loading

23.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 23.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆန်း(၁၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဆည်မြောင်းတာတမံတူးဖော်ခြင်းများလဲ ဒီနေ့မှာစတင်နိုင် ပါလိမ့် မယ်။ ကျန်း မာရေးအတွက်အထူးကုသခြင်းတွေ၊ခွဲစိပ်ကုသခြင်းတွေကို ရဲရဲ လုပ်ဆောင်သင့်တဲ့နေ့မျိုးပါပဲ။ ဖျက်စီးခြင်း ကိစ္စ တွေအထူးကောင်းပါတယ်။ အိမ်ဟောင်း ၊ဆိုင်ဟောင်းတွေကိုဖြိုဖျက်တာမျိုးတွေ၊ အလုပ်ဟောင်းကို ထွက်စာ တင်တာ မျိုးတွေ ၊ မိမိအိမ်ခြံနဲ့မလွတ်တဲ့ သစ်ပင်တွေကို ခုတ်လှဲတာမျိုးတွေအထူးကောင်းပါတယ်။

ပညာအတတ်များစတင်သင်ယူခြင်းတွေ၊အသိပညာရရှိအောင်လေ့လာဆည်းပူးခြင်းတွေအထူးဆောင်ရွက်လို့ ကောင်း ပါ တယ်။ရန်သူကိုဖမ်းဆီးခြင်းတွေ၊ ရန်သူ့စခန်းကိုသိမ်းပိုက်ခြင်းတွေလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ မိမိဖြစ်ချင်တာကိုဖြစ်အောင်စွမ်းဆောင်ဖို့ မည်သည့်အတားအဆီးကိုမဆိုကျော်လွှားသွားသင့် တဲ့နေ့ရက်ပါပဲ။ ပြဿနာ တွေ၊ အထင်လွှဲအမြင်လွှဲဖြစ်နေတာတွေကိုလဲ တတ်နိုင်သမျှထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့ အထူးကောင်းပါတယ်။

မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ခြင်းဖြန်းခြင်းတွေစတင်ဆောင်ရွက်လို့ကောင်းပါတယ်။ အင်းဆက် ပိုးမွှား တွေ ကိုအဆိပ်ချခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့မှာ သံဝေဂရစရာမျိုးတွေအထူး ကြုံရတတ် ပါတယ်။ မိမိအမှားတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ လမ်းမှန်ကိုရောက်အောင်စွမ်းဆောင်နိုင်မဲ့နေ့ရက် လဲဖြစ်ပါတယ်။

ဒီနေ့ဟာ သောဘဏယုဂ် ကျရောက်နေပြီး ခမ်းနားခြင်းဟု အဓိပ္ပါယ်ဆောင်သောကြောင့် ကောင်းသောကိစ္စများ အတွက် အထူးကောင်းပါသည်။ ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂ မည်ပေ၏။ ကုန်သွယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ လုပ်ငန်းဆောင်တာများ အတွက် ကောင်းမွန်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် အသင့်လျော်ဆုံး ဖြစ်နေပါသည်။  

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၁၄)နာရီမှ မွန်းလွဲ(၁၂း၀၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

အဿလိဿနက္ခတ်မို့ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ကျောက်မျက်ရတနာတူးခြင်းလုပ်ငန်းများ ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ အဿလိက နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့်အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းသွားနိုင်မဲ့သူတွေဖြစ်ပါတယ်။ ဉာဏ်ရည်မြင့်တယ်၊လုပ်ရဲကိုင်ရဲတဲ့သတ္တိရှိတယ်။ ဖခင်နဲ့အနေ မနီးတာ၊ဖခင်အကျိုးကို မခံစားရတာမျိုးတွေ ကြုံရ တတ်ပါတယ်။ စွန့်စားပြီးလုပ်ကိုင်ခြင်းဖြင့်အောင်မြင်တတ်ပါတယ်။ မိဘလက်ငုတ်အလုပ်တွေကို သွေဖယ်ပြီး ခေတ် ရှေ့ ပြေးတဲ့အလုပ်မျိုးတွေကိုသာ စိတ်ဝင်စားတဲ့သူတွေဖြစ်ပါတယ်။ ငွေကြေးချေးငှားရလွယ်ခြင်း၊အရင်းအနှီးရ လွယ်ခြင်း၊ လုပ်ရဲတဲ့သတ္တိရှိခြင်းတွေကြောင့် ဘဝမှာ ထူးထူးခြားခြားအသက် မွေးမှုလုပ်ငန်းအသစ်မျိုးတွေရဲ့ အောင် မြင် တတ်ကြပါတယ်။မိန်းကလေးရင်သွေးဖြစ်မယ်ဆိုရင်လဲ မိမိထက်အဘက် ဘက်ကသာတဲ့အိမ်ထောင်ဘက် မျိုး တွေ ကိုရရှိတတ်ပါတယ်။ဒီနေ့မွေး ရင်သွေးငယ်များအတွက် မှန်ကန်သောလမ်းကြောင်းကို သင်ရှာတွေ့ပြီးသည်နှင့် ထောက်ထားစာနာမှု၊ ထိ လွယ်ရှလွယ်နှင့် စိတ်အားထက်သန်မှုတို့ဖြင့်သင့်အလုပ်ကို ဖြတ်ကျော်နိုင်ရန် ဆုံးဖြတ် ထား သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၁) နာရီမှ မွန်းလွဲ(၁၂း၁၇)နာရီအတွင်း ကျရောက် နေ ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန် အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချော မွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆီးဖျော်ရည် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *