ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလဆန်း(၁၁)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။သ
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံးအနေဖြင့် ထပ်ပြန်တစ်လဲလဲ ရရှိသော ပျော်ရွှင်မှုလို့ သက်မှတ်ရမည့် တီထိရက် ဖြစ်ပါတယ်။ အိမ်ထောင်ပြု၊ မင်္ဂလာအခါ၊ ဘာသာရေးကိစ္စရပ်များ၊ ကဗျာ၊ စာပေ၊ အနုပညာကိစ္စရပ်များ၊ ပညာသင် လက်ခံခြင်း၊ နတ်ပူဇော်ခြင်း၊ ဉပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးသွားခြင်း၊ အိမ်သစ်တက်ခြင်း၊ အအေး စသော စားသောက်ကုန် များကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ကို လုပ်ဆောင်ရန် ကောင်းပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို တာဝန်ယူသော နန္ဒာတီထိဖြစ်ပြီး သောကြာဂြိုဟ် အုပ်စိုးသောကြောင့် အဝတ်အထည်၊ အက အခုန်၊ သီဆိုခြင်း၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ ခြံမြေလုပ်ငန်းများအတွက် ကောင်းမွန်သော တီထိဖြစ် နေပါ သည်။
ယနေ့ နံနက်(၁၁း၅၀)နာရီအတွင်း ရှင်ပြု၊ နားသ၊ စလွယ်တင်၊ စေ့စပ်၊ လက်ထပ်ခြင်းနှင့် ညစက်(၁၁း၂၇) နာရီလွန် ဝိဝါဟမင်္ဂလာ၊ ပန္နက်ရိုက်၊ တွင်းတူး၊ ကျင်းတူး၊ ကျောက်သွေးလောင်း၊ ဆံရိတ်၊ ဆံသ၊ ခွဲစိတ်ကုသမှုခံယူ၊ ဆေးဖော်၊ ဆေးခန်းဖွင့်၊ ပျိုးကြဲ၊ ထွန်ချ၊ သစ်ပင်စိုက်၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ စပါးရိတ်၊ ကျီသွင်း၊ အသီးဆွတ် ခူးခြင်း၊ အိမ်၊ ခြံမြေ ရောင်းဝယ်ခြင်း၊ အချစ်ရေးကိစ္စ စကားပြောဆိုခြင်းများ အထူးကောင်းနေပါတယ်။
ဒီနေ့ဟာ သုက္ကယုဂ် ကျရောက်နေသောကြောင့် တောက်ပခြင်းဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။ ကုသိုလ် ကောင်း မှု တိုင်း အတွက် အထူးကောင်းမွန်နေပါသည်။ ဝဏိဇကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မြတ်သော ယောဂ၊ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေး လုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်နေပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၂၄)နာရီမှ မွန်းလွဲ(၁၄း၁၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရောဟဏီ နက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက် ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဗိမာန်ဆောက်ခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များအတွက် သင့် လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများ နှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ သင်ဟာ အလွန်တရားမျှတတဲ့သူတစ်ယောက်ဖြစ်ပြီး အခြားသူတွေကတော့ ဒီစရိုက်အတွက် သင့်ကို တန်ဖိုးထားကြ ပါတယ်။ သူတို့သည် သင့်အား ရည်မှန်းချက်နှင့် ကျိုးကြောင်းဆီလျော်မှုဟု ယုံကြည်နိုင်သည်ကို သူတို့သိနိုင်ပါသည်။ မင်းက ချစ်စရာကောင်းတယ်၊ ထက်မြက်တယ်၊ စိတ်ဓာတ်ကျတယ်။ ငွေကြေးနှင့် လုံခြုံမှုသည် သင့်အတွက် အရေး ကြီးပြီး “ကောင်းသောဘဝ” နှင့် ဆက်စပ်နေသည့်အရာအားလုံးကို သင်တန်ဖိုးထားသော်လည်း အခြားလူများ ကို နာကျင်စေပါက ဤအရာများကို သင်သည် ချက်ချင်းပင် နောက်ဆုတ်ပေးတက်ပါသည်။ သင်သည် တီထွင် ဆန်း သစ်သော စိတ်ကူးစိတ်သန်းများနှင့် မကြာခဏဆိုသလို အမြတ်အစွန်းများစွာရနိုင်သော စိတ်ကူးသစ်များနှင့် ဖန်တီးမှု အသစ်များကို ရရှိပိုင်ဆိုင်လေ့ရှိသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၃၁) နာရီမှ ညနေ(၅း၅၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မိုးပြာရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာ ထချိန် အနောက်အရပ်သို့ မျက်နှာမူ၍ “ဘဂဝါ” (၉)ကြိမ် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695