loading

23.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 23.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလဆန်း(၁၄)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၇)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၄)လုံးအနေဖြင့် ဒီလိုနေ့ရက်ဟာ ဓားလှံလက်နက်ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ခဲယမ်းမီးကျောက် နှင့် ဗျောက်အိုးထုတ်လုပ်တဲ့ အလုပ် တွေ၊ အရက် နှင့် အဖျော်ယာမကာအလုပ်တွေပိုမိုအဆင်ပြေတတ်ပါတယ်။

           လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များအဆင်ပြေကောင်းမွန်တာအထူးတွေ့ရပါတယ်။ကြန့်ကြာနေတဲ့ငွေ ကြေး တွေ၊လက်လွန်နေတဲ့ငွေကြေးတွေရလွယ်တဲ့နေ့ရက်ပါပဲ၊အတိတ်ကံရဲ့ကောင်းကျိုးတွေကို ပြန်လည်ခံစားရတဲ့နေ့ရက် ဖြစ်တာကြောင့် ထီကံစမ်းခြင်း၊ကုသိုလ်တွေနဲ့ မိမိကံကိုပိုမိုမြှင့်တင်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။

ဒီလိုနေ့ရက်မှာဆေးစွမ်းထက်မြက်တဲ့နေ့ရက်ဖြစ်တာကြောင့်ဆေးဝါးမှီဝဲခြင်း၊သမားတော်နဲ့ပြသကုသခြင်း များ အတွက်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ခွဲစိပ်ကုသခြင်းကိစ္စများ၊အတိမ်းအစောင်းမရှိဘဲအောင်မြင်မှုတွေအထူးရရှိပါတယ်။စိုက်ပျိုးထားတဲ့  ဆန်စပါး၊ သစ်သီးဝလံတွေကို ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ရန်သူ အား ခြေမှုန်းခြင်း၊ရန်သူစခန်း ကိုသိမ်း ပိုက် ခြင်း များဆောာင်ရွက်နိုင်ပါတယ်။

            ရှင်ရဟန်းခံခြင်း၊ရှင်ပြု၊နားသခြင်းများအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။ ဆိုင်သစ်ဖွင့်ခြင်း၊ဆိုင်းဘုတ် တင်ခြင်း၊shopping mallများစတင်ဖွင့်လှစ်ခြင်းများအထူးကောင်းပါတယ်။အွန်လိုင်းကနေအလုပ်ရှာခြင်း၊ အွန်လိုင်း ကနေ ဈေးရောင်းခြင်းများအထူးကောင်းပါတယ်။ ငွေကြေးကိစ္စ အ၀၀တွေဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူခြင်း၊ ကြွေးယူ ခြင်း၊ကြွေးတောင်းခြင်း၊အာမခံခြင်းကိစ္စများလဲဆောင်ရွက်နိုင်ပါ တယ်။မြစ်ချောင်း၊အင်းအိုင်များတွင် ဖြစ်စေ၊ရေကူး ကန် တွင်ဖြစ်စေ ရေကူးခြင်းမျိုးရှောင်ပါ။ ရေလမ်းခရီးများလဲ တတ်နိုင်သလောက်ရှောင်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၂၀)နာရီမှ နံနက်(၁၀း၁၂)နာရီ အတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

            ယနေ့သည် လှံ ဟု အဓိပ္ပါယ်ကို ကိုယ်စားပြုသော သူလယုဂ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကောင်းသော ကိစ္စရပ်များအားလုံးကို လုပ်ကိုင်ဆောင်ရွက်ရန် အထူးရှောင်ကြဉ်သင့်ပါသည်။ တေထိလကရိုဏ်း ကျရောက်နေသော ကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းမွန်ပါသည်။

ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးဖွားသူများသည် ဉာဏ်ရည်ထက်မြက်ပြီး အာရုံစူးစိုက်မှု မြင့်မားသောကြောင့် သင့်စိတ်သည် လုပ်ဆောင် ခြင်းနှင့် ပိုင်းခြားစိတ်ဖြာခြင်းကို အမြဲတမ်း‌ဆောင်ရွက်နေတတ်သူ ဖြစ်ပါသည်။ အထူးသဖြင့် အခြားသူများက  မိမိ၏ထင်မြင်ယူဆချက်များနှင့် အယူအဆများကို လေးစားကြပြီး မိမိသည် ဘက်ပေါင်းစုံ ထူးခြားတိုးတက်မှုများ ဖြစ်နေပါသည်။ တခါတရံ ထိရောက်သော ပေါင်းသင်းဆက်ဆံရေးနှင့် မိမိထက် အရည်အချင်း၊ အနေအထား အစစ မြင့်မားသူများနှင့် လက်တွဲဆောင်ရွက်နေရတတ်သည်။ လူတစ်ချို့က မိမိအပေါ် မရိုးသားမှုနှင့် အကောက်ကြံမှုများ ကိုလည်း တစ်ခါတစ်ရံ နားလည်သည်းခံပေးတတ်သူ ဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ အများအားဖြင့် စိတ်ဓာတ် ကြည်လင် ကြသူတွေ ဖြစ်ကြတယ်။ ဘဝကိုပေါ့ပေါ့ပါးပါးနဲ့သာ ဖြတ်သန်းချင် ကြသူတွေဖြစ်ကြပြီး ငွေကြေးထက် စိတ်ပျော်ရွှင် ချမ်းသာမှုကို လိုလားကြသူတွေဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံးလဲ စိတ်ပျော်ရာအလုပ်တွေမှာသာ ဘဝကိုနှစ်မြုပ် ထား တတ် သူတွေဖြစ်ပါတယ်။ လူချစ်ခင်များသလို အနီးအနား အိမ်နီး နားချင်းတွေကလဲ အထူး ခင်မင် တတ် ကြပါ တယ်။ အစိမ်းရောင် များများပါသော အသုံးအဆောင်တွေသုံးခြင်းဖြင့် ကံ ကောင်းစေပါတယ်။ စကား ပြန် ဘာသာပြန် လုပ်ငန်းမျိုးတွေမှာ ..အထူးအောင်မြင်နိုင်ခြင်း ပါပဲ။ ထို့အတူဘာသာ စကား ဆိုင်ရာ နယ်ပယ်၊ အိုင်တီနည်းပညာ နယ် ပယ်နဲ့ …လက်မှုပညာရပ်နယ်ပယ်တွေမှာ ..အထူးအကျိုးပေးတတ်ကြ တာကိုလည်း တွေ့ရ ပါတယ်

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၁၀)နာရီမှ နံနက်(၁၀း၄၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။           

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “ဝိဇ္ဇာစရဏ သမ္ပန္နော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပျားရည် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *