loading

24.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 24.February .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလပြည့်နေ့ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၀)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်း စိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက် တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လပြည့်တီထိ ဖြစ်၍ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့ မျိုးဟာအလှူအတန်းတွေကိုအသားပေးလုပ်ကိုင်လိုက်ပါ။ ဘာသာရေးကိစ္စများ၊ အလှူရေစက် ချခြင်း များဆောင် ရွက်နိုင်ပါတယ်။ ကျောင်း၊သိမ်၊စတင်ဆောက်လုပ်ခြင်းများ၊ အလှူအတွက်ရည်ရွယ် ပြီး ငွေကြေး စတင်စုဆောင်း ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။

အရောင်းမြှင့်တင်ခြင်းများ၊ promotion ပြုလုပ်ခြင်းတွေအထူးကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့ လဲ တင်ပြစရာရှိတာတွေကို အထက်လူကြီးတွေကိုရဲရဲတင်ပြပါ။ အလုပ်အတွက်ဆုံးဖြတ်စရာတွေကို မတွေဝေဘဲ ဆုံးဖြတ်ချသင့်တဲ့နေ့ရက်မျိုးပါပဲ။

ပုတီးစိပ်တာ၊ဂါထာမန္တန်ရွတ်ဖတ်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။မိမိအဆောင်ပစ္စည်းတွေ ကိုသိဒ္ဓိ တင်ခြင်းများအထူးဆောင်ရွက်လို့ကောင်းပါတယ်။မုခ်ဦး၊ မဏ္ဍပ်၊စေတီ၊ဘုရားတည်၊ထီးတင်၊တံခွန်တိုင် စတာတွေပြု လုပ်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။

အလုပ်သစ်လျှောက်လွှာတင်ခြင်းများ၊အင်တာဗျူးဖြေဆိုခြင်းများလဲဒီနေ့မှာစတင်လို့ကောင်းပါတယ်။ ငွေကြေးကိစ္စ အ၀၀ကိုလဲ အလေးပေးဆောင်ရွက်လို့အထူးကောင်းတာကိုတွေ့ရပါတယ်။

ရှောင်သင့်တာတွေကတော့ ဒီလိုနေ့ရက်မျိုးမှာတော့ မည်သည့်အရပ်မျက်နှာမှခရီးသွားခြင်းတွေမပြုအပ် ပါဘူး။ ခရီးကိစ္စတွေမှာ မသွားဖူးသေးတဲ့ခရီး၊ မရောက်ဖူးသေးတဲ့ ဒေသတွေသွားရောက်ခြင်းတွေကိုအထူး ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ အတိဂယုဂ် ကျရောက်နေပြီး အတားအဆီး၊ အန္တရာယ်များစွာဟု အဓိပ္ပါယ်ဆောင်သောကြောင့် ကောင်း သောကိစ္စရပ် များ လုပ်ဆောင်ရန် လုံးဝမသင့်လျော်ပါ။ ဗဗကရိုဏ်း ကျရောက်နေခြင်းကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအား တိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအားကို ကိုယ်စားပြုပါသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးသင့်လျော်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၁၀)နာရီမှ မွန်းလွဲ(၁၂း၀၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီ နေ့မွေးသူများဟာ စိတ်ပျော်ရာလိုက်ကြသူတွေဖြစ်ပါတယ်။ ဘဝကိုပျော်ပျော်နေ သေခဲဆိုတဲ့ စိတ်မျိုးထားကြသူတွေ ဖြစ်ပါတယ်။ ပျော်ရွှင်နေရင် အရာရာကို စိတ်ပါလက်ပါ…လုပ်ကိုင်နိုင်ပေမဲ့ စိတ်ညစ်ပါက ဘာမှမလုပ်ချင်မကိုင်ချင် လောက်အောင် စိတ်ဓာတ်ကျသွားတတ်ပါတယ်။ ဘာသာစကားနယ်ပယ်၊ဂိုက်လမ်းပြသူ၊နိုင်ငံခြားမှာ ပညာရှာစီးပွားရှာ သူ၊ခရီးသွားလုပ်ငန်းများ၊ပညာရေး၊ကျောင်းနဲ့ပတ်သက်သောလုပ်ငန်းများနှင့် အဆင်ပြေတတ်ပါတယ်။သက်လတ်ပိုင်း ကာလမှာဘဝဟာ အတတ်အကျများတတ်ပေမဲ့ သက်ကြီးပိုင်းအိုဇာတာကံ အလွန်ကောင်းသူဖြစ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များ၏ဆွဲဆောင်မှုရှိခြင်း၊ ဆန်းကြယ်ပြီး အပြင်ပန်းအားဖြင့် လမ်းကြောင်းမှန်ပေါ်ပြန်တက်ဖို့ မြန်ဆန်သူပဲဖြစ်ပါတယ်။ တော်ရုံလမ်းမှားမရောက်ဘူးလို့ ဆိုလိုတာပါ။ စကားပြောဆိုမှုတွင် လူအများ အပါအဝင် ဆွဲဆောင်မှုရှိသော စကား ပြော ဆိုသူတစ်ဦးဖြစ်ပြီး သင်သည် အလွန်စွယ်စုံရသူဖြစ်သည်။ မိမိလေးစားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား လုံး အတွက် အမြဲလိုလိုပင် ပေးဆပ်အနစ်နာခံ၍ ကြိုးစားစွမ်းဆောင်နေ တတ် ပါသည်။ သူတစ်ပါးအပေါ် စာနာငဲ့ညှာပေးမှု၊ ထောက်ထားညှာတာမှုများနှင့် လုပ်ကိုင်ဆောင်ရွက်နေပေမယ့် မည်သည့် အလုပ်ကိုမဆို တိတိကျကျ ဆုံးဖြတ်လုပ်ကိုင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ သင့်တွင် မှန်ကန်သော အသက်မွေးဝမ်း ကြောင်း လမ်းကြောင်းကို ရွေးချယ်ရန် အချိန်အနည်းငယ်ကြာသော်လည်း သင့်တွင် စီးပွားရေးအတွက် ဦးဆောင် ဦးရွက် ပြုနိုင်သော အရည်အချင်းကောင်းများ ရှိနေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၃) နာရီမှ နံနက်(၁၀း၅၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊တနင်္ဂနွေ၊ရာဟု သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နံ့သာရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ် ယာထချိန် တောင်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *