loading

29.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 29.January .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလဆုတ်(၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇန်နဝါရီလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၅)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်

ဒီနေ့ဟာ ရက်ကန်း၊  ရက်ပုပ်၊  သမားညို၊ ရှမ်းရက်၊ မဟာရက်ကြမ်း၊ ဝါရမိတ္တုကြီးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ်သို့ ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၄)လုံးအနေဖြင့် ရက်စက်ကြမ်းကြုတ်သော တီထိဟု သတ်မှတ်ပြီး လူသက်၊ လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ ဗြောက်အိုး စသည့်လုပ်ငန်းများ ရန်သူအား သုတ်သင်ခြင်း သေဒဏ်ချခြင်း၊ အနိဌလုပ်ငန်းများ ရန်သူ စခန်း သိမ်းပိုက်ဖမ်းဆီးခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသက်ဆေး စသည်ဖြင့် သုံးစွဲခြင်း၊ မီးပေါက်ခြင်း၊ လျှပ်စစ်နှင့် ပတ် သက် သော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ကောင်းမွန်ပါသည်။ ဆင်းရဲခြင်း၊ ဗလာနတ္ထိဖြစ်ခြင်းကို ခေါင်း ဆောင် သည့် ရိတ္တာ တီထိဖြစ်ပြီး စနေအုပ်စိုးသော တီထိဖြစ်သဖြင့် လုပ်ငန်းတို့ကို လုပ်ဆောင်နိုင်သော်လည်း မည် သည့် အရပ်မျက်နှာကိုမှ ခရီးသွားလာခြင်းမျိုး အကြံမပြုပါ။

            ယနေ့ ဘုရားအနေကဇာတင်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ ခရီးသွားလာခြင်း၊ စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်း၊ သီးနှံ ဆေးဖြန်းခြင်း၊ ရတနာ စူးစမ်းရှာဖွေခြင်း၊ ရေနံနှင့် သတ္တုတူးဖေါ်ခြင်း၊ ရေကြောင်းခရီးသွားလာခြင်း၊ ပျိုးကြဲ၊ ထွန်ချ၊ မျိုးစေ့ချ၊ စပါးရိတ်သိမ်းခြင်း၊ ကုန်ပစ္စည်းများ သိုလှောင်ခြင်း၊ ဘာသာရေး နှင့် လူမှုရေး ပြောဆိုခြင်းများ အထူးကောင်းပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါး သူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊ တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင် ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင် အပ်ပါတယ်။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ သောဘဏယုဂ် ကျရောက်နေသောကြောင့် ခမ်းနားကြီးကျယ်ခြင်းဟု အဓိပ္ပါယ် သက်ရောက်နေပါသည်။ ကောင်း သော ကိစ္စများပြုလုပ်ရန် အထူးကောင်းနေပါသည်။ ဗိဌိကရိုဏ်း ကျရောက်နေသောနေ့ ဖြစ််သောကြောင့် ပျက်စီးခြင်း၊ ဖျက်ဆီးခြင််း၊ ပရိယာယ်အားဖြင့် ရန်သူကိုတိုက်ခိုက််ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများ လုပ်ကိုင်ရန် အထူးသင့် တော်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂း၅၃)နာရီမှ မွန်းလွဲ(၁၃း၄၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့ အတိတ် ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာ ခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြုဗ္ဗဖလဂုဏီ နက္ခတ် ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူ တဲ့နက္ခတ် ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။ ထိုအချိန်ကျော်လွန်ပါကဥတြဘရ ဂုဏီနက္ခတ်ဖြစ်တာမို့ဒီနက္ခတ် သည်အထက်မျှော်နက္ခတ်ဖြစ်ပြီးဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ ကျောက် ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ကြော်ငြာ လုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ပန်းချီပန်းပုလုပ်ငန်း လုပ်ခြင်း၊အိမ်တက် မင်္ဂလာ လုပ်ခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ၀င်းခြံ ကာခြင်းများကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ပြုပ္ဗာဖလဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူတွေက အရမ်းသဘောကျစရာကောင်းပြီး တော်တော် ထက်မြက်တယ်။ သင်သည် ကောင်းမွန်သော စကားစစ် ထိုးပွဲ၊ ဖော်ရွေသော စိန်ခေါ်မှုကိုနှစ်သက်တာမျိုးရှိနေပါသည်။ ဘဝတစ်လျှောက်လုံး နုပျိုတဲ့ ရုပ်ရည် ရှိတယ်။ မိမိကို သူများ တွေချစ်ရတဲ့အချက်က နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်တဲ့ အရည်အချင်းကြောင့်ဖြစ်ပါတယ်။ အလွန်အမင်းတရား မျှတပြီး သင့်ရဲ့စိတ်ကောင်း စေတနာဖြင့်  ဆောင်ရွက်လုပ်ကိုင်မှုများကို ကို အမြဲလုပ်ဆောင်နေပါ လိမ့် မယ်။ဒီနေ့မွေး သူများဟာ အခက်အခဲတွေဘယ်လိုများများ ရင်ဆိုင်နိုင်ကြသူတွေရှိပါတယ်။ ကူညီကြသူတွေ ဖြစ်ပါ တယ်။ မိမိအဆင်မပြေရင် လဲ ကူညီမဲ့သူတွေပေါများတတ်ပါ တယ်။ ငွေကြေးကံကောင်းပြီးတော့ ထီဆုကြီးတွေ ပေါက်တတ်ပါတယ်။ အမွေအနှစ်ရ တတ်ပါ တယ်။ ကျန်းမာရေးအား ကောင်းပေမဲ့ ငယ်ရွယ်စဉ်တွေမှာ ခြူခြာတတ် ပါတယ်။ အလုပ်တွေကောင်းပေမဲ့ ဘဝတိုး တတ် ဖို့အတွက် အားထည့် လုပ်ကိုင်ရတတ်ပါတယ်။အသက် ၂၄ကနေ အသက် ၄၀အတွင်း အလုပ်ကံ၊ငွေကံအထူး ကောင်း ကြတာမျိုးကြုံရတတ် ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၀၃) နာရီမှ နံနက်(၉း၂၈)နာရီအတွင်း ကျရောက်နေ ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊  သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊  ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နံ့သာရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ရာ ထချိန်တွင် မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာ သမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချော မွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထိုးမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝ ကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *