loading

16.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 16.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆန်း(၇)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် နှင့် တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့် ပါသည်။

ဒီနေ့ဟာ ရက်ပုတ်၊  ရှမ်းရက်၊ သမားဖြူ၊ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာခြင်းတွေကိုပေးတဲ့  ဘဒြာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ဒီနေ့ဟာအကြီးအကဲများ ထက် ဝင်ထွက်သွားလာရန် အထူးကောင်း ပါတယ်။ညရး၃၀ကနေ ၉း၀၀အတွင်း ပြဿနာအခက်အခဲတွေရှိပါလိမ့်မယ်။ ငွေ ကြေး လက်ပြောင်းလက်လွဲကိစ္စ မှန်သမျှသတိနှင့်ဆောင်ရွက်သွားသင့်တဲ့ နေ့ရက်ပါပဲ။

အိုးအိမ်နေရာထိုင်ခင်းနှင့်ပတ်သက်သောကိစ္စများ၊ မင်းအစိုးရဌာနဆိုင်ရာနှင့်ပတ်သက်သောအလုပ်များ အထူးပဲ ကောာင်းပါ တယ်။ ဘဏ္ဍာရေးနဲ့ပတ်သက်သောကိစ္စများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။အလှပြင်ခြင်းများ၊ အဝတ်အထည်သစ်ဝတ် ဆင် ခြင်းများစတင်လို့အထူးကောင်းပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊စီးပွားရေး နယ်ပယ် မှာ ပဲဖြစ်ဖြစ် အသစ်တစ်ခုလုပ်ကြည့်တာ ၊လမ်းသစ်ထွင်ကြည့်တာ မျိုးတွေ စမ်းသပ်လုပ်သင့်တဲ့နေ့ရက်ပါပဲ။

ဒီလိုနေ့မျိုးမှာ လုပ်ငန်းသစ်တစ်ခုစတင်ခြင်း၊ ရေရှည်စီမံကိန်းတွေအတွက်စတင်ဆောင်ရွက်ခြင်း၊ ပန်းတိုင်တစ်ခု အတွက်ပထမ ခြေလှမ်းတစ်လှမ်းစလှမ်းတာမျိုးတွေ လုပ်သင့်တဲ့နေ့ရက်ပါပဲ။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွား ရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါ တယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်း ခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လည်(၁၁း၄၂)နာရီမှ မွန်းလွဲ(၁၂း၃၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ် ကံ အလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်း အကျိုးသွားများ ရရှိနိုင်ပါတယ်။

နက္ခတ်အရ ဘရဏီနက္ခတ်က အောက်ငုံ့နက္ခတ်ဖြစ်တာမို့ရေတွင်းရေကန်တူးခြင်း၊ အုတ်မြစ်ကျင်းတူးခြင်း၊ မြေတူး ခြင်း၊ အဝီစိ တွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓါတ်သတ္တုတူးဖော်ရှာဖွေခြင်း၊ ရွှေတွင်း တူးခြင်း၊ ကလေးထမင်း ခွံ့ခြင်း မင်္ဂလာ ပြုရာ၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး ရင်သွေး များဟာ အများနဲ့မတူ သူတို့အတွေးအခေါ်တွေက မူလလူအများအတွေးတွေနဲ့ကွဲထွက်နေတတ်ပါတယ်။ဆန်း သစ်တယ်။ခေတ် ရှေ့ ပြေးကြတယ်။ မိဘလက်ငုတ်အလုပ်တွေကို လုပ်ဖို့စိတ်ဝင်မစားကြသူတွေဖြစ်ပါတယ်။ အတွေး အခေါ်ကောင်းပြီး အသက် ၂၁ထိ မိဘက မလုပ်နဲ့ဆိုရင် လက်တည့်စမ်းပြီးလုပ်လိုစိတ်ရှိကြသူတွေဖြစ်ပါတယ်။ ငွေကြေးအကူအညီတွေရလွယ်ကြ သူတွေဖြစ်သလို၊ မိမိတို့ထက်အဘက်ဘက်ကသာလွန်သော အိမ်ထောင်ဘက်များ လဲရရှိတတ်ပါတယ်။ အသက်၂၂ကနေ အသက် ၂၈အတွင်း လုပ်ငန်းခွင်မှာ ထူးထူးခြားခြားရာထူးတိုးတတ်ခြင်း၊ကိုယ် ပိုင်စီးပွားသမားများ ငယ်ငယ်ရွယ်ရွယ်နဲ့အောင် မြင်ခြင်း ဆိုတဲ့အကျိုးကျေးဇူးကိုရရှိတတ်ပါတယ်။ဒီနေ့မွေး ရင်သွေးငယ်များသည် အရာရာကို စိတ်အားထက်သန်ပြီး ချစ်ခင် တတ် သော်လည်း အမှီအခိုကင်းသောကြောင့် သူတစ်ပါးထက် ထူးခြားနေတတ် ပါသည်။ သင့်ဘဝတွင် ရံဖန်ရံခါ သင့်ကိုယ်သင် ပြန်လည်ဆန်းသစ်ရန် နက်ရှိုင်းသော အတွင်းစိတ်ကြောင့် ပြောင်းလဲမှုများနှင့် ကြုံတွေ့နေရတတ်သည်။ သင်သည် စိတ်ပိုင်း ဆိုင်ရာပြင်းထန်သော ခံစားမှုများရှိသည့် အတွင်းစိတ်အာရုံကို ပိုင်ဆိုင်ထားသောကြောင့် အရာရာကို ထိလွယ်၊ ရှလွယ် ဆုံးဖြတ်တတ်ပါသည်။ အမြဲလိုလိုပင် အရာရာကို ကြိုးစားဆောင်ရွက် လုပ်ကိုင်ရန် စိတ်အားထက်သန်နေတတ်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၃) နာရီမှ မွန်းလွဲ(၁၂း၂၀)နာရီအတွင်း ကျရောက်နေပါတယ်။ ဒီအချိန် ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထချိန် “အရဟံ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ထမနဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြ ပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *