loading

8.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 8.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆုတ်(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ကျော်ကြားမှုကို ပေးစွမ်းသော တီထိဟု သက်မှတ်ပြီး ငြိမ်းချမ်းရေးနှင့် ပတ် သက်သော လုပ်ငန်းများ  အာဟာရ စတင်ကျွေးခြင်း၊ မြေဩဇာကျွေးခြင်း၊ တပည့်သစ် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း ပြုလုပ်နိုင်သော်လည်း ခရီးသွားခြင်း၊ အိမ်သစ်တက်ခြင်းနှင့် ဆီလိမ်းကျံ၍ နှိပ်နယ် ခြင်းများကိုမူ ရှောင်ရှားသင့်ပါသည်။ ကံကောင်းသော သဘောကိုဆောင်သည့် ဘဒြာတီထိ ကျရောက်နေသည်ဖြစ်ရာ မင်္ဂလာဆောင်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည်များ၊ ယာဉ်ကား စသည်တို့နှင့် ခရီးသွားလာခြင်းများ၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများ အတွက်ကောင်းမွန်သော တီထိ ဖြစ်ပါသည်။ တိထီ (၁၂) လုံးသည့် အလုပ်သစ်တစ်ခုစလုပ်ရန် ကောင်းသော တိထီ ဖြစ်၏။ သာသနာ့ အခမ်းအနား ၊ ဓမ္မမီး ထွန်းညှိ ပေးခြင်း နှင့် တာဝန် ထမ်းဆောင်ခြင်း ကတိများ ပြည့်စုံခြင်း၊ အခြားသော ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း တို့အတွက် ကောင်းမွန်သည်။

တနင်္လာနေ့သည် တီထွင်ဖန်တီးနိုင်စွမ်းရှိသောနေ့လည်း ဖြစ်သည်။ မူလစဉ်းစားတွေးခေါ်မှုနှင့်ထိုးထွင်းသိမြင် နိုင် သောအရာများ။ အဝတ်အထည်၊ အသုံးအဆောင် ဆက်စပ်ပစ္စည်းများနှင့်လက်ဝတ်ရတနာများ၊ ၊ လက်ထပ်ထိမ်းမြား ခြင်း၊အလိုလိုသို့သောဆုံးဖြတ်ချက်များနှင့်လုပ်ရပ်များ၊ အပြောင်းအလဲများ ပြုလုပ်ရန်နှင့် မိခင်၊ ရေ၊ နို့နှင့် ပတ်သက် သည့် အရာများကဲ့သို့သော အရာအသစ်များကို ဝယ်ယူရန်အတွက် ကောင်းမွန်သည်။ ယနေ့တွင် တင်းကျပ်ခြင်း သို့မဟုတ် ကြမ်းတမ်းမနေပါနှင့်။ ဆံပင်ညှပ်ခြင်းနှင့် လက်သည်းဆိုးခြင်းကို ရှောင်ကြဉ်ပါ။

            ယနေ့ ဘုရားအနေကဇာတင်၊  ရှင်ပြု၊ နားသ၊ စေ့စပ်၊  လက်ထပ်၊ ကျောက် သွေး၊ ပရဆေးဖေါ်၊ အာမခံ  လုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ယာဉ်ပစ္စည်းနှင့် ဖုန်းပစ္စည်းရောင်းဝယ်ခြင်း၊ ဧည့်ခံပွဲ စတင်ခြင်း၊ ထွန်ချ၊ ပျိုးကြဲ၊ မျိုးစေ့ချ၊ ဉယျာဉ်လုပ်ကိုင်ခြင်း၊ သစ်ပင်စိုက်၊ သစ်သီးဆွတ်ခူးခြင်း၊ စပါးကျီသွင်းခြင်းများ အထူးကောင်းပါတယ်။

ဒီနေ့ဟာ ကဠယုဂ် ကျရောက်နေသောနေ့ ဖြစ်သောကြောင့် အန္တရာယ်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။ ကုသိုလ် ကံ မကောင်းခြင်းကို ဖြစ်စေသည်။ ကောလဝါကရိုဏ် ကျရောက်သောနေ့ဖြစ်သောကြောင့် မင်္ဂလာဆောင်၊ သတို့ သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီမှု (သို့မဟုတ်) ကာလရှည် ကြာတည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေလုပ်ထားသော အရာများအတွက် အထူးကောင်းမွန်နေပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၄း၁၅)နာရီမှ ညနေ(၁၅း၀၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

အနုရာဓနက္ခတ် စန်းယှဉ်သော နေ့ရက်အခါဖြစ်တာမို့ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်/စာပေ၊ စာပုံနိုတ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီးသွားလာခြင်း၊ ထီထိုးခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်းသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ဗြိစ္ဆာစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ သင့်တွင် ခိုင်မာသော ရည်ရွယ်ချက်နှင့် တာဝန်သိစိတ်ရှိသည်။ သင်သည် အပြစ်ရှိသည်ဟု အလွယ်တကူခံစားရပြီး နှစ်ဖက်စလုံးကို မည်သည့်အခြေအနေတွင်မဆို မြင်တွေ့နိုင်သကဲ့သို့ ကောင်းကျိုးနှင့်ဆိုးကျိုးများကို ချိန်ညှိလေ့ ရှိသည်။ နင့်နင့်သီးသီး အစွန်းရောက်ခံစားနာကျင် တတ်သောစိတ်နှလုံးနဲ့အတူ…တုံ့ပြန်တိုက်ခိုက်လိုမှုတွေ ပေါက်ဖွား နေ တတ်သော …ဖွားဇာတာရှင်လို့ ဆိုရမလိုပါပဲ။ ဟိုလူ့အတွက် ကြား၀င်ခံပေးလိုက် …သည်လူ့အတွက် ကြား၀င် တန်ဆာ ခံ လုပ်ပေးလိုက်ရနဲ့….သူတစ်ပါးတွေ ကြားမှာ လည်း မကြာခဏ ..ကြားညှပ်ခံနေရတတ်တဲ့ ကံပိုင်ရှင်ပါ။ ပညာရပ်တွေ ခက်ခက်ခဲခဲ မရမက ..ကျားကုတ်ကျားခဲ သင်ယူရင်း ကြီးပြင်းလာတတ်သူ ဖြစ်ပြီး …မေတ္တာရေးကံ ကလည်း အားနဲ လှသူပါပဲ။သင်သည် အကဲဆတ်ပြီး သဘာဝအတိုင်း အနားယူနေချိန်တွင်၊ သင်သည် သင်၏ဂုဏ်သတင်းနှင့် ပုံရိပ်ကို သိရှိနားလည်ပြီး စိန်ခေါ်မှုအများစုကို သင်တက်လှမ်းနိုင်မည်ဖြစ်သည်။ သင့်တွင် ပြိုင်ဆိုင်မှု ပြင်းထန်ကြောင်း အခြားသူများ မသိနိုင်သလို သင်ကိုယ်တိုင်လည်း အလွန်ပင် ခေါင်းမာနေတက်ပါသည် ။ ပရဟိတ အသင်းအဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေ၊ နိုင်ငံရပ်ခြား အသင်းအဖွဲ့တွေ၊ ပညာရေးအသင်းအဖွဲ့တွေမှာ ပတ်သက်ဆက်နွယ်နေရတတ်သော ကံပိုင်ရှင် ဖြစ်ပြီး…သူရဲ့ အားသာချက်ကတော့ ….သူစိမ်းသူရံစာများရဲ့.. ချစ်ခင် ဝိုင်းဝိုင်းလည်မှုကို ခံရတတ်ခြင်းပါပဲ။ပညာရှင်များ ..ပညာကြွယ်၀သူများ၊ ဓနရှင်များ …ဓနကြွယ်၀သူများရဲ့ …သဘော ထားကြီးစွာ ကူညီပေးခြင်းများကို လွယ်လင့်တစ်ကူ ရတတ်ခြင်းဟာလည်း တနင်္လာမရဏဖွားရဲ့ ….အားသာချက်ပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၀၁) နာရီမှ နံနက်(၉း၃၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာထချိန်တွင် မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *