loading

28.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 28.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလဆုတ်(၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၅)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေး ပါ။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ဖြစ်သည်၊ အောင်မြင်ခြင်းကို ပေးစွမ်းသော ဇေယျာတီထိ အမျိုးအစားဖြစ်၍ လက်နက်ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တပ်သားစုဆောင်းခြင်း၊ တနည်းအားဖြင့်ဆိုသော မိမိနှင့် မိမိအဖွဲ့အစည်း၏စွမ်းရည် အင်အားထက်မြက် ကြီးမားစေရန် လုပ်ဆောင်သည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ဆောင် နိုင်သည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အလံတိုင်၊ အသင်းနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်သည်။

            ယနေ့ ဘုရားတည်၊ ပဉ္ဇင်းခံ၊ သိက္ခာထပ်၊ ရှင်ပြု၊ စေ့စပ်၊ လက်ထပ်၊ အလှပြင်၊ ကလေးထမင်းခွံ့၊ ကင်ပွန်းတပ်၊ အမည်ပေး၊ အားကစားပွဲ စတင်ခြင်း၊ ပါတီဧည့်ခံပွဲများ ကျင်းပခြင်း၊ လှေကားထောင်၊ ငွေကြေး ချေးငှားခြင်း၊ ရတနာ နှင့် အဝတ်အထည်သစ် ဝတ်ဆင်ခြင်း၊ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ထွန်ချ၊ ပျိုးကြဲ၊ မျိုးစေ့ချ၊ သစ်ပင်စိုက်၊ စပါးကျီသွင်းခြင်း၊ သစ်သီးဆွတ်ခူးခြင်း၊ ရေကြောင်းခရီးသွားလာခြင်း၊ မေတ္တာရေးကိစ္စ ပြော ဆိုခြင်း များ အထူး ကောင်းပါ တယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ သောဘဂျယုဂ် ကျရောက်နေသောကြောင့် ကံကောင်းခြင်းဟု အဓိပ္ပါယ်ရပါသည်။ ကောင်းသောကိစ္စရပ်များ အတွက် လည်း အထူးကောင်းမွန်ပါသည်။ ဝဏိဇကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မြတ်သောယောဂ၊ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေး လုပ်ငန်း ဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး၊ အရောင်းအဝယ်ကိစ္စများအတွက် အကောင်းဆုံး ဖြစ် နေပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂း၅၇)နာရီမှ မွန်းလွဲ(၁၃း၄၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဆည်မြောင်းတူးးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော် ခြင်း၊ ရေနံတူးခြင်း၊ ဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ အားကစားလုပ်ငန်းများ၊ ဂီသအနုပညာပြုလုပ် ခြင်းများ၊ အဆိုအက လုပ်ငန်း ကောင်းသည်။ (မာဃနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ သင်သည် အလွန်စိတ်ကူးယဉ်ဆန်ပြီး ပြီးပြည့်စုံသူဖြစ်သည်။ သင့်တွင် အလွန်ကောင်းမွန်သော ဗီဇရှိပြီး ယေဘူယျ အားဖြင့် လူတစ်ဦး သို့မဟုတ် အခြေအနေတစ်ခုကို လျင်မြန်တိကျစွာ အဆင့်မြှင့်တင်နိုင်သည်။ ယေဘုယျအားဖြင့် နူးညံ့သိမ်မွေ့ပြီး ထောက်ထားစာနာတတ်သော်လည်း၊ သင့်တွင် လွှမ်းမိုးနိုင်မှု သို့မဟုတ် စည်းရုံးသိမ်းသွင်းနိုင်မှု ဘက် တွင်ရှိပြီး သင်သည် အလွန်ခေါင်းမာနိုင်သည်။ သင်လိုအပ်သည့်အခါတွင်လည်း အလွန်စိတ်ရှည်ပြီး ဗျူဟာမြောက် သော်လည်း နာမည်ပေးမှားသူများအတွက် စိတ်ရှည်မှုအနည်းငယ်သာရှိသည်။ သင်ဟာ လိမ္မာပါးနပ်ပြီး ဆွဲဆောင် မှုရှိ တဲ့၊ ပြဇာတ်အတွက် အသွင်အပြင်တစ်ခုပါ။ ဒီနေ့မွေးသူများဟာစိတ်ကူးကောင်းကြသူတွေဖြစ်ပါတယ်။ အတွေးအခေါ် ရှိ ပါတယ်။နာမည်ပေးမှားရင်တော့ အကောင်း တွေလျော့သွားနိုင်တာကိုတော့မေ့ထားလို့မရပါဘူး။

နာမည်ပေးပါ မှန်ကန်ရင် အင်မတန် အောင်မြင်ထင်ရှားပြီး လူလေးစားခံရသော ပညာရှင်ဘ၀ ဖြင့် ရှင်သန်ခွင့်ရတတ် သည့် ဖွားဇာတာအမျိုးအစားလည်း ဖြစ်ပါတယ်။ဖြန့်ဖြူးရေး လုပ်ငန်းအားလုံးနဲ့ သော်လည်းကောင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများနဲ့သော်လည်းကောင်း အံဝင်ခွင်ကျ အကျိုးပေး တတ်သူလည်း ဖြစ်ပါတယ်။….ဝေးမြေရပ်ခြားမှာ ချစ်ခင် သူတွေ နဲ့ ဆုံဆည်းရ တတ်တဲ့ကံလည်း ရှိတတ်ပါတယ်။ ကိုယ်တစ်ကယ်ချစ်ရမယ့် ရင်းနှီးသူအချို့နဲ့ မုန်းတီးရတတ် ပြီး….သူစိမ်း တစ်ချို့နဲ့ တော့ သံယောဇဉ်တွယ်စရာ ဖြစ်ရ တတ်သော ထူးဆန်းသည့် မေတ္တာရေးကံ ရှိတတ်သူပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၃၄) နာရီမှ ညနေ(၅း၅၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊  ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာ ထချိန် အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ ပါလိမ့် မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လက်ဖက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *