loading

8.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 8.December.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၁)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့် ပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။   

ဒီနေ့ဟာ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ခေါင်း ဆေး ခေါင်း လျှော်ခြင်းတွေ ပြုလုပ်လို့သင့်ပါတယ်။ ရောဂါဆိုး၊ဘေးဆိုး အန္တရာယ်ဆိုးတွေကနေကင်းဝေးမဲ့ နေ့ ရက်ပါပဲ။ အလုပ်ရှာခြင်း၊အလုပ်သစ်လျှောက်ခြင်းများပြုလုပ်ရန်ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိတို့ ရဲ့မိရိုး ဖလာရိုးရာ နတ်များအားပူဇော်ခြင်း၊ပသခြင်းများလဲ ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။

စက်ပစ္စည်းရောင်းဝယ်ခြင်းများ၊ ဒီနေ့မှာဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ဆေးဝါးအသစ်မှာစတင်ဖော်စပ် ခြင်း များလဲအထူးကောင်းပါတယ်။ ဆံသဆိုင်၊BEAUTY SALOON ၊အလှကုန်ပစ္စည်းအရောင်းဆိုင်များလဲဒီနေ့မှာ အဆင် ပြေ ချော့မွေ့တာတွေ့ရပါတယ်။

တံတားပြုပြင်ခြင်း၊လမ်းပြုပြင်ခြင်း၊စည်းရိုးကာခြင်းများကိုလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်ရေနံတူးဖော် ခြင်း တွေ၊ဆည်မြောင်းတာတမံတူးဖော်ခြင်းတွေကိုလဲဒီနေ့မှာအလေးပေးဆောင်ရွက်လို့ကောင်းပါတယ်။ဒီနေ့မှာ ပါတီ ပွဲ များ ကျင်းပခြင်း၊ မိတ်ဆုံစားပွဲများကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်လို့ကောင်းပါတယ်။  ကျောက်မျက်ရတ နာများ ဝယ်ယူခြင်း၊ အဝတ်အထည်များဝယ်ခြင်း၊ဖက်ရှင်ဒီဇိုင်းများစတင်ချုပ်လုပ်ခြင်းတွေ ဆောင်ရွက်လို့ကောင်း ပါတယ်။

            အလုပ်ကိစ္စများ  စတင်ဆောင်ရွက်၍ အကျိုးရှိမည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်၍  အကျိုးရှိမည်။ အတတ် ပညာများ စတင်သင်ကြားနိုင်မည်။ ရင်းနှီးမြှုတ်နှံမှုများ ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်း မပြုရပါ။ ပြဿနာအခက်အခဲများ ရှိက ချက်ချင်းဖြေရှင်းဆောင်ရွက်ပါ။ ဉပဒေနှင့် မကင်းသောကိစ္စ မှန် သမျှ ရှောင်ပါ။ အမှုပြဿနာများဖြစ်က ဖြေရှင်းရန် ခက်ခဲမည်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆:၀၇)နာရီမှ ညနေ(၁၇:၀၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မနက်၉နာရီ ၅၀မိနစ်အထိကတော့ ဟဿတနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက စိတြနက္ခတ်ဖြစ်ပါတယ်။ စိတြနက္ခတ် ဖြစ်တာ ကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေ ဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊  ဗြိစ္ဆာရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေး သူများဟာ စွန့်စားနိုင်သူတွေ၊ဖောက်ထွက်နိုင် သူတွေဖြစ်ကြပါတယ်။ နာမည်ပေး မှန် ကန်ပါက ပညာရေးကံ နှင့် အိမ် ထောင်ရေးကံအားကောင်းတာကိုတွေ့ရသလို ခေတ်ရှေ့ပြေးသောအလုပ်မျိုးတွေနဲ့ သိသာထင် ရှားစွာ အကျိုး ပေးပါ တယ်။ကလေးငယ်ဟာနယ်ပယ်သစ် ရှာဖွေ ဖောက် ထွက်ရာမှာ….သော်လည်းကောင်း၊ စွန့်စား လုပ်ကိုင်ရာမှာ သော် လည် ကောင်း၊စနစ်ဟောင်းတွေ ကိုချိုးဖောက် ပြီးစနစ်သစ်တော်လှန်ပြောင်းလဲမှုပြုရာ တွင် သော် လည်းကောင်း… အလွန်အင်မတန် စွမ်းအားရှိသော …ဖွားဇာတာရှင် ကလေးငယ်ပါပဲ။အချိန်တန် အရွယ် ရောက် တာနဲ့ ဆွေမျိုးသွေး သား အသိုက်အဝန်းကို စွန့်ခွာပြီး….မထင်မှတ်ထားတဲ့ အဆင့်တစ်ခုဆီကို ..စွန့်စား ဖောက်ထွက်… အောင်မြင်သွား နိုင်သော ဇာတာရှင်လို့လည်း ဆိုနိုင်ပါတယ်။ ထူးခြား ချက် တစ်ခုကတော့ ….အိမ်ထောင်ဖက်ကောင်း (ဝါ) ထင်ရှား အောင်မြင် သော အိမ်ထောင်ဖက်ကို ရရှိတတ်သော ကံဇာတာ ပါရှိလာသူပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၃၄) နာရီမှ နေ့လည်(၁၁:၅၇)နာရီအတွင်း ကျရောက် နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာနို့နှစ်ရောင်၊အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၁/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စမူဆာစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ကုလားမဲ ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *