loading

2.January.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 2.January.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၆)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ပုတ်၊ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၆)လုံးအနေဖြင့် ကျော်ကြားမှုကိုပေးစွမ်းသော တီထိဟု သက်မှတ်ပြီး အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ မြေနှင့်ပတ်သက်သော လုပ်ငန်းများ၊ လူမှုရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်ကြော်ငြာများ၊ ကုန်သွယ်ခြင်း၊ အရောင်းအဝယ်၊ အနုပညာ၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများ စစ်ရေးနှင့်ပတ်သက်သည်များ၊ ကျောက်မျက်ရတနာ၊ အဝတ်အစား ဒီဇိုင်း၊ ဆီနှင့်နှိပ်နယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းနှင့် ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင် ပါသည်။ တီထိ(၆)လုံးရက်တွင် နန်းတက် ဘိသိပ်ခံခြင်း၊ အစိုးရများ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်များ အတွက် သင့်တော်ပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ကိုယ်စားပြုသော နန္ဒာ တီထိဖြစ်သဖြင့် အဝတ်အစား၊ အက၊ အခုန်၊ သီချင်း၊  အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ၊  အလှအပနှင့်  အဝတ်တန်ဆာ ဆင်ယင်ခြင်း လုပ်ငန်းများ၊ ပျော်ရွှင်ခြင်းနှင့်  ပတ်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။

            ယနေ့ အဓိဌာန်ဝင်ခြင်း၊ သိဒ္ဓိတင်ခြင်း၊ ဘုရားထီးတင်၊ စေ့စပ်၊ ဆည်မြောင်း၊ တံတားပြုပြင်ခြင်း၊ ဆိုင်းဘုတ် တင်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ စာတမ်းဖက်ခြင်း၊ ကလေးထမင်းခွံခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ မြေသန့်ခြင်း၊ မင်္ဂလာ ထွန်ချခြင်း၊ ပျိုးကြဲခြင်း၊ သီးနှံရိပ်သိမ်းခြင်း၊ ပညာသင်ယူခြင်း၊ အင်တာဗျူးဖြေဆိုခြင်း၊ အသီးဆွတ်ခူးခြင်းများ အထူး ကောင်း ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာ သောဘဂျယုဂ် ကျရောက်နေသောနေ့ ဖြစ်သောကြောင့် ကံကောင််းခြင်းဟု အဓိပ္ပယ်ရသည်။ ဝဏိဇကရိုဏ်း ကျရောက်သောနေ့ ဖြစ်သောကြောင့် မြတ်သောယောဂ၊ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်း ကိစ္စများ အတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်း အဝယ်ကိစ္စများ အတွက် အသင့်တော်ဆုံး ဖြစ်နေပါသည်။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄း၃၉)နာရီမှ ညနေ(၁၅း၃၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မွန်းလွဲ ၁၂း၄၁မိနစ်အထိက ပြုပ္ဗဖလဂုဏီ နက္ခတ်မို့ စာပေလုပ်ငန်း၊ စာရေးခြင်း၊ အဝီစိတွင်း တူးဖော်ခြင်း၊ ကျောက် မျက်ရတနာတူဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်း၊ရေကန် တူးဖော်ခြင်း၊ ရှင်ပြု၊ ရဟန်းခံခြင်းကောင်းသည်။ ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ပြုပ္ဗဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း ၊ဓနုရာသီဖွား ဖြစ်ပါ သည်။ သင်သည် တစ်ခါတစ်ရံ သင့်ဘဝလမ်းကို အောင်မြင်မှုအတွက် မနားမနေ ကြိုးစားအားထုတ်နေတက်သကဲ့သို့ တစ်ခါတစ်ရံတွင်လည်း ရိုးရှင်းလွယ်ကူစွာ ဘဝဖြတ်သန်းမှုကိုလည်း နှစ်သက်နေတက်ပြန်ပါသည်။ ဒီနေ့ မွေးသူများ ဟာ အများအားဖြင့် စိတ်ခက်ထန်ကြသူတွေဖြစ်တယ်။ မဟုတ်တာလာလုပ်ပါက ငုံ့ခံနေကြ မည်မဟုတ် ပေ။ ဒီလို နေ့မွေးသူတွေဟာ လက် ဝှေ့ သမားများ၊အားကစားသမားများ၊ စစ်လက်နက်ကို ကိုင်တွယ် အသုံးပြု ရသူများ၊ အဆောက်အဦးတည်ဆောက် သူများနှင့် စက်ပိုင်ဆိုင်ရာအင်ဂျင်နီယာများအဖြစ် လက် တွေ့ ဘဝမှာ အများ အပြား မြင်ရ လေ့ရှိပါတယ်။စူးစမ်းတတ် တဲ့အကျင့်လေး ပါတာမို့အရာရာသိလွယ်တတ် လွယ်ကြ ပါတယ်။ အတု ခိုး လွယ်သူ ဖြစ်တာမို့ မိဘတွေကသာ ကလေး ရှေ့ မှာ စရိုက်ကြမ်းကြမ်းတွေထုတ်ပြရင် ကလေးစရိုက် ကြမ်းသွားနိုင်ပါ တယ်။ ဒါ လေးတော့ အထူးသတိထားပါ။ တော်မယ်၊ ထက်မယ်၊ သွက်မယ်၊ ခေါင်းဆောင်စိတ်ရှိမယ်။ လက်မြန် ခြေမြန် စိတ်မြန် ဇာတာအမျိုးအစားပါ။ အကျိုး စီးပွားရှာဖွေရာမှာ ထက်မြက်တဲ့ ဖွားဇာတာအမျိုးအစား မုချဖြစ်ပါတယ်။သင်အမြဲတမ်း ရည်မှန်းချက်ကြီးကြီးမထားသော်လည်း ယေဘူယျအားဖြင့် သင်သည် အလွန်အလုပ်များသောကြောင့် နောက်ဆုံးတွင် အောင်မြင်မှု အသီးအပွင့်များ ဆွတ်ခူးရရှိနိုင်ပါသည်။ ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများအတွက် သင်သည် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦးအနေဖြင့် အလွန်သစ္စာရှိ၊ ဂရုစိုက်မှု၊ အကာအကွယ်ပေးမှုရှိပြီး ရင်းနှီးသောမိတ်ဆွေ များကို အလွန်တန်ဖိုးထားတက်ပါသည်။ သင့်ဘဝသက်တမ်း တစ်လျှောက်တွင် သူတစ်ပါးအတွက် ပေးဆပ်အနစ် နာခံခြင်းကို အမြဲလိုလို ဦးဆောင် လုပ်ကိုင်နေတက်ပါသည်။ သင်သည် မည်မျှပင်အခက်အခဲ ရှိစေ အရာရာကို ဟန်ချက်ညီစွာ ထိန်းချုပ် လုပ်ကိုင်နိုင်သူ တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၅၇) နာရီမှ ညနေ(၄း၂၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာ ထ ချိန်တွင် မြောက်အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ်ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေ ပြည့် ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *