ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆုတ်(၇)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၄)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့ မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရှမ်းရက်၊ ဝါရမိတ္တုကြီးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အလွန်မင်္ဂလာရှိ၍ ကုသိုလ်ကောင်းမှုများ ပြုရန် အထူးသင့်တော်ပါသည်။ တီထိ(၇)လုံးတွင် စက်ကားများ ရောင်းခြင်း၊ဝယ်ခြင်းအလဲအထပ်လုပ်ခြင်းများလဲ ဆောင် ရွက် နိုင်ပါတယ်။ အခွင့်အရေးနှစ်မျိုးနှစ်ခွ ပုံစံမျိုးတွေကြုံရတတ်ပါတယ်။ ရွေးချယ်ရခက်နေတယ်ဆိုရင် တော့ သံယော ဇဉ်ကို ဦးစားမပေးဘဲ ရေရှည်ကြည့် ပြီး ဆုံးဖြတ်ပါလို့မှာချင်ပါတယ်။ ဂျာနယ်များ၊စာစောင်များ၊ စာအုပ်များ၊ မဂ္ဂဇင်းများ စတင်ထုတ်ဝေဖြန့်ချီခြင်းများ အထူး အောင်မြင်တတ်ပါတယ်။ အစုရှယ်ယာများဝင်ခြင်း၊ ငွေကြေးအပေး အယူလုပ်ခြင်း၊ငွေချေးငှားခြင်းတွေလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။
ခရီးသွားရာမှာတော့ အပျော်ခရီးများ၊ဘုရားဖူးခရီးများလဲ သွားလို့သင့်ပါတယ်။ လုပ်ငန်းစီးပွားနဲ့ဆိုင်သော ခရီးတွေ ကတော့သွားလို့မသင့်ပါဘူး။ ဆိုင်းဘုတ်တင်ခြင်း၊ လုပ်ငန်းသစ်တစ်ခုစတင်လည်ပတ်ခြင်းများ ဒီနေ့မှာဆောင် ရွက် ခြင်းဖြင့် ရေရှည်ကောင်းမွန် တာမျိုးကြုံရမှာပါ။ ပညာရေးဝန်ဆောင်မှုများ၊စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်နှင့် ဆိုင်သော ဟောပြောပွဲများဆောင်ရွက်လို့ အထူးကောင်းပါတယ်။မိမိကုန်ပစ္စည်းအသစ်များ စတင်မိတ် ဆက်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့တွင် ကာမမကြူးအပ်ပါ။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ထားခြင်းများ ပြုသင့်ပါသည်။ စီးပွားရေးရာ ကိစ္စများ ဆောင်ရွက်လုပ်ကိုင်မှု အဆင်ပြေမည်။ တည်ဆောက်မှုကိစ္စအဖြာဖြာကို ဆောင်ရွက်နိုင်သည်။ အရပ်ဝေးနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၁၀း၄၃)နာရီမှ နေ့လယ်(၁၁း၃၄)နာရီ အတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံ အလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်း အကျိုးသွားများ ရရှိနိုင်ပါတယ်။
ဝိသာခါနက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။
ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဗျာဃာတယုဂ်သည်သတ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသော ကိစ္စရပ်များအတွက် မသင့်လျော်ပါ။ ဝဏိဇ ကရိုဏ်း သည် မြတ်သောယောဂ၊ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်း သောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီးအရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေး ရင်သွေးငယ်များဟာ လုပ်ငန်းကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ အလုပ်ကြိုးစားသူ တစ် ယောက်ပါ။ သူတစ်ပါး၏ စိတ်ခံစားချက်များကို အလွန်ချစ်မြတ်နိုး တန်ဖိုးထားပြီး ပေးကမ်းသည့်ဘက်တွင်လည်း ရက် ရောလွန်းသူ ဖြစ်ပါသည်။ မိမိအနီးပတ်ဝန်းကျင်မှ လူများအားလုံးအတွက် ကိုယ်စွမ်းကိုယ်စရှိသလောက် ကူညီ စောင့် ရှောက်ပေးတတ်သူ တစ်ဦး ဖြစ်ပါသည်။ ဘဝတွင် ကျေနပ်ပျော်ရွှင်ခြင်းကသာ အောင်မြင်ခြင်း၏ အခြခံဖြစ် ကြောင်း သဘောပေါက် နားလည်သူ ဖြစ်ပါသည်။ လူတစ်ဖက်သားအား အလွန်ခွင့်လွှတ်တတ် သော်လည်း၊ ၎င်းတို့ ပြုပြင် ပြောင်းလဲ လာရန် တွန်းအားပေးသူမဟုတ်သလို အခြားသူများနှင့် စိတ်တူကိုယ်တူ ကြိုးစား အောင်မြင်ရ ခြင်းကို အလွန်ပင် နှစ်သက်တက်ပါသည်။စိတ်ချမ်းသာမှုကိုလိုလားကြပါတယ်။ ပျော်ပျော်ပါးပါးနဲ့ စိတ်လက်ကြည်သာစွာနဲ့ ဘဝ ကိုဖြတ်သန်းလိုကြသူတွေဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစိုးရိမ်စရာမရှိပေမဲ့ အသုံးအဖြုန်းကြမ်းတဲ့ မိမိ စိတ်ကို တော့ပြုပြင်ဖို့အထူးလိုအပ်ပါတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ကံခေတတ်သူတွေဖြစ်တာမို့ ဒီနေ့မွေး ရင်သွေးဟာ ယောကျ်ားလေးဖြစ်မယ်ဆိုရင် အိမ်ထောင်ရေးမှာ အားနည်းချက်ဖြစ်ပေါ်လာတတ်ပါတယ်။ ဘာသာ စကား သင် ကြားရ လွယ်ကူတဲ့သူတွေဖြစ်တာမို့ မိခင်ဘာသာစကားအပြင်အခြားဘာသာစကားတွေကိုလဲ ထူးထူး ခြားခြား တက်မြောက်မဲ့ သူတွေအဖြစ်တွေ့ရပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၂၀) နာရီမှ နံနက်(၁၀း၄၉)နာရီအတွင်း ကျရောက် နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် နက်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထချိန်် မျက်နှာသစ်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “ဝိဇ္ဇာစရဏ သမ္မန္နော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပေါင်မုန့်ထောပတ်သုပ်် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း