ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၆)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့ ဟာ မင်္ဂလာယူတဲ့ကိစ္စတွေမလုပ်သင့်ပေမဲ့ အလုပ်နဲ့ပတ်သက်သော ကိစ္စ ရေးရာ အဖြာ ဖြာ ကတော့ ဆောင်ရွက်လို့ ကောင်းပါတယ်။ အရပ်ဝေးနှင့်ချိတ်ဆက်လုပ်ကိုင်ရသောအလုပ်တွေက တော့ အဆင် ပြေပါလိမ့်မယ်။ ငွေကြေးအလွဲ အပြောင်းတွေလုပ်လို့ရပေမဲ့ သတိနဲ့လုပ်ပါ။ အငြင်းပွားဖွယ်ရာတွေ ဖြစ်လာ တတ် လို့ ပါပဲ။လူအများကတိပေး မိရင် တော့ တည်ဖို့ခဲယဉ်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ကုန်သွယ်စီးပွားများ ၊ကုန်ရောင်းကုန်ဝယ်အလုပ်များ အထူးအကျိုးပေးပါတယ်။ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း များ၊ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်။ ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်း တက်ပါလိမ့်မယ်။
နည်းပညာအသစ်သစ်များ ရှာဖွေတွေ့ရှိလာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် Marketing ဆင်းတာမျိုး တွေတွေ၊ customer တွေရဲ့ လိုအပ်ချက်တွေကို survey ကောက်ယူတာမျိုးတွေအထူးပဲအဆင်ပြေ ပါလိမ့်မယ်။ မိတ်ဆွေသစ်များနှင့် မိတ်ဆုံစားပွဲတွေကျင်းပတာ၊ပျော်ပွဲရွှင်ပွဲပါတီပွဲများကျင်းပတာမျိုးတွေအထူး ဆောင်ရွက်လို့ ကောင်းပါတယ်။
အလုပ်ရှာခြင်း၊အလုပ်သစ်လျှောက်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ခရီးကိစ္စများဆောင်ရွက်လို့အဆင်ပြေ တတ်ပါတယ်။ဆိုင်းငံ့ထားတဲ့ ကိစ္စအ၀၀တွေကို ပြန်လည်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အခက်အခဲ အကြပ်အတည်း တွေက နေလွတ် မြောက်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းအသစ်များရှိရင် ဒီနေ့မှာမိတ်ဆက်တာ၊ ကြော်ငြာ တာ၊ ဖြန့်ဖြူး ရောင်း ချတာမျိုးတွေ အထူးကောင်းပါတယ်။ ဒီနေ့ဟာ ကြော်ငြာရင်လူသိများနိုင်တဲ့နေ့ရက်ပါပဲ။
အချစ်ရေးကိစ္စများ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ အဆက်အသွယ်ပြတ်နေတဲ့ချစ်သူဆီကနေ အဆက် အ သွယ် တွေပြန်ရလာတတ်ပါတယ်။ ချစ်ရသူတွေကိုလဲ ချစ်စကားတွေထုတ်ဖော်ပြောသင့်တဲ့နေ့ရက်ပါပဲ။
ယနေ့ ခေါင်းဆေး၊ ခေါင်းလျှော်ြခင်းပြုက အသက်ရှည်မည်။ ကျန်းမာမည်။ ကုန်သွယ် စီးပွားရေး ဆောင် ရွက် ရန် မသင့်ပါ။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရပါ။ မင်္ဂလာကိစ္စအလုံးစုံး ရှောင်ကြဉ်ရမည်။ ပြဿနာ ဟောင်း များ ပြန်လည် ဖြေရှင်းနိုင်မည်။ ဉပဒေနှင့် မကင်းသောကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ ယနေ့ အမှုပြ ဿ နာများဖြစ်က အမှုပွား၍ ဖြေရှင်းရန် ခက်ခဲမည်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၃၇)နာရီမှ ညနေ(၁၆:၂၉)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
သတ္တဘိသျှ နက္ခတ်စန်းယှဉ်သော အခါတွင် ဘုရားတည်ခြင်း စေတီပြုပြင်ခြင်း ထီးတော်တင်ခြင်း အနေကဇာတင်ခြင်း အလံထူခြင်း တံခွန်တိုင်ပြုလုပ်ခြင်း မဏ္ဍပ် ဆောက်ခြင်း တန်ဆောင်းဆောက်ခြင်း ကျောင်းဆောက်ခြင်း အိမ်ဆောက် ခြင်း နတ်ကွန်း နတ်စင်တည်ဆောက်ခြင်း အုတ်တံတိုင်းဆောက်ခြင်း ဝင်းခြံကာခြင်း သစ်ပင်စိုက်ပျိုးခြင်း အုတ်မြစ် ချခြင်း တိုင်ထူခြင်း လှေကားထူခြင်း အိမ်တက်ခြင်း မုဒ်ဦးဆောက်ခြင်း ပြဿဒ်ဆောက်ခြင်း ဆိုင်းဘုတ်တင်ခြင်း ကြော် ငြာခြင်း ဦးခေါင်း၌ဝတ်တင်ရသောရတနာမျဝတ်ဆင်ခြင်း ပန်းပန်ခြင်း ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း ကျောက်သွေး ခြင်း ကျောက်သွေးလောင်းခြင်း အသီးများဆွတ်ခူးခြင်း ဘုံပြဿဒ်များပြုပြင်ခြင်း အိမ်အမိုးများပြင်ခြင်းနှင့် အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများလေယဉ်ပျံသန်းခြင်း အာကာသလွှင့်တင်ခြင်းများ ကောင်းသည်
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ကုမ်စန်း၊ သတ္တဘိသျှ နက္ခတ်စန်းယှဉ်မွေးသူ၊ဓနုရာသီဖွား ဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် လူဝင်စားတွေဖြစ်လေ့ရှိ ပါတယ်။ ဒါကြောင့်ပဲဒီဘဝမှာ အခက်အခဲ တွေရှိရင်လဲ ကူညီမဲ့သူပေါများတယ်။လူဘဝနဲ့နီးနဲ့ ဇာတာရှင်ဖြစ်တာမို့ အကင်းပါးတယ်။နားလည်လွယ်ကြပါတယ်။ ငွေကြေးဓနရှာ ဖွေရ လွယ်ကူတတ်ပြီးတော့ အရင်း အနှီး ရလွယ်တဲ့ဖွားဇာ တာများပဲဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အား ကောင်းကြတယ်၊အဆင်ပြေကြ တယ်။ အားနည်းချက်က ဘဝ အတက်အကျများတယ်။ သက်လတ် ပိုင်း မှာ အောင် မြင်လိုက်၊သက်ကြီးပိုင်းမှာ စီးပွားပြန်ကျသွား လိုက်၊နောက်ပြီး ဘဝ နေဝင်ချိန်ဆို ပြန်ကောင်းလိုက် စသည်ဖြင့် ဘဝ အတက် အကျများပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၅၂) နာရီမှ နံနက်(၉:၁၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ တနင်္ဂနွေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ဗုဒ္ဓဟူး၊ရာဟု၊စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာရွှေအိုရောင်၊နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၉/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သရက်ချဉ်သုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695