ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပြာသိုလဆုတ်(၈)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ ရသေ့ကျော်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် အေးချမ်းသော တီထိဟုသက်မှတ်ပြီး အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ကခုန်၊ တီးမှုတ်၊ သီဆိုခြင်း၊ ခရီးသွားလာခြင်း၊ အိမ်သစ်တက်ခြင်း၊ စစ်ထွက်ခြင်း၊ ဆင်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ကျောက် မျက်ရတနာတို့နှင့် ဝတ်စားဆင်ယင်မှု လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အလှတန်ဆာဆင်ခြင်းများ ပြုလုပ် ရန် ရက်ကောင်းဖြစ်သည်။ ကံကောင်းခြင်းကို ဖေါ်ဆောင်သော ဘဒြာတီထိ အမျိုးအစားဖြစ်သဖြင့် အလှအပ အဆင်တန်ဆာများ၊ အဝတ်တန်ဆာများ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ ယာဉ်ရထား စီးနင်း၍ ခရီးသွားခြင်း၊ ယာဉ်ရထားနှင့် ပတ်သက်သော လုပ်ဆောင်ခြင်းများ၊ လမ်းဖေါက်ခြင်းနှင့် ဆီလိမ်းကျံ နှိပ်နယ်ပေးခြင်းများနှင့် သင့်တော်သည်။ ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အလွန်မင်္ဂလာရှိ၍ ကုသိုလ်ကောင်းမှုများ ပြုရန် အထူးသင့်တော်ပါသည်။ တီထိ(၇)လုံးတွင် အိမ်ထောင်ပြုခြင်း၊ ပညာသင်ခြင်း၊ ဉပုဒ်ထွက်ခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း၊ ခရီးသွားခြင်းနှင့် သစ်ပင်စိုက်ခြင်းများ ရှောင်ကြဉ်သင့်သည်။
ဒီနေ့ဟာ သူလယုဂ်ကျရောက်နေသောနေ့ ဖြစ်သောကြောင့် လှံ ဟု အဓိပ္ပါယ်သက်ရောက်နေပါသည်။ ကောင်းသော ကိစ္စ ရပ်များ ပြုလုပ်ဆောင်ရွက်ရန် သင့်လျော်မှုမရှိပါ။ ဗဗကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုပါသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ချခြင်းကဲ့သို့ သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂း၃၇)နာရီမှ မွန်းလွဲ(၁၃း၂၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်/စာပေ၊ စာပုံနိုတ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း၊ မေတ္တရေးစကားပြောဆိုခြင်း၊ အလှပြုပြင်ခြင်း၊ လက်ဝတ်ရ တနာ ဆင်ခြင်း၊ ပန္နက်ရိုက်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချီရေး ကောင်းသည်။ (သွာတိနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးငယ်များ၏ အသက်မွေးဝမ်းကြောင်းမှန်ကန်မှုနှင့် မိသားစုထောက်ပံ့အားသည် သူ့အတွက် ထပ်တူ ထပ်မျှ အရေးကြီးသည်။ဤအရာနှစ်ခုစလုံးက သင့်ကို အောင်မြင်မှုရရှိစေရန် တွန်းအားပေးနေသည်။ သင်ဟာ စိတ်ပိုင်း ဖြတ်မှုနဲ့ စိတ်အားထက်သန်မှု ရှိပြီး သင့်အတွက် ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်တဲ့ ပင်ကိုယ်စွမ်းရည်ရှိတဲ့ တကယ့်အောင်မြင်သူပါ။ သံတမန်ဆန်လွန်းသူဖြစ်၍ ငြိမ်းချမ်းစွာ ဘဝကို ဖြတ်သန်းလျက် ပျော်ရွှင်နှစ်သက် နေသူ တစ်ဦးဖြစ်ပြီး သင့်ပတ်ဝန်းကျင်နှင့် မိသားစုအတွက် သဟဇာတဖြစ်အောင် ကြိုးစားလျှက် အောင်မြင်မှု အသီးအပွင့် များကို ရရှိခံစားနိုင်ပါလိမ့်မည်။ ဒီနေ့မွေးသူများဟာအတွေးအခေါ်သစ်ဆန်းတာကိုတွေ့ရတယ်။ ခေတ်ဘယ်လောက် ပြောင်း ပြောင်းငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုအသုံးချရမယ်..ငွေကိုဘယ်လိုပွားအောင်လုပ်ရမယ်ဆိုတဲ့ အတွေး အခေါ် ရှိ ကြ သူတွေဖြစ်ပါတယ်။ မိသားစုနဲ့ ကွဲထွက်နေတဲ့ဓလေ့စရိုက်ရှိသူဖြစ်ပါတယ်။ အများနဲ့မတူ..လမ်းအို မလိုက်ဘဲ ဖြတ်လမ်း နည်းကိုရှာတွေ့ပြီး အသက် ၂၈မတိုင်ခင်ကတည်းက အောင်မြင်မှုကိုထိတွေ့ခံစားရနိုင် ကြသူ တွေ ဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၄) နာရီမှ မွန်းလွဲ(၁၂း၁၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ ၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန် အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “အရဟံ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးယို ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695