loading

4.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 4.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆုတ်(၉)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၅၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ ရသေ့ကျော် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၉)လုံးအနေဖြင့် ရန်များသော တီထိဟု သက်မှတ်ထားပြီး အမဲလိုက်ခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသတ်ဆေး ဖြန်းခြင်းများ၊ လက်နက်ပြုလုပ်ခြင်း၊ လောင်းကစားခြင်း၊  အရက်သောက်ခြင်း၊ အရက်ချက်ခြင်း၊ ရန်ဖြစ် ခြင်း၊  အတိုက်အခံပြုခြင်းများ ပြုနိုင်သော တီထိဖြစ်ပါတယ်။ မည်သည့်လုပ်ဆောင်မှုတိုင်းတွင်မဆို နတ်နဂါးများအား အရိုအသေပေးသင့်ပါသည်။ သို့သော် အချည်းအနှီးဖြစ်သော ရိတ္တာတီထိဖြစ်၍ ရန်သူကိုဖမ်းဆီးခြင်း၊ အဆိပ်ခက်ခြင်း၊  ပိုးသက်ဆေးဖြန်းခြင်း၊  လက်နက်သုံးစွဲခြင်း၊ ခွဲစိတ်ခြင်း၊ မီးဖေါက်ခွဲခြင်း စသည့် အနိဌလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် နိုင်သော်လည်း မည်သည့် အရပ်ဒေသကိုမှ ခရီးသွားလာခြင်းများ မပြုသင့်ပါ။

            ယနေ့သည် ရိတ္တာတီထိမတိုင်ခင် မနက် ၉း၄၅မိနစ်အထိကအောင်မြင်ခြင်းကို အဓိပ္ပါယ်ဆောင်သော ဇေယျာတီထိ ဖြစ်ပါသည်။ လက်နက်များ ကိုင်ဆောင်ခြင်း၊ ကာကွယ်ရေးတည်းဆောက်ခြင်း၊ ခံတပ်တည်ဆောက်ခြင်း၊ ဗိသုကာပညာ၊ ငြင်းခုန်ခြင်း၊ ကခုန်ခြင်း၊ အားကစား၊ အနုပညာလေ့လာခြင်း၊ အိမ်များနှင့် အိမ်ခြံမြေများနှင့်ဆိုင်သော လှုပ်ရှားမှုများ၊ လေ့လာခြင်းနှင့် ဆောက်လုပ်ရေး၊ အရေးကြီးသောကိစ္စရပ်များ လုပ်ဆောင်ရန် အထူးကောင်းပါသည်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၁၀း၃၅)နာရီမှ နေ့လယ်(၁၁း၂၇)နာရီ အတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက် ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက် ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း ညနေ ၅နာရီ၊မိနစ် ၂၀လွန်လျှင် စန်း ဓနုရာသီသို့ ပြောင်းသည်။  ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးငယ်များသည် ပြင်းပြသော ခံစားချက်ရှိပြီး ရလဒ်အဖြစ် မိမိလုပ်ဆောင်သည့်အရာကို စောင့်ကြည့် လေ့ရှိသည်။ အမြဲတမ်း စိတ်ရှည် သည်းခံတတ်ပေမယ့် အရာရာအပေါ် ဂရုတစိုက်နဲ့ တာဝန်ယူတတ်ပါသည်။ မိမိသည် ကြီးကြီးမားမား စွန့်စားသူမဟုတ်သော်လည်း ရည်မှန်းချက်နှင့်လည်း မကင်းပါ။ ဖြည်းဖြည်းမှန်မှန် ကြိုးစားပြီး မိမိဘဝခရီးကို ဖြတ်ကျော်နေသူတစ်ဦး ဖြစ်ပါသည်။ မိမိဟာ စနစ်တကျနဲ့ အားနည်းချက် အနည်းဆုံးဖြစ်အောင် ကြိုးစားတတ်သည်။ မိမိရဲ့အနီးသို့ သနားကြင်နာတတ်ပြီး ဂရုစိုက်တတ်တဲ့ မိတ်ဆွေအပေါင်းအသင်းများက အကြံဉာဏ်နဲ့ နှစ်သိမ့်မှုပေးဖို့ အလိုအလျောက် ရောက်ရှိလာတတ် ပါသည်။ ပရဟိတ အသင်းအဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေ၊ နိုင်ငံရပ်ခြား အသင်းအဖွဲ့တွေ၊ ပညာရေးအသင်း အဖွဲ့တွေမှာ ပတ်သက်ဆက်နွယ်နေရတတ်သော ကံပိုင်ရှင် ဖြစ်ပြီး…သူရဲ့ အားသာချက်ကတော့ ….သူစိမ်းသူရံစာ များရဲ့.. ချစ်ခင် ဝိုင်းဝိုင်းလည်မှုကို ခံရတတ်ခြင်းပါပဲ။ပညာရှင်များ ..ပညာကြွယ်၀သူများ၊ ဓနရှင်များ …ဓနကြွယ်၀သူ များရဲ့ …သဘော ထားကြီးစွာ ကူညီပေးခြင်းများကို လွယ်လင့်တစ်ကူ ရတတ်ခြင်းဟာလည်း တနင်္လာမရဏဖွားရဲ့ ….အားသာ ချက်ပါပဲ။

            ယနေ့သည် မိုးကြိုးသွားဟု အဓိပ္ပါယ်ကိုဆောင်သော ဝဇီရယုဂ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကောင်းသော ကိစ္စရပ်များ လုပ်ဆောင်ရန် လုံးဝမသင့်ပါ။ ကောလဝါကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် မင်္ဂလာ ဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန် ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာစွာ တည်မြဲနေမည့်အရာများ ကဲ့သို့သော ပုံသေပြုလုပ်ထားသည့်အရာများအတွက် အထူးကောင်းမွန် ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၀) နာရီမှ နံနက်(၉း၁၉)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စေစော အိပ်ယာ ထ မျက်နှာသစ်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သံဃံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပုန်းရည်ကြီးထမင်းသုပ် ဘုရားကပ် လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *