ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလဆုတ်(၂)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၂)လုံး အနေဖြင့် မင်္ဂလာ ကျက်သရေရှိသော တီထိရက်ဖြစ်ကာ ဘုရားဆင်းတု စသော မိမိကိုးကွယ်သည့် ဆင်းတု၊ ရုပ်တုတော်များ၊ ပုံတော်၊ ကားချပ်များ တပ်ဆင် နေရာချနိုင်ခြင်း၊ အင်္ဂလာအခမ်းအနား၊ အလှအပပြုပြင်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ မင်းအစိုးရ၊ အုပ်ချုပ်သူတို့နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ ဘဏ္ဏာရေးလုပ်ငန်း၊ စစ်တပ်နှင့် ပတ်သက်သောလုပ်ငန်းများ၊ ခရီးသွားလာခြင်း၊ တီးမှုတ် ကခုန်ခြင်း၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများနှင့် အိမ်ထောင်ပြု မင်္ဂလာတို့အတွက် ကောင်းသော တီထိကာလ ဖြစ်သည်။ အသစ်ဖန်တီးခြင်း၊ မင်္ဂလာကျက်သရေ နှင့် ဆိုင်သော လုပ်ငန်းအမျိုးမျိုး လုပ်ဆောင်နိုင်သော တီထိရက်ဖြစ်ပြီး ကံကောင်းခြင်း၊ ကံကောင်းခြင်းသဘောဆောင်သည့် ဘဒြ တီထိဖြစ်သောကြောင့် မင်္ဂလာဆောင်၊ အိမ်ထောင်ပြု၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည့် အလုပ်များ၊ ယာဉ်ကား စသည်တို့ဖြင့် ခရီးသွားခြင်း၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများအတွက် ကောင်းမွန်သော တီထိရက် ဖြစ်ပါသည်။
ယနေ့ အဓိဌာန်ဝင်ခြင်း၊ ရှင်ပြု၊ နားသ၊ ဆံရိတ်၊ ဆံသ၊ စေ့စပ်၊ လက်ထပ်၊ အလှပြင်၊ ကလေးထမင်းခွံ့၊ နာမည်မှည့်၊ အနုပညာဂီတတီထွင်ခြင်း၊ ထီထိုး၊ အင်တာဗျူး ဖြေခြင်း၊ ကျန်းမာရေး ကုသမှုခံယူခြင်း၊ ငွေကြေးချေးငှားခြင်း၊ ရတနာအသစ် ဝတ်ဆင်ခြင်း၊ အချစ်ရေးကိစ္စ စကားပြောဆိုခြင်းများ အထူးကောင်းနေပါတယ်။
ဒီနေ့ဟာ အာယုသ္မာန်ယုဂ် ကျရောက်နေသောကြောင့် အသက်ရှည်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ကောင်းသော ကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။ တေထိလကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့် ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းမွန်နေပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၀၀)နာရီမှ မွန်းလွဲ(၁၃း၅၂)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ် ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်း အကျိုး သွားများ ရရှိနိုင်ပါတယ်။
ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ ကလေးထမင်းခွန့်ခြင်း၊ မင်္ဂလာပြုရသည်။ (အဿလိကနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ အဿလိကနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း နေ့စက်(၁း၄၅)နာရီလွန် စန်းသိဟ် ရာသီသို့ ပြောင်းသည်။ မကာရရာသီဖွားဖြစ်ပါသည်။ သင့်တွင် တီထွင်ဖန်တီးမှု၊ ခွဲခြမ်းစိတ်ဖြာသော စိတ်နှင့် အခြားသူများ၏ မတူညီမှုများကို ကျယ်ပြန့်စွာ သည်းခံနိုင်စွမ်းရှိသည်။ အသက်မွေးဝမ်းကြောင်းပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သင်ကြားရေး တွင် ထူးချွန်နိုင်ပြီး အခြားသူများက သင့်အား အလွယ်တကူလေးစားကာ သင်၏ဦးဆောင်မှုကို လိုက်နာနိုင်သောကြောင့် ဖြစ်သည်။ ဒါ့အပြင် သင်ဟာ လူတွေကို အားပေးပြီး လှုံ့ဆော်ပေးတဲ့နေရာမှာ ကောင်းပါတယ်။ဒီနေ့ မွေး သူများ ဟာ အခက်အခဲတွေ ကိုကောင်းစွာကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ငွေကြေးနဲ့ပတ် သက် သော အကူ အညီ တွေရလွယ် ကြတယ်။ လူချစ်လူခင်များတယ်။ မြင်တာနဲ့ တစ်ဖက်သားက အားကိုးချင်တဲ့ရုပ် လက္ခဏာ မျိုးကိုပိုင် ဆိုင်ကြသူတွေဖြစ်ပါတယ်။ နိုင်ငံခြားဘာသာတွေကို တစ်မျိုးထက်မက တက်မြောက်လွယ် ကြ သူတွေ ဖြစ် ပြီးတော့ နိုင် ငံခြားနဲ့ဆက်စပ်လုပ်ငန်းများ၊ ဂိုက်လုပ်ပေးသူများ၊စကားပြန်များ၊ international ကျောင်း တွေမှာ ပြန် သင်ပြ ပေးနိုင်ကြ သူများ၊ခရီးသွားလုပ်ငန်း လုပ်ကိုင်ကြသူများအဖြစ်တွေ့ရပါတယ်။ အရွယ်သုံးပါးမှာ ဒုတိယအရွယ် တစ်ဝက် လောက် ကနေ ဘဝနေဝင်ချိန်ထိကံကောင်း ခြင်းတွေကိုခံစားရသူများဖြစ်ပါတယ်။ သင်ဟာ အထူးယုံကြည်ထိုက်သူ ပါ။ သင်သည် အများစုထက် သင်၏ ကိုယ်ပိုင်လွတ် လပ်ခွင့်ကို ပိုတန်ဖိုးထားပြီး ကန့်သတ်ချက်များကို အလွယ်တကူ လက်မခံပါ။ မိမိရဲ့ တွေးခေါ်မှုဟာ တိုးတက်ပြီး ခေတ်မီသူတစ်ဦး ဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၈) နာရီမှ နံနက်(၁၀း၅၃)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာထချိန်တွင် “ဝိဇ္ဇာစရဏ သမ္ဗန္နော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စတော်ဘယ်ရီသီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695