ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူး ပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ ရက်တံခွန်၊ ဝါရမိတ္တုကြီး၊ မဟာရက်ကြမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အင်အားတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယာတီထိကျရောက်တဲ့ နေ့ ရက် ပါပဲ။ဒီလိုနေ့ရက်တွေမှာတော့အတတ်ပညာ တစ်ခုတတ်ကျွမ်းသူနှင့်ရှယ်ယာဝင်ခြင်း တွေ၊ အခက်အခဲတွေ အတွက်ကောင်းစွာဖြေရှင်းခြင်းတွေ၊အလုပ်အကိုင် နဲ့ ပတ် သက်ပြီးတော့လဲ ဆွေးနွေးခြင်းတွေ ကိုအထူးဆောင်ရွက်လို့ ကောင်းပါတယ်။နာတာရှည်ဖြစ်နေသူများ ဆေးစွမ်း ကောင်း၊ ဆရာကောင်းနှင့်ဆုံပြီးသက်သာပျောက်ကင်းမည် ။အကြီးအကဲများထံမှ သြဝါဒခံယူလို့အလွန်ကောင်း တဲ့ နေ့ရက် လဲဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံမှုတွေတစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ သတိနဲ့ယှဉ်ပြီးလုပ်စေချင်ပါတယ်။တန်ဖိုးကြီးပစ္စည်း အသစ်များ ဝယ်မယ်ဆိုဒီနေ့ကမသင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လုပ်လက်စအလုပ်တွေမှာ ကြုံတွေ့နေရတဲ့အခက်အ ခဲတွေကိုလဲ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။
အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့အလုပ်များကုန်မာပစ္စည်းရောင်းဝယ်တဲ့အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။ ရေနံ သဘာဝဓာတ်သတ္တုများ စူးစမ်းရှာဖွေခြင်းမျိုးအထူးဆောင်ရွက်နိုင်ပါတယ်။ မြေသန့်မင်္ဂလာများပြု လုပ်ခြင်းများအထူး ကောင်း ပါတယ်။ အစုရှယ်ယာဝင်ခြင်း၊ဖက်စပ်လုပ်ခြင်းများလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါ တယ်။
ဘာသာရေးနှင့်ပတ်သက်ပြီးတော့လဲ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်း၊ဘုရားတည်ခြင်းများဆောင်ရွက် သင့်တဲ့နေ့ ရက် ပါပဲ။ မိမိရဲ့ ကုန်ပစ္စည်းများကို mediaက ကြော်ငြာခြင်း၊online ကနေကြော်ငြာခြင်းများ လဲဆောင်ရွက်လို့ ကောင်း တဲ့နေ့ရက်ပါပဲ။
ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုပါက အသက်ရှည်၍ ကျန်းမာမည်။ ရေတွင် အပျော်ဆော့ကစား ခြင်းများ မပြုရ။ တောင်အရပ်သို့ ဦးတည်သွားလာခြင်းများ ရှောင်ကြဉ်ပါ။ နေ့(၁၂း၀၀)နာရီမှ (၁း၃၀)နာရီကြားကာလ များတွင် အသွားအလာ သတိရှိပါ။ မင်္ဂလာအခါမပေးရ။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စ တွေ အား လုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကား ပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၄၉)နာရီမှ ညနေ(၁၆:၄၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မနက် ၉နာရီ၁၀မိနစ်အထိကပြုပ္ဗာသဠ်နက္ခတ်…အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက် ရတနာ တူးဖော်ခြင်း၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်း ရေကန်နှင့်အဝိစိတွင်းတူး ဖော်ခြင်း များ စာရေးသားခြင်းများ အထူးကောင်းပါတယ်။
မနက် ၉နာရီ၁၀မိနစ်ကျော်ပါက ဥတြာသာဠ်နက္ခတ်ဖြစ်ပြီးထိုနက္ခတ်သည် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လိုလားတောင့်တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက်သင့်လျော် သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသောနက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်စသည့်ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဥတြာသာဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ဓနုစန်း ညနေ(၅)နာရီ (၈)မိနစ်လွန် စန်းမကာရရာသီသို့ ပြောင်းသည်။ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများ အများအားဖြင့် လူအများရဲ့ အကူ အညီတွေရလွယ်ကြပါတယ်။ တစ်ခု အားနည်းချက်က ဆွေမျိုးသား ချင်းတွေရဲ့ ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်။ ဒီနေ့ မွေး ရင်သွေးများဟာ မိန်းကလေး ဖြစ်မယ်ဆိုရင်တော့ အထူး ကောင်း ပါတယ်။ အိမ်ထောင်ရေးကံအားသာချက် ရှိကြ တဲ့သူတွေအဖြစ် တွေ့ရပြီး တစ်သက်တာ အိမ်ထောင်ရေး အတွက်ရင်အေးရပါ လိမ့်မယ်။ ကလေးငယ်ဟာနယ်ပယ် သစ် ရှာဖွေဖောက်ထွက် ရာ မှာ….သော်လည်းကောင်း၊ စွန့်စားလုပ်ကိုင်ရာမှာ သော်လည်ကောင်း…၊ စနစ်ဟောင်း တွေကို ချိုးဖောက်ပြီး စနစ်သစ် တော်လှန်ပြောင်းလဲ မှု ပြုရာတွင်သော် လည်း ကောင်း…အလွန်အင်မတန်စွမ်း အား ရှိသော …ဖွားဇာတာရှင်ကလေး ငယ်ပါပဲ။အချိန်တန် အရွယ်ရောက်တာနဲ့ ဆွေမျိုး သွေးသားအသိုက်အဝန်းကို စွန့် ခွာပြီး….မထင်မှတ်ထားတဲ့ အဆင့် တစ်ခုဆီကို ..စွန့်စား ဖောက်ထွက် …အောင် မြင်သွားနိုင်သော ..ဇာတာရှင်လို့လည်း ဆိုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၅၇) နာရီမှ မွန်းလွဲ(၁၂:၀၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာနို့နှစ်ရောင်၊အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၉/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ ဝိဇ္ဇာစရဏသမ္ပန္နော… ဂုဏ်တော်ကို သက်စေ့ရွတ်ပွား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထောပတ်ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695