ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆန်း(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး နေ့လယ်(၁၂း၃၀)နာရီလွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လယ်(၁၂း၃၀)နာရီလဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့ အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့ ခရီးကိစ္စတွေအလွန်အဆင်ပြေအောင်မြင်တတ်ပါတယ်။ ပျော်ပွဲစားခရီးပဲ ဖြစ်ဖြစ်၊ ဘုရား ဖူးခရီးပဲဖြစ်ဖြစ်၊အလုပ်ကုန်သွယ်မှုနဲ့ပတ်သက်သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေမှာ အဆင်ပြေချော့မွေ တတ် ပါတယ်
ခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်း၊ခေါင်းဆေးခြင်းများလဲဒီနေ့မှာဆောင်ရွက်ခြင်း၊ အကြံအစည်များ လိုအင်ဆန္ဒများ ပြည့်ဝတတ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းများလဲ အထူးအဆင်ပြေတတ်သလို ကုန်ပစ္စည်းသစ်များမိတ်ဆက်ခြင်း၊ အရောင်းမြင့်တင်ခြင်း၊ PROMOTION ပေးခြင်း၊Marketing ဆင်းခြင်းများလဲ ဆောင်ရွက်လို့အထူးအောင်မြင် တတ်ပါတယ်။ အရေးကြီးတဲ့စာချုပ်စာတန်းများလက်မှတ်ရေးထိုးခြင်းတွေဆောင်ရွက်လို့သင့်တော်ပါတယ်။
မေတ္တာရေးကောင်းနေတဲ့နေ့ဖြစ်တာကြောင့် အချစ်ရေးနဲ့ပတ်သက်သောကိစ္စအ၀၀မှာတော့ဆောင်ရွက်လို့ အဆင်ပြေနိုင်ပါတယ်။ ချစ်ခွင့်ပန်ခြင်း၊ မိမိဆီချစ်ရေးဆိုထားသူကို ပြန်အဖြေပေးခြင်း၊ လက်ဆောင်ပေးခြင်းများ ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ ကျောက်မျက်ရတနာများ၊တူးဖော်ခြင်းတွေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းတွေ၊ ဆည်မြောင်း တာတမံစတင်တူးဖော်ခြင်းတွေ အထူးကောင်းပါတယ်။
ဒီနေ့ဟာ အာယုသ္မာန်ယုဂ် ကျရောက်နေပြီး အသက်ရှည်ခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်ပြီး ကောင်းသောကိစ္စရပ် များ အားလုံးအတွက် အထူးကောင်းမွန်နေပါသည်။ ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မဏ၊ မွန်မြတ်သော အကျင့် ဝိဉာဉ်ရေးရာလွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် အထူးကောင်းပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၂၂)နာရီမှ မွန်းလွဲ(၁၂း၁၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် စီးပွားရေးပိုင်းမှာ အားရစရာကောင်းတဲ့အနေအထားကိုရရှိကြတာတွေ့ရပါတယ်။ သက်လတ်ပိုင်းကာလတွေဖြစ်တဲ့ အသက် ၂၈ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံးဘဝကိုရရှိတတ်ပါတယ်။ အားနည်းချက်က မိဘတွေနဲ့ အလုပ်ကြောင့်ဝေးနေရ ခြင်း၊အရွယ်ရောက်ပါကအိမ်ထောင်ရေးကံခေခြင်း၊ အစိုးရ အလုပ် နှင့် အကျိုးမပေးခြင်း စသောအားနည်းချက်တွေရှိ တာကိုတွေ့ရပါတယ်။ ငွေကြေးကံကတော့ ဘဝတစ် လျှောက် လုံးပူစရာမလိုသလို ဘဝနေဝင်ချိန် အိုဇာတာလဲ ကောင်း တဲ့သူတွေအဖြစ်တွေ့ရပါတယ်။ ယေဘုယျအားဖြင့် ဒီနေ့မွေး ရင်သွေးငယ်များသည် သူတစ်ပါးအပေါ် ဦးဆောင်မှုပေးနိုင်ပါသည်။ အပြင်ပန်းအားဖြင့် နူးညံ့ညင်သာဟန် ပြသော်လည်း အမှန်စင်စစ်တွင် အလွန်စိတ်ဓါတ်မာကြော ပြင်းထန်သူ ဖြစ်နေပါသည်။ အမြဲလိုလိုပင် စိတ်လှုပ်ရှား စရာ အတွေ့အကြုံများနှင့် ကြုံတွေ့နေရတတ်သည်။ အများအားဖြင့် စာပေစွမ်းရည်နဲ့ ဟာသဥာဏ်ကောင်းသော လက္ခဏာများ ပိုင်ဆိုင်ထားကြပါတယ်။ ခြားနားသော ကိုယ်ရည်ကိုယ်သွေးအတွက် လက်တွေ့ကျပြီး စည်း စနစ် တကျရှိ သည်။ဒီအရည်အချင်းတွေကြောင့် မိမိရဲ့အောင်မြင်နိုင်ခြေက လူအများစုထက် မြင့်မားနေတက်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၉) နာရီမှ မွန်းလွဲ(၁း၄၇)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန် အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အနုတ္တရော ပုရိဿ ဓမ္မသာရထိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဂွေးသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695