ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလပြည့်နေ့ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မနက်(၁၁း၀၀)နာရီအထိ တနင်္ဂနွေမြေခံအဖြစ်ကြရောက်နေပြီး လွန်လျှင် လွန်လျှင် မိတ္တုမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက် ၁၁နာရီနောက်ပိုင်းလပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ လပြည့်တီထိအနေဖြင့် တည်ငြိမ်၊ အေးချမ်း၊ ပျော်ရွှင်မှုကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး မင်္ဂလာမျိုးစုံ ပြုလုပ်ရန် သင့်တော်သော တီထိဖြစ်ပါသည်။ အထိုင်လုပ်ငန်းတွေဖြစ်ဖြစ်၊ မတည်ငြိမ်လှုပ်ရှားရ တဲ့အလုပ်တွေပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်ပြီးတော့ တော် တော်များများ အဆင်ပြေပါတယ်။ ရေထွက်ပစ္စည်းနှင့် ပတ်သက် သော ငါးလုပ်ငန်းများ၊ ပုစွန်လုပ်ငန်း၊ ပင်လယ်စာလုပ် ငန်းများလဲ အထူးအဆင်ပြေပါတယ်။ပညာရေးနှင့် ပတ်သက်သောအလုပ်များလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ပညာ ရေးဟောပြောပွဲများ၊ ပညာ ရေးဆွေးနွေးပွဲများ လဲဆောင်ရွက်နိုင်ပါတယ်။မဟာဘွဲ့များ အတွက်၊ပါရဂူဘွဲ့များ အတွက် စာတမ်းတင်ခြင်းများလဲ အထူးကောင်းပါ တယ်။
ဆန်ရေစပါးများ၊ ကောက်ပဲသီးနှံများလဲစတင်ရိတ်သိမ်းခြင်းများဆောင်ရွက်နိုင်မဲ့နေ့တစ်နေ့ပါပဲ။စာပေနှင့် စာနယ်ဇင်းထုတ်ဝေဖြန့်ချီခြင်းများလဲ ဒီနေ့မှာစတင်နိုင်ပါလိမ့်မယ်။ ဒီနေ့မှာခေါင်းဆောင်းမင်္ဂလာပြုခြင်းများအထူး ဆောင်ရွက်နိုင်ပါတယ်။ ခေါင်းဆေးခြင်း၊ခေါင်းလျှော်ခြင်းဖြင့်် လာဘ်ရတတ်တဲ့နေ့ရက်ပါပဲ။
အိမ်တတ်ခြင်းဘုရားနေကဇာတင်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်လက်စအလုပ် များ အပြီးသတ်လုပ်ဆောင်နိုင်သလို လုပ်ငန်းချဲ့ထွင်ခြင်းများလဲဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့ဟာစန်းကောင်းတဲ့ နေ့ရက် ဖြစ်တာကြောင့် ၇ရက်သားသမီးများ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင် မှုတွေပိုလာတတ်ပါတယ်။အတက် ပညာ များ စတင်သင်ကြားကလည်း ဆရာကောင်းနှင့် တွေ့ရမည်။ ကုန်သွယ် စီးပွားပြုရန် ရက်ကောင်း ရက် မြတ် ဖြစ်သည်။
ယနေ့သည် မနက်၁၁နာရီအထိကကုသိုလ်ကောင်းမှုပြုလုပ်ရန် နှောက်ယှက်ဖျက်ဆီးတတ်သော ရိတ္တာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ ဒြပ်စင်များနှင့် အဆိပ်ကိုစီမံရန်၊ ဝိဉာဉ်များကို ခေါ်ယူခြင်းအတွက် အထူးသင့်လျော် ပါသည်။ အရေးကြီး သောစီးပွားရေး လုပ်ငန်းများအတွက် မနက်၁၁နာရီအထိကံမကောင်းသော နေ့တစ်နေ့ ဖြစ် နေပါသည်။ ပုံမှန်အလုပ်များကိုသာ ဆက်လက်လုပ်ကိုင်သွားပါ။ ခရီးသွားခြင်း၊ ဆံပင်ညှပ်ခြင်းနှင့် လက်သည်းညှပ် ခြင်းများကို ရှောင်ကြဉ်ပါ။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉း၁၆)နာရီမှ နံနက်(၁၀း၀၈)နာရီ အတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ် ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ယနေ့သည် အန္တရာယ်ဟူသော အဓိပ္ပါယ်ကို ကိုယ်စားပြုသော ကန္တယုဂ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကုသိုလ်ကံ မကောင်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ဝဏိဇကရိုဏ်း ကျရောက်နေခြင်းကြောင့် မြတ်သောယောဂ ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စများ အတွက် ကောင်းသောအကျိုး၊ စီးပွားရေး လုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်း အဝယ် ကိစ္စများအတွက် အသင့်လျော်ဆုံး ဖြစ်ပါသည်။
ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာစိတ်ကူးကောင်းကြသူတွေဖြစ်ပါတယ်။အတွေးအခေါ်ရှိပါတယ်။နာမည်ပေးမှားရင်တော့ အကောင်း တွေလျော့သွားနိုင်တာကိုတော့မေ့ထားလို့မရပါဘူး။နာမည်ပေးပါ မှန်ကန်ရင် အင်မတန် အောင်မြင် ထင်ရှားပြီး လူလေးစားခံရသော ပညာရှင်ဘ၀ ဖြင့် ရှင်သန်ခွင့်ရတတ်သည့် ဖွားဇာတာအမျိုးအစားလည်း ဖြစ်ပါ တယ်။ဖြန့်ဖြူး ရေး လုပ်ငန်းအားလုံးနဲ့ သော်လည်းကောင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများနဲ့သော်လည်းကောင်း အံဝင် ခွင်ကျ အကျိုး ပေး တတ်သူလည်း ဖြစ်ပါတယ်။….ဝေးမြေရပ်ခြားမှာ ချစ်ခင်သူတွေ နဲ့ ဆုံဆည်းရ တတ်တဲ့ကံလည်း ရှိတတ်ပါတယ်။ ကိုယ်တစ်ကယ်ချစ်ရမယ့် ရင်းနှီးသူအချို့နဲ့ မုန်းတီးရတတ်ပြီး….သူစိမ်း တစ်ချို့နဲ့ တော့ သံယောဇဉ် တွယ်စရာ ဖြစ်ရ တတ်သော ထူးဆန်းသည့် မေတ္တာရေးကံ ရှိတတ်သူပါ။ ဒီနေ့မွေးဖွားသူများသည် ထူးထူးခြားခြား အလိုလိုသိတတ်သူ၊ အလွန်နားလည်နိုင်စွမ်းရှိပြီး အလွန်ကောင်းမွန်တဲ့ ဗီဇရှိတတ်ပါတယ်။ မိမိတွင် အများစုအားဖြင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည် သို့မဟုတ် အနည်းဆုံးအလွန်တိကျပြီး ထူးခြားဆန်းပြားသော အတွေးအမြင် သစ်များလည်း ရှိပါသည်။ မိမိသည် စိတ်ကူးယဉ်ဆန်သူ သစ္စာရှိသူဖြစ်ပြီး တစ်ခါတစ်ရံ ခက်ထန်သည်ဟု ယူဆ ကြပေမယ့် အခြားသူများက မိမိ၏ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှုအားလုံးကို အထင်ကြီးလေးစားပါသည်။ မိမိသည် အရာရာကို တစ်ဇွတ်ထိုး ခေါင်းမာတတ်သော်လည်း၊ မျှတသော စိတ်စေတနာကောင်းများ ရှိနေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၆) နာရီမှ ညနေ(၆း၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သံပုရာရည် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း