loading

19.January.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 19.January.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလဆန်း(၉)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၀)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူး ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရ ပါ တယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။တီထိ(၉)လုံးအနေဖြင့် ရန်များသော တီထိဟု သက်မှတ်ထားပြီး အမဲလိုက်ခြင်း၊ အဆိပ်ခပ်ခြင်း၊ ပိုးသတ် ဆေး ဖြန်းခြင်းများ၊ လက်နက်ပြုလုပ်ခြင်း၊ လောင်းကစားခြင်း၊  အရက်သောက်ခြင်း၊ အရက်ချက်ခြင်း၊ ရန်ဖြစ်ခြင်း၊  အတိုက် အခံပြုခြင်းများ ပြုနိုင်သော တီထိဖြစ်ပါတယ်။ မည်သည့်လုပ်ဆောင်မှုတိုင်းတွင်မဆို နတ်နဂါးများအား အရို အသေပေးသင့်ပါသည်။ ယနေ့ ဂါထာ၊ မန္တာန်၊ သိဒ္ဓိတင်ခြင်း၊ ကလေးထမင်းခွံ့၊ နာမည်မှည့်၊ ကင်ပွန်းတပ်၊ ပညာစ၍ သင်ယူခြင်း၊ တရားစီရင်ခြင်း၊ ရတနာသစ်နှင့် အဝတ်အစားသစ်များ ဝတ်ဆင်ခြင်း၊ သံထည်ပစ္စည်းရောင်းဝယ်ခြင်း၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ခြင်း၊ သစ်သီးဆွတ်ခူးခြင်း၊ ဉယျာဉ်ခြံလုပ်ကိုင်ခြင်း၊ လူမှုရေးစကားပြောဆိုခြင်းများ အထူးကောင်းပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆို ရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ဒီနေ့ဟာ သာဓျယုဂ် ကျရောက်နေသောကြောင့် ကောင်းမြတ်သော (သို့) ကုသိုလ်ကောင်းမှုဟု အဓိပ္ပါယ် သက်ရောက် နေပါသည်။ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်နေပါသည်။ ဗလဝကရိုဏ်း ကျရောက်နေ သော နေ့ဖြစ်သောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မဏ၊ မွန်မြတ်သော အကျင့် ဝိဉာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သော အချိန်များနှင့် လုပ်ရပ်များအတွက် အထူးကောင်းမွန်နေပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၃၂)နာရီမှ မွန်းလွဲ(၁၄း၂၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နက္ခတ်အရ ဘရဏီနက္ခတ်က အောက်ငုံ့နက္ခတ်ဖြစ်တာမို့ရေတွင်းရေကန်တူးခြင်း၊ အုတ်မြစ်ကျင်းတူးခြင်း၊ မြေတူး ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓါတ်သတ္တုတူးဖော်ရှာဖွေခြင်း၊ ရွှေတွင်း တူးခြင်း၊ ကလေးထမင်းခွံ့ခြင်း မင်္ဂလာ ပြုရာ၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဘရဏီနက္ခတ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မကာရရာသီဖွား ဖြစ်ပါ သည်။ ဒီနေ့မွေးသူများတွင် ထူးထူးခြားခြား ဟာသဥာဏ်၊ သင့်ကိုယ်ပိုင်ထူးခြားသောပုံစံနှင့် အားကောင်းသည့် ခံစား ချက် များရှိသည်။ အောင်မြင်မှုကို ဦးတည်တဲ့ တိကျတဲ့ပန်းတိုင်တွေကို အာရုံစိုက်နိုင်တဲ့အခါ ဦးတည်တဲ့လမ်း ကြောင်း ကနေ သင့်ကိုသွေဖယ်မသွားနိုင်စေရန် ထိန်းကျောင်းဖို့ ခက်ခဲပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေးအရ အစွမ်းထက်ပြီး ခိုင်မာသော ဩဇာရှိကာ အခြားသူများက သင်၏ ဦးဆောင်မှုကို လိုက်နာကြသည်။ တစ်ခါတလေ အရမ်းခေါင်းမာပါတယ်။ အရမ်း ကြိုးစားတယ်၊ အောင်မြင်ဖို့ဂရုစိုက်တယ်၊ ချစ်ခင်နှစ်သက်တဲ့သူတွေကိုလည်း သနားကြင်နာတတ်တယ်။ သင်သည် လွယ်လွယ် စိတ်မလျှော့တက်ပေမယ့် သူတစ်ပါး ထိခိုက်စေမည့် အကြောင်းအရာများနှင့် ကြုံတွေ့လာရပါက ချက် ချင်းပင် အလျှော့ပေး ဆောင်ရွက်တက်ကြပါသည်။အများအားဖြင့် လူအများရဲ့ အကူအညီတွေရလွယ်ကြပါတယ်။ တစ်ခု အားနည်းချက်က ဆွေမျိုးသားချင်းတွေရဲ့ ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်။ ဒီနေ့မွေး ရင်သွေးများဟာ မိန်း ကလေးဖြစ်မယ်ဆိုရင်တော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရေးကံအားသာချက်ရှိကြတဲ့သူတွေအဖြစ် တွေ့ရပြီး တစ်သက်တာ အိမ်ထောင်ရေးအတွက်ရင်အေးရပါ လိမ့်မယ်။ ကလေးငယ်ဟာနယ်ပယ်သစ် ရှာဖွေဖောက်ထွက် ရာမှာ….သော်လည်းကောင်း၊ စွန့်စားလုပ်ကိုင်ရာမှာ သော်လည်ကောင်း…၊ စနစ်ဟောင်းတွေကို ချိုးဖောက်ပြီး စနစ် သစ်တော်လှန်ပြောင်းလဲ မှု ပြုရာတွင်သော် လည်းကောင်း…အလွန်အင်မတန် စွမ်းအားရှိသော …ဖွားဇာတာရှင် ကလေး ငယ် ပါပဲ။အချိန်တန် အရွယ်ရောက်တာနဲ့ ဆွေမျိုးသွေးသားအသိုက်အဝန်းကို စွန့်ခွာပြီး….မထင်မှတ်ထားတဲ့ အဆင့်တစ်ခုဆီကို ..စွန့်စား ဖောက်ထွက် …အောင်မြင်သွားနိုင်သော ..ဇာတာရှင်လို့လည်း ဆိုနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၂) နာရီမှ မွန်းလွဲ(၁၂း၁၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ငွေရောင် နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာ ထ ချိန်တွင် အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချော မွေ့ ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထန်းလျှက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *