loading

17.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 17.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၁၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် နှင့် တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ အမြိတ္တစုတ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၈)လုံး နေ့ အနေဖြင့် ပြဿနာများပေးတက်သော တီထိဟု သက်မှတ်ပြီး မိန်းမများနှင် ပတ်သက်သော လုပ်ငန်းများ၊ ပျော်ရွှင်စရာလုပ်ငန်းများ၊ ကခုန်ခြင်း၊ ကျောက်မျက်ရတနာများ ပြုလုပ်ခြင်း၊ ဝတ်ဆင်ခြင်း၊ အနုပညာ ဆေးခြယ်ခြင်း၊ အိမ်နှင့်ပတ်သက်သော  ဖောင်ဒေးရှင်း ချခြင်းများ၊ စစ်ရေးနှင့်ပတ်သက်သော အသိအမှတ်ပြုပွဲများ၊ ကုန်သွယ်ခြင်း၊  ခြံစိုက်ခြင်း၊ ကျောက်၊ သဲ၊ ရေတို့နှင့် ပတ်သက်သော လုပ်ငန်းများ  လုပ်ဆောင်ရန်  သင့်ပါသည်။ သို့သော် ဤနေ့တွင် အသားမစားသင့်ပါ။ တစ်နည်းအားဖြင့် ရန်သူကိုချေမှုန်းခြင်း၊ အခက်အခဲကို ဖြတ်ကျော်ခြင်း၊ တိုက်ပွဲဆင်နွဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ အောင်မြင်မှုကို ကိုယ်စားပြုသော ဇေယျာတီထိ ဖြစ်သောကြောင့် အင်္ဂါဂြိုဟ်စိုးမိုးသော တီထိဖြစ်ပြီး လက်နက်ပြုလုပ်ခြင်း၊ စစ်ပွဲဆင်နွဲခြင်း၊ စစ်ရေးလေ့ကျင့်ခြင်း၊ စစ်ရိက္ခာဖြည့်တင်း ခြင်း၊ စစ်လက်နက်များ တပ်ဆင်ခြင်း၊ အင်အားစွမ်းရည်နှင့် ပတ်သက်သည့် လုပ်ငန်းများအားလုံးကို လုပ်ဆောင် နိုင်ပါသည်။ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်များ ကျင်းပခြင်း၊ ဆေးဝါးနှင့်ကုန်သွယ်ခြင်း၊ အိမ်ကိစ္စများ၊ အလံတိုင်နှင့်  ပတ်သက်သည့် အသင်းအဖွဲ့ကိစ္စများအားလုံး ဆောင်ရွက်နိုင်ပါသည်။

            ယနေ့သည် အောင်မြင်ခြင်းကို ကိုယ်စားပြုသော ဇေယျာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ လက်နက်များ ကိုင်ဆောင်ခြင်း၊ ကာကွယ်ရေးတည်ဆောက်ခြင်း၊ ခံတပ်တည်ဆောက်ခြင်း၊ ဗိသုကာပညာ၊ ငြင်းခုန်ခြင်း၊ ကခုန်ခြင်း၊ အားကစား၊ အနုပညာလေ့လာခြင်း၊ အိမ်များနှင့် အိမ်ခြံမြေဆိုင်ရာ လှုပ်ရှားမှုများ၊ လေ့လာခြင်းနှင့် ဆောက်လုပ်ရေး၊ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန် အထူးကောင်းမွန်ပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၄၄)နာရီမှ နံနက်(၁၀း၃၅)နာရီ အတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ် လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်၊စာပေ စာပုံနိုတ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ခရီးသွား လာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း၊ လက်ဝတ်ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မူ့ရေးရာစကားပြောဆိုခြင်း၊ မိတ် သစ်ဖွဲ့ခြင်း၊ ပါတီဧည့်ခံပွဲကျင်းပခြင်းပြုလုပ်ခြင်း၊ ခရီးသွားလာခြင်းများ ကောင်းသည်။ (မိဂသီ နက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)

ယနေ့သည် အသက်ရှည်ခြင်းဟူးသော အဓိပ္ပါယ်ကိုဆောင်သော အာယုသ္မာန်ယုဂ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့်အဖျက်လုပ်ငန်းများအားလုံးအတွက် အထူးသင့်လျော်စေပါသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးဖွားသူများသည် အရာရာကို ထိလွယ်ရှလွယ်၊ ပြောင်းလဲနိုင်သောအလွန်စိတ်ဓါတ် ခိုင်မာ ပြတ်သားသူ တစ်ဦးလည်း ဖြစ်ပါသည်။ အထူးသဖြင့် မိမိဘဝငယ်ရွယ်စဉ်တွင် စိတ်ခံစားချက်မျိုးစုံ ပြောင်းလဲဖြစ်ပေါ်နေတက်သည်။ မိမိတွင် တစ်စုံတစ်ခုအတွက် တွန်းအားရှိနေသ၍ မိမိဘဝကို နောက်မဆုတ်စတမ်း ဖြေးဖြေးမှန်မှန် ကြိုးစားနေ တတ်သည်။ မိမိ၏ စိတ်ဓါတ်ရေးရာနှင့် ခံယူချက်အရ မိမိသည် မိမိဖြစ်တည်မှုအတွက် ပိုမိုအဓိပ္ပါယ်ရှိသော အနှစ်သာရကို အမြဲရှာဖွေနေတက်သူဖြစ်သည်။ သို့သော် မိမိသည် အချစ်ကို ဦးစွာပထမ ရှာဖွေပြီး သစ္စာ၊ မေတ္တာရှိသော ဘဝလက်တွဲဖော်နှင့် အေးချမ်းသောဘဝကို တည်ဆောက်နိုင်ပါလိမ့်မည်။ဒီနေ့ မွေးသူများဟာ နာမည်ပေးက တော်တော်အဓိက ကျတယ်ဗျ။ နာမည်ပေးမှန် သွား ရင် တော်တော်လေး စိတ် ဓာတ်ပိုင်း အားကောင်းသွားပြီးတော့ နာမည်ပေးမှားရင် ရိုင်းသွားတတ်ပါတယ်။ မိဘအသိုင်း အဝိုင်းကောင်းရင်တော့ ပညာတက် ကြီးဖြစ်သွားနိုင်တဲ့ဇာတာရှင် တွေပဲဖြစ်ပါ တယ်။ ငွေကြေးအင်အားတောင့်တင်း ကြပြီး မိသားစုရဲ့အထောက်အပံ့ကို အပြည့်အဝရရှိတာကိုလဲ အထူးတွေ့ရပါ တယ်။ ကျန်းမာရေးအနည်း ငယ်အားနည်း ချက်ရှိနေပြီးတော့ အရွယ်သုံး ပါးမှာ တစ်ချိန်တခါတော့ ကျန်းမာရေးအထူး ညံ့ လိမ့်မယ်။ ကိုယ်တွင်းကလိစာ တစ်ခုခု အစားထိုးရတာမျိုး ကြုံရ တတ်တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၅) နာရီမှ ညနေ(၅း၁၆)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *