loading

14.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 14.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆန်း(၅)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၄)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာ များ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အေးချမ်း မှု၊ပျော်ရွှင်မှုတွေကိုပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ရန်ပြဿနာများဖြေရှင်းရန် ရက် ကောင်းပါ တယ်။ ရပိုင်ခွင့်များလဲပြန်လည်တောင်းခံ နိုင်ပါလိမ့်မယ်။ငွေကြေးအမြောက်အများ ရင်းနှီးမြုပ်နှံမယ်ဆို ရင်သတိထား ဆောင် ရွက်ပါ။

ဒီနေ့မှာကတိပျက်တဲ့သူတွေနဲ့အထူးကြုံရတတ်ပါတယ်။ ဒါကြောင့် မည်သည့်ကိုမှအလုံးစုံစိတ်ချယုံကြည်ထားခြင်း မျိုး မလုပ်သင့်ပါဘူး။ ကြာသပတေးဂြိုဟ်စိုးမိုးနေတဲ့နေ့ရက်ဖြစ်တာကြောင့်  နိုင်ငံတကာကိုပညာရေးအတွက် လျှောက် ထားခြင်း၊ စတင် ဆောင်ရွက်တာမျိုးတွေအထူးကောင်းပါတယ်။မည်သည့်ခရီးမဆို သွားလို့အလွန် ကောင်းတဲ့ နေ့ရက် ပါ ပဲ။ အလုပ်ကိစ္စနဲ့ပက်သက်သောခရီးများသွားနိုင်သလို မိမိရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲ ခရီးသွားလို့အလွန်ကောင်းပါတယ်။အလွန်ပဲအဆင်ပြေ တတ်ပါတယ်။

အဗြဟ္မာစရိယသီလကို ဆောက်တည်ခြင်းဖြင့် ကံကောင်းခြင်းတွေကိုရရှိတတ်ပါတယ်။ ဒီလိုနေ့ရက်ဟာဘုရား နေက ဇာတင် လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ အရောင်းထိုင်းနေတဲ့ပစ္စည်း၊မူလလက်ဟောင်းပစ္စည်းများအရောင်း သွက်ပါ လိမ့် မယ်။ အလှကုန်ပစ္စည်းများစတင်၍ဈေးကွက် ထဲကိုဖြန့်ချီခြင်းတွေဆောင်ရွက်လို့ကောင်းပါတယ်။

            အထည်ချုပ်လုပ်ငန်းတွေ၊ စက်ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ရွှေနှင့်ရတနာပစ္စည်းရောင်းချခြင်း လုပ်ငန်း တွေ အဆင်ပြေတိုးတတ်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ခံစားချက်နှင့်လုပ်ရသော အတွေးအခေါ်ဦးစားပေးလုပ်ရ သောအလုပ်များပိုမိုအဆင်ပြေတတ်ပါတယ်။ဒီနေ့ဟာ သမားဖြူ၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ သုဘယုဂ် ကျရောက်နေပြီး မင်္ဂလာရှိခြင်းဟု အဓိပ္ပါယ်ကိုဆောင်သောကြောင့် ကောင်းသောကိစ္စရပ်များ အားလုံး အတွက် အထူးကောင်းမွန်နေပါသည်။ ဗလဝကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် ကုသိုလ် ကောင်း မှု၊ ဝိဉာဏ၊ ဗြဟ္မဏ၊ မွန်မြတ်သော အကျင့် ဝိဉာဉ်ရေးရာ လွန်ကဲပြီး၊ ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ် များ အတွက် အထူးကောင်းမွန် နေပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၅၀)နာရီမှ မွန်းလွဲ(၁၂း၄၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ် ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။စစ်လက်နက်ဝယ်ယူခြင်းများ၊ စစ်ရေးလေ့ ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြု လုပ်နိုင်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စီးပွားရေးမှာထိပ်ဆုံးရောက်အောင်မြင် နိုင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးချောင်လည်ကြလိမ့် မယ်။ အလုပ်အောင်မြင်ပြီဆိုရင်လဲ တစ်ခုထက်မကသော စီးပွားပေါင်းများစွာ၊အလုပ်ပေါင်းများ စွာ၊ဆိုင်ခွဲပေါင်း များစွာနဲ့ အောင်မြင်တတ်ကြပါတယ်။ အားနည်းချက်ဆိုလို့ အိမ် ထောင်ရေးကံအားနည်းခြင်းဆို တဲ့အချက်သာတွေ့ရ ပါတယ်။ ပညာရေးမှာလဲ အားနည်းချက်ဆိုလို့ အိမ်နဲ့နီးတဲ့ ကျောင်းတွေထက် အိမ်နဲ့ဝေးတဲ့ကျောင်းတွေတက် ရောက်သင်ကြားရတာမျိုး၊ နိုင်ငံခြားသို့သွားရောက်ပညာသင်ကြား ရတာမျိုးတွေကြုံဆုံရတတ်ပါတယ်။အသက် ၂၈ ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံးဘဝကို ရရှိနိုင်ကြတဲ့ ရင်သွေးငယ်များပဲဖြစ်ကြပါလိမ့်မယ်။ မိန်းကလေး ရင်သွေးငယ်ဖြစ်တယ်ဆိုရင်တော့ ကလေးငယ်ကို အိမ်ထောင်ပြုတဲ့ ကိစ္စတွေမှာ မိဘတွေအနေနဲ့ ထိန်းကွပ်ပေး နိုင်ဖို့အထူးလိုအပ်ပါတယ်။ ဒီနေ့မွေးရင်သွေးငယ်များသည် အသက်အရွယ်မရွေး ငယ်ရွယ်နုပျိုပြီး စိတ်အားထက်သန် ပြီး အပျော်သဘော ဆောင်တတ်သော်လည်း အလုပ်ကြိုးစားမှုတွင် သူများထက်ပို၍ အားစိုက်၊ အင်စိုက် ကြိုးစားတတ် သူဖြစ်ပါသည်။ စိတ်ကူး၊ စိတ်သန်း ထူးခြား ထက်မြက်မှုများကြောင့် ငယ်ရွယ်စဉ်အချိန်မှာ ကတည်းကထင်ပေါ်‌ ကျော်ကြားကြပါတယ်။ ယနေ့မွေးဖွားသူများသည် ငွေကြေးစီးပွား အမြောက်အမြားကို ရှာဖွေစုဆောင်းနိုင််ရုံမက ထူးခြားသော ထုတ် ကုန်များနှင့် ဝန်ဆောင်မှုများအတွက်ပါ အကန့်အသတ် မရှိသော စိတ်ကူးစိတ်သန်းများရှိသည့် သဘာဝမှ မွေးဖွား လာသော စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သည်။ သမိုင်းဖြစ်စဉ်များကို စိတ်ဝင်စားမှု အထူးရှိနိုင်ပါ တယ်။ အရာရာကို အထူးလေးစား၍ စိုးရိမ်တကြီးရှိမှုများကြောင့် လုပ်ငန်းဆောင်ရွက်မှုများ အားလုံးကို ပိုမို ကောင်း မွန်တိုးတက်စေနိုင်ပါသည်။ သို့သော် သင်လုပ်ဆောင်ရမည့်အရာမှာ အတွေးသစ်၊ အမြင်သစ်များ ထားရှိခြင်းသည် အဆိုးမြင်ခြင်း သို့မဟုတ် ကြောက်ရွံ့မှုတို့ကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၂၀) နာရီမှ မွန်းလွဲ(၁း၄၇)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ငွေရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ချိန် အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အနုတ္တရော ပုရိဿ ဓမ္မသာရထိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပေါင်မုန့်ကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *