ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလပြည့်နေ့ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ လပြည့်တီထိ အနေဖြင့် တည်ငြိမ်၊ အေးချမ်း၊ ပျော်ရွှင်မှုကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး မင်္ဂလာမျိုးစုံ ပြုလုပ်ရန် သင့်တော် သော တီထိဖြစ်ပါသည်။ အာဟာရစတင်ကျွေးခြင်း၊ အပင်များ ဓါတ်မြေဩဇာကျွေးခြင်း၊ ဘုရားကျောင်းသွားခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ပန်းချီ၊ ပန်းပု ထုလုပ်ခြင်း၊ အိမ်၊ စစ်ရေးနှင့်ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင် နိုင်ပြီး လိင်နှင့်ပတ်သက်သော လုပ်ငန်းများဖြစ်သော ဆီလိမ်းကျံ နှိပ်နယ်ခြင်း၊ ပညာသင် တပည့်သစ် လက်ခံခြင်း များများကို မလုပ်ဆောင်သင့်ပါ။ သေဆုံးပြီးခဲ့သော မိဘ၊ ဘိုးဘွားများအား ပူဇော်၊ ကန်တော့ရန် သင့်တော်သောနေ့ ဖြစ်နေပါတယ်။ ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိ ဖြစ်ပြီး ကြာသပတေး စိုးမိုးခြင်းအားဖြင့် အိမ်ထောင်ပြု ခြင်း၊ တပည့်လက်ခံခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက်ခြင်း၊ အစိုးရသစ်များ ကျမ်းသစ္စာကျိန်ဆိုခြင်း စသောလုပ်ငန်းများ ကို ဆောင်ရွက်ရန် သင့်တော်သော တီထိ ဖြစ်ပါသည်။
ယနေ့ စေတီပုထိုး ပြုပြင်ခြင်း၊ ရေတွင်း၊ ရေကန်တူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ အိမ်သစ်ပြောင်း၊ အိမ်သစ်တက်၊ မြေသန့် မင်္ဂလာ၊ ဆံရိတ်၊ ဆံသ၊ အလှပြင်၊ ကုမ္ပဏီထူထောင်ခြင်း၊ ပရဆေးဖော်စပ်ခြင်း၊ ကလေးထမင်းခွံ့၊ နာမည်မှည့်၊ ကင်ပွန်းတပ်၊ ထီထိုး၊ အစုရှယ်ယာဝင်ခြင်း၊ ယာဉ်ပစ္စည်းရောင်းဝယ်ခြင်း၊ လူမှုရေး နှင့် ဘာသာရေးစကား ပြောဆို ခြင်းများ အထူးကောင်း ပါတယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ ဝီသကုမ္ဘယုဂ် ကျရောက်နေသောကြောင့် အဆိပ်အိုးဟု အဓိပ္ပါယ်ရပါသည်။ ကံမကောင်းသော ယောဂဖြစ် သည်။ ကောင်းသောကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် မသင့်လျော်ပါ။ ဗိဌိကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကိုတိုက်ခိုက််ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများ လုပ်ကိုင်ရန် အထူးသင့်လျော်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၀၈)နာရီမှ မွန်းလွဲ(၁၄း၀၀) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး အရောင်းအဝယ် ပြုလုပ်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း ကောင်းသည်။ (မှတ်ချက် သောက်စားမူးယစ်ခြင်းဆင်ခြင်ရပါမည်။) (ပုဏ္ဏဖုသျှနက္ခတ် စန်းယှဉ်သော မနက် ၉း၁၅မိနစ်မတိုင်ခင်အချိန် အခါတွင်ပြုလုပ် ဆောင်ရွက်ရပါမည်)
မနက် ၉နာရီ၁၅မိနစ်နောက်ပိုင်းဖုသျှ နက္ခတ်ဖြစ်သည်။ထိုနက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန် သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီးအားကစား၊ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင် လုပ်သား၊ ဆေးကုသခြင်း၊ပညာ ရေးစတင်ခြင်း၊ ခရီး များစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ အလှဆင်ခြင်း၊ အနုပညာ လက် ရာ များ လေ့ကျင့် ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော် သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် )၊ အထပ်မြင့် အဆောက် အဦး/အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများစသည့် အလုပ် များ ပြုလုပ်ရန်သင့်လျော် သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများသည် စိတ်အားထက်သန်မှုများပြီး ကြီးမားသော ထိုးထွင်းသိမြင်မှုရှိသည်။ အနည်းငယ် လျှို့ဝှက်ဆန်း ကြယ် သော စိတ်ခံစားချက်ရှိသူဖြစ်သည်။ပေါ့ပါးစွာ ပြောင်းလဲပြင်ဆင်၍ သင့်စိတ်ဓာတ်ကို မကြာခဏ လန်းဆန်းရန် အချိန်ပေးသင့်ပါသည်။ နားလည်မှုမပေးနိုင်သူ၊ သင်၏လုပ်ကိုင်ဆောင်ရွက်မှု လမ်းကြောင်းကို ဝင်စွတ်ဖက်သူများ မကြာခဏဆိုသလို ပေါ်ပေါက်လာနိုင်သည်ဖြစ်၍ အထူးသတိထား ရှောင်ကြဉ်သင့်ပါသည်။ သို့သော် သင်သည် အများနှင့် စပ်တူလုပ်ငန်းများ အထူးအောင်မြင်ကြီးပွားတက်ပါသည်။ သင်၏ စိတ်သည် အရာရာ ဒွိဟသဘော သက်ရောက်နေပြီး မတူညီသော လုပ်ငန်းနှစ်ခုကို တစ်ပြိုင်နက်တည်း ဆောင်ရွက် လုပ်ကိုင်နိုင်ပါသည်။ သူတစ်ပါး ထက် စိတ်ဓါတ်သန်မာပြီး အခြားသူများကိုပင် ဆွဲဆောင်စည်းရုံးနိုင်ပါတယ်။ ဉာဏ်ပညာနှင့် ပင်ကိုယ်စွမ်းရည် အညီအမျှ အားကောင်းသဖြင့် သင်သည် အလွန်စိတ်ဝင်စားစရာကောင်းပြီး ဉာဏ်ရည်ထက်မြက်သော သူတစ်ဦးဖြစ် သည်။နေ့မွေးသူများဟာ စိတ်ကူးအကြံအစည်ကောင်းကြပါတယ်။ ပညာဖြင့်အသက်မွေးနိုင်ကြတယ်။အမိဘတွေရဲ့ အထောက်အပံ့ကို အပြည့်အဝရတယ်။ နာမည်ကို ဗုဒ္ဓဟူးနံနဲ့အဆုံးသတ်မှတ်ထားရင်တော့ ဖခင်နဲ့အဆင်မပြေခြင်း၊ ဖခင်အကျိုးမခံစားရခြင်းဆိုတာမျိုးဖြစ်ရတတ်ပါတယ်။ ငွေကြေးကံအားကောင်းကြတယ်။ အိမ်ထောင်ဘက်ကံ ကောင်း ကြပါတယ်။ အိုးအိမ်တိုက်တာ ခြံကားများဖြင့် စည်းစိမ်ခံစားရမဲ့ကံရှိတာကိုတွေ့ရပါတယ်။ တစ်ခုသိထား ရမှာက တွေဝေစိတ်တွေကိုဖျောက်ထားဖို့လိုပါတယ်။ အပျော်အပါးကိုလိုက်စားတာမျိုးရှောင်ပါ။ အစလုပ်မိပါက မကောင်းတဲ့ကိစ္စတွေကို ဖျောက်ဖျက်ရခက်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၃) နာရီမှ ညနေ(၃း၀၈)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာထချိန်တွင် အရှေ့အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695