုအပ်နေတဲ့ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများဝယ်ယူမယ်ဆိုရင်လဲ ဝယ်ယူလို့အထူး သင့်တော်ပါတယ်။ ဘာကိစ္စမဆို အချိန်မဆွဲဘဲ လက်ဦးမှုတွေစတင်ယူလိုက်မယ်ဆိုရင်တော့အထူးပဲအဆင်ပြေ သွား တတ်ပါတယ်။ စားသောက်ကုန်နဲ့ပတ်သက်သော ကုန်စည်ပြပွဲများကျင်းပခြင်း၊ promotion များပြုလုပ်ခြင်း တွေ အထူးကောင်းပါလိမ့်မယ်။

ခရီးကိစ္စများဆောင်ရွက်လို့ အထူးကောင်းပါတယ်။ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ကုန်သွယ်စီးပွားခရီးတွေပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့ပါလိမ့်မယ်။ မိမိလုပ်ငန်းအတွင်းဝန်ထမ်းတွေကို အလုပ်နဲ့ ပတ်သက်သောသင်တန်းတွေပေး တာ မျိုးတွေဆောင်ရွက်လို့အထူးကောင်းပါတယ်။အိမ်ပြုပြင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်း၊ ပျက်စီးယိုယွင်းနေတဲ့နေရာ တွေကိုပြင် ဆင် ခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ကြော်ငြာကိစ္စများဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကုန်ရောင်း ကုန်ဝယ် အလုပ်များ၊ ဈေးရောင်းဈေးဝယ် အလုပ်များအထူးအဆင်ပြေနိုင်ပါတယ်။

ဆောင်ရွက်သမျှကိစ္စတွေမှာ နှေးကွေးကြန့်ကြာပြီးမှအောင်မြင်တတ်သောနေ့ဖြစ်ပါတယ်။မိမိလိုအပ်နေသော သတင်း အချက်အလက်တွေ၊ဒေတာတွေစုဆောင်းနိုင်သောနေ့ရက်ဖြစ်ပါတယ်။ရန်ပဋိပက္ခများဖြေရှင်းနိုင်ပါလိမ့်မယ်။ ငွေကြေး လာဘ်လာဘအတွက်ပြောဆိုဆောင်ရွက်ရန် အခါသင့်သည်။ ကျန်းမာရေးအညံ့ကြုံက မပေါ့ဆအပ်ပါ။ ချက်ချင်းကုသမှုခံယူပါ။ ဆေးမြီးတိုနဲ့မကုသင့်တဲ့နေ့ရက်ပါပဲ။

            ယနေ့ အရာရာသတိရှိရမည်။ အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်မည်။ ရပိုင်ခွင့်ဟောင်းများ  ပြန်လည် တောင်းခံ နိုင်မည်။ အရောင်းထိုင်းပစ္စည်းများ ဈေးကောင်းရကာ  အရောင်းအဝယ်သွက်လပ်မည်။ မင်္ဂလာယူပြီးလုပ် သော ကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ အဖိုးထိုက်တန်သောပစ္စည်းများ ဝယ်ယူရန်မသင့်ပါ။ စတင်သောကိစ္စမှန်သမျှ တစ် ပိုင်း တစ်စ ဖြစ်တတ်သည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆:၀၅)နာရီမှ ညနေ(၁၇:၁၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့နေ့လယ် ၁၂နာရီ ၄၉မိနစ်အထိက သွာတိနက္ခတ်ဖြစ်တာမို့ စာအုပ်စာရေးကိရိယာလုပ်ခြင်း၊ စာပေဖြန့်ချိရေး လုပ် ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မေတ္တာစကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွား လာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံ ပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများရောင်း ဝယ်ခြင်း၊ ဆံသ လုပ်ငန်း၊ ဆိုင်ကယ်၊ ဆိုက်ကား ရောင်းဝယ် ပြုလုပ်ခြင်း ကောင်း၏။ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့နေ့လယ် ၁၂နာရီ ၄၉မိနစ်ကျော်လွန်ပါက ဝိသာခါ နက္ခတ်သည် ရောနှော ထားသော သဘာဝရှိသည့် နက္ခတ် ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်များ၊ကျွမ်းကျင်မှုတာဝန်များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေး ပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။ဤနက္ခတ်သည် အောက်သို့ မျက်နှာ မူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ်၊ ပန်းပုပညာ ၊ အနုပညာ ၊အရေးအသား၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆထိန်းချုပ်ခြင်း၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံ ထားသောပစ္စည်းများကိုပြန်ယူခြင်း စသည့်အလုပ်များပြုလုပ်ရန် သင့်လျော် သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊သွာတိနက္ခတ်,ဝိသာခါနက္ခတ်များနဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ဗြိစ္ဆာရာသီဖွား ဖြစ်ပါ သည်။ဒီလိုနေ့ ရက် တွေမှာမွေးဖွားလာကြသူတွေဟာ အများ အားဖြင့် ပညာစရိုက်အားကြီးကြပါတယ်။ မိဘ တွေသာ ပံ့ပိုးပေးရင် ပညာအရာမှာ အထွဋ်အထိပ်ကိုရောက် နိုင်ကြပါလိမ့်မယ်။ အသက်၂၁နှစ်အထိ မေတ္တာရေး ကံတည်ငြိမ်မှု အားနဲ သလို..၊ အသက် ၃၀ကနေ ၄၆နှစ် ကြား သက် လတ်ပိုင်းကာလတစ်လျှောက်မှာတော့ ပညာဖြင့် ကောင်းစွာ အသက် မွေးနိုင်သော ကံအနေအထား ပါရှိလာကြသော ကလေးသူငယ်ပါပဲ။ ဓနဥစ္စာကံ နဲ့ ပညာကံမှာ တော့ …မူလကံ အရကိုပင်လျှင် အားသာချက် ပါရှိလာသော ဇာတာရှင် ကလေးငယ်ပဲ ဖြစ်ပါလိမ့်မယ်။ မိတ်ကောင်း ဆွေကောင်း ပေါ များ ခြင်း နဲ့ …ပညာရှင်များ၏ ပံ့ပိုးပေးမှုကို ခံစားရတတ် ခြင်း ကံများ …ကိုလည်းတွေ့ရကြောင်းပါဗျ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၀၉) နာရီမှ ညနေ(၅:၃၃)နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊  စနေ၊တနင်္ဂနွေ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊  ရာဟု၊ ကြာသပတေး၊သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအနီရောင်၊အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၁/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မက်မန်းသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *