loading

14.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 14.December .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင် သင့်ပါတယ်။ 

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရက်ယုတ်မာ၊ နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ကံကောင်းခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက် တဲ့နေ့ရက်လဲ ဖြစ် ပါတယ်။ဒီလိုနေ့ရက်တွေမှာ သတင်းအချက်အလက်များ စုဆောင်းလို့ကောင်းပါတယ်။ လူယုတ် မာတွေက  လူ အများကိုဒုက္ခပေးနိုင်တဲ့နေ့ရက် ဖြစ်တာကြောင့်သတိထားနေထိုင်သင့်တဲ့နေ့ရက်ပါပဲ။ မူလဗီဇယုတ် ညံ့သူတွေ စရိုက် ဆိုးပေါ်လွင်စေမဲ့ နေ့ရက် ပါပဲ။ ကာမ ဂုဏ်လွန်ကျူးသူများ ဒုက္ခရောက်ရတတ်ပါတယ်။

နှစ်ရှည်ပင်များ စတင်စိုက်ပျိုးတာမျိုးတွေ ဒီနေ့မှာစတင်လို့ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး မိမိလုပ်ချင်တဲ့ မိမိဝါသနာပါတဲ့အလုပ်တွေကို စတင်ခြေတစ်လှမ်းလှမ်းကြည်တာမျိုးတွေပြုသင့်ပါတယ်။

ဘာသာရေးအထူးပြုလုပ်သူများ ကိုးကွယ်စရာဘုရားဆင်းတုတော်များ၊ ရဟန္တာပုံတော်များ မိမိဆီကိုကြွလာတတ် ပါတယ်။မင်းအစိုးရနဲ့ပတ်သက်သောကိစ္စများ၊အစိုးရဌာနဆိုင်ရာတွေနဲ့ပတ်သက်သောကိစ္စများပြောဆိုလို့ အဆင် ပြေ အောင်မြင်တတ်ပါတယ်။ အလှပြုပြင်ခြင်း၊ဆံသခြင်း၊အဝတ်အထည်များ ဝယ်ယူခြင်းများအထူးကောင်းတဲ့နေ့ ပါပဲ။ အခက်အခဲပြဿနာတွေကို ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။  

            ယနေ့တွင် လဲပြိုခြင်း၊  အမြင့်မှကျခြင်းများ သတိရှိရမည်။ အရှေ့တောင်အရပ်သို့ ဦးတည်၍  ခရီးသွား လာခြင်းများ ရှောင်ကြဉ်ပါ။ ညနေ(၃း၀၀)နာရီမှ (၄း၃၀)နာရီကြား ကာလများတွင်  မတော်တဆ ထိခိုက်မှုအန္တရာယ် အထူးသတိရှိရမည်။ ဘာသာရေးဆိုင်ရာ  မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်  မသင့်ပါ။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူ မျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာ ဝတ် ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ် လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာ မျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၅၃)နာရီမှ ညနေ(၁၆:၄၅) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မနက် ၁၀နာရီ ၄၆မိနစ်အထိကမူလနက္ခတ်ချိန်များဖြစ်တာမို့ ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတနှင့် အနုပညာ ဆိုင်ရာများ၊ အဆိုအက သရုပ်ဆောင်ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက် မျက်ရတနာ လုပ်ငန်းတူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။

မနက် ၁၀နာရီ ၄၆မိနစ်ကျော်ပါက ပြုပ္ဗာသဠ်နက္ခတ်…အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ ကျောက် မျက် ရတနာ တူးဖော်ခြင်း၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်း ရေကန်နှင့်အဝိစိ တွင်းတူး ဖော်ခြင်း များ စာရေးသားခြင်းများ အထူးကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဓနုစန်း၊ ပြုပ္ဗာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါ သည်။ ဒီနေ့ မွေး သူများဟာ ကောင်းသော ကံ ကြမ္မာနှင့် ကောင်းသော အခွင့်အလမ်းတွေကိုရရှိတတ်ပါတယ်။ကြိုးစားသူတွေ၊ မယိမ်းမယိုင်ဘဲ အောင်မြင်နိုင်ကြ ပါ တယ်။ အပေါင်းအသင်း ကြည့်ပေါင်းတတ်ဖို့လိုပါတယ်။ မကောင်းတဲ့အပေါင်း အသင်း တွေနဲ့ ပေါင်းမိတတ်ပါတယ်။ အားသာချက်က အတက် ပညာအမျိုးမျိုးတက်မြောက်လွယ်ပြီးတော့ အသက် မွေးမှုအတွက် ကတော့ ဘယ်သော အခါ မှာ စိတ်မညစ် ရမဲ့သူတွေ ဖြစ်ပါတယ်။ ငွေကြေးရှာလွယ်ခြင်း၊ အိမ်ထောင် ဘက် ကောင်း ရရှိခြင်း၊ ပညာတက်မြောက် ခြင်း၊သင်္ချာပညာမှာကျွမ်းကျင် ခြင်းတွေက ဒီဇာတာရဲ့ထူးခြားချက် တွေဖြစ် ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၂၄) နာရီမှ မွန်းလွဲ(၂:၄၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊  အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ  သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင်၊ဖက်ဖူးရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉/၆/၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကံ့ကော် ၁ညွှန့်ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သာကူယို ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *