loading

31.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 31.March .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလဆုတ်(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၆)လုံးအနေဖြင့် ကျော်ကြားမှုကိုပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး အိမ်ပြင်ခြင်း၊ အိမ်တက် လုပ်ခြင်း၊ဆံသ ခြင်း၊ ခေါင်းဆေးခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်းပါ တယ်။

အိမ်ထောင်ပရိဘောဂများဖြစ်တဲ့ ခန်းဝင်ပစ္စည်းများ ၊ဧည့်ခန်းပစ္စည်းများ၊ စားပွဲကုလားထိုင်များ ဝယ်ယူလို့ အထူး ကောင်းနေတတ်ပါတယ်။ဆေးဖော်ခြင်း၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဒီနေ့မှာဆောင်ရွက်လို့ အဆင်ပြေ အောင်မြင်တတ်ပါ တယ်။ လယ်ယာစိုက်ပျိုးခြင်းများစတင်ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။

သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ဖျော် ဖြေရေးနဲ့ပတ်သက်သောလုပ်ငန်းများ၊ ဂီတ၊သီချင်း၊ရုပ်ရှင်များလဲ အထူး အဆင်ပြေအောင်မြင်တတ်ပါတယ်။ ဒီနေ့မှာဘုရားတည်တာ၊ထီးတင်တာ၊အနေကဇာတင်တာ၊မိမိရဲ့ အဆောင် ပစ္စည်း တွေကို သိဒ္ဓိတင်တာမျိုးတွေလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားဆင်းတုတော်များစတင်ပင့် ဆောင်ခြင်း၊ ဘုရား၊ ရဟန္တာပုံတော်ကားချပ် များစတင် ချိတ်ဆွဲခြင်းများဆောင်ရွက်လို့အထူးကောင်းပါတယ်။

မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦးတစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့ နေ့ရက်ပါပဲ။ ရေလမ်းခရီးများသွားလာဖို့ကိစ္စကြုံရင်လဲ စိတ်ပူစရာမလိုတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်း နေ တဲ့နေ့ရက်ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။ ဘုရားဖူးခရီးထွက်ခြင်း၊ဥပုသ်သီလ ဆောက် တည် ခြင်းများလဲ ဆောင်ရွက်လို့အထူးကောာင်းတဲ့နေ့ပါပဲ။

            ယနေ့ အကြီးအကဲများနှင့် တွေ့ဆုံရန် ရက်ကောင်းဖြစ်သည်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင် ရွက် နိုင်မည်။ ကုန်သွယ်ရောင်းဝယ်ခြင်းကိစ္စတို့တွင် အညံ့ရှိတတ်သည်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ မပြု သင့်ပါ။ ယနေ့ ဝယ်ယူ သိုလှောင်သော ကုန်ပစ္စည်းများ ရန်သူမျိုးငါးပါးအန္တရာယ်ကြုံ၍ ပျက်စီးတတ်သည်။ အလော တကြီး ဝယ်ယူခြင်းမပြုရ။ ကုန်ပစ္စည်းအတုအယောင်များ၊ စာရွက်စာတမ်းအတုအယောင်များနှင့် ကြုံတွေ့ရတတ် သည်။  ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၄၈)နာရီမှ နံနက်(၉း၄၀)နာရီအတွင်း အတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက်ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း၏။

            ယနေ့သည် ဘေးဉပါဒ်ကို ဖြစ်စေတက်သော ဗျာတိပါတယုဂ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကောင်းသော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝမသင့်ပါ။ ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုး ခြင်း၊ မျိုးစေ့ချခြင်း၊ ပျိုးကြဲခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းပါသည်။ တိရစ္ဆာန်မွေးမြူခြင်း အလုပ်များ နှင့် သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည်ဖြင့် သင့်လျော်မှု အရှိဆုံးဖြစ် နေပါသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး ဖွား သူများသည် ထက်မြက်တဲ့စိတ်ရှိပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ တွေးခေါ်ရှင်တစ်ယောက်ပါ။ တခြားသူ တွေက မိမိရဲ့ရိုးသားမှုကို အသုံးချတတ်သဖြင့် သတိပြုသင့်ပါသည်။ မိမိမှာ ထူးခြားဆန်းကြယ်ပြီး ပျော်စရာကောင်းတဲ့ ဘုန်းကျက်သရေရှိပြီး စတိုင်လ်ကျကျ နေထိုင် ဝတ်စားတတ်သူတစ်ဦး ဖြစ်ပါသည်။ မိမိသည် အပေါ်ယံကိစ္စများကို ကြိုက်နှစ်သက်သူမဟုတ်ပါ။ အရာရာကို လက်တွေ့ကျကျ ကြိုးစားလုပ်ကိုင် ဆောင်ရွက်တတ်သူ ဖြစ်ပါသည်။ ကံ ကောင်း စွာပင်၊ မိမိသည် အလွန်ထူးခြားပြီး ခန့်မှန်းရန် အလွန်ခက်ခဲသောကြောင့် မိမိအား မည်သူမျှ အနီးကပ် ဒုက္ခ ပေးရန် လွယ်ကူခြင်း မရှိနိုင်ပါ။ မိမိဟာ တက်ကြွပြီး သတ္တိရှိသကဲ့သို့  လေးနက်တဲ့ တွေးခေါ်နိုင်စွမ်းလည်း မြင့်မား ပါ တယ်။ ချောမောလှပသော ရုပ်ဆင်း လက္ခဏာနှင့် ပြည့်စုံပြီး တောက်ပသော မျက်လုံးရှိကာ ဆွဲ ဆောင် မှုအားကောင်း တတ်ပါ သည်။ မျက်နှာအနေ အထား မှာ ပြည့်ဖြိုးပြီး ကြီးမားကာ လည်ပင်းတုတ်ခိုင်တတ် ပါသည်။ ရင်အုပ်ကျယ်ပြန့် တတ်ပြီး ပခုံး၊ ခါး၊ ဒူးခြေဖဝါးကြီးမား တတ်ကာပေါင်တံအလွန်လှပ၍ ခြေသလုံးတုတ်ခိုင်တတ် ပါသည်။ ၎င်း အပြင် လက် ပြင် ကုန်းတတ်ပါသည်။ မျက်နှာ တွင် မှဲ့ (သို့မဟုတ်)အမှတ် အသားရှိတတ်ပြီး ယဉ်ကျေး သိမ့်မွေ့သော ဟန်ပန် အမှု အရာ လည်းရှိ တတ်ပါသည်။ပညာ အားနှင့် ငွေကြေးဓနအင်အား ကောင်းတဲ့သူဖြစ်တာမို့ ကျန်းမာရေးကိုသာ ဂရု စိုက် ပေးဖို့ အထူးလိုအပ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၆) နာရီမှ ညနေ(၆း၁၈)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓံ ပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွက်လှပန်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *