loading

7.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 7.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလဆုတ်(၁၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၇)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း လိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရ ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဓားလှံလက်နက်များထုတ်လုပ်ခြင်း၊ ခဲယမ်းမီးကျောက်များထုတ်လုပ်ခြင်းနှင့် အရက်သေစာများ ထုတ် လုပ် ရောင်းချခြင်းများလဲ ဒီနေ့မှာ အထူးဆောင်ရွက်လို့ကောင်းပါတယ်။လျှပ်စစ်နဲ့ပက်သက်သောလုပ်ငန်းများ အထူး အဆင် ပြေ တတ်ပါတယ်။ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များရောင်းအား တတ်ပါလိမ့်မယ်။ လက်လျော့လိုက်ပြီး မလုပ် ဖြစ်ဘဲပစ်ထားတဲ့အလုပ်တွေကိုပြန်လည်လုပ်ကိုင်ဆောင်ရွက်ကြည့် ပါ။ အထူးပဲအဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ငွေကြေးအတွက်လဲ ရပိုင်ခွင့်တွေကိုရလာပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်တဲ့ငွေများ၊လက်လွန်ထားတဲ့ငွေများ ပြန်ရလွယ် တဲ့နေ့ရက်တွေပါပဲ။မြစ်တွေ ချောင်းတွေ အင်းအိုင်တွေမှာ ရေကူးတာ၊ရေကစားတာမျိုးတွေအထူးပဲ ရှောင်အပ်ပါ တယ်။

ရက်တံခွန်ကျတဲ့နေ့ရက်ဖြစ်တာကြောင့် စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး ၊ပညာရေး၊အလုပ်ကိစ္စရေးရာအဖြာဖြာေ တွေမှာစတင်ဆောင်ရွက်လို့ ရေရှည်အောင်မြင်မှုတွေရနိုင်တာကိုတွေ့ရပါတယ်။အိမ်မွေးတိရိစ္ဆာန်များ ဝယ်ယူခြင်း ရောင်း ချခြင်း စတင်မွေးမြူခြင်းများလဲ ဒီနေ့မှာပြုလုပ်ဆောင်ရွက်လို့အထူး ကောင်းပါတယ်။

            ယနေ့တွင် ရပိုင်ခွင့်များကို ပြန်လည်တောင်းဆိုရနိုင်ပါသည်။ ပစ္စည်းလှောင်ခြင်း, ဈေးကစားခြင်းများ မပြုရပါ။ စာရွက်စာတမ်းကိစ္စများ ပြောဆိုအောင်မြင်နိုင်ပါသည်။ အရပ်ဝေးနှင့် ချိတ်ဆက်ဆောင်ရွက်ရသော ကိစ္စများ ဆောင် ရွက်အဆင်ပြေနိုင်ပါသည်။ အရောင်းထိုင်ပစ္စည်းများ ပြန်လည်ရောင်းချရန် အဆင်ပြေမည်။ မူလလက်ဟောင်း ပစ္စည်းများ ပြန်လည်ရောင်းချရန် အဆင်ပြေခြင်းများရှိမည်။   အလှူမင်္ဂလာကိစ္စများ၊ ဘာသာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်မည်။ ဈေးကွက်သစ် ဖွင့်ခြင်း၊ ဈေးနှုန်းသစ် သက်မှတ်ခြင်းများ ဆောင်ရွက်နိုင်မည်။ ပညာအတက်များ စတင်သင်ကြားနိုင်မည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင် ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၂၁)နာရီမှ နံနက်(၉း၁၃)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင် ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း ၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် အတွေ့အကြုံအသစ်များအတွက် အမြဲဆာလောင်နေတတ်ပြီး ဤစရိုက်လက္ခဏာ များ သည် ပင် ဘဝကို အများတကာထက် ပို၍စိတ်ဝင်စားစရာ ဖြစ်စေသည်မှာ သေချာပါသည်။ အလွန်တီထွင်ဆန်း သစ် ပြီး အမြဲတမ်း ဆန်းသစ်သော ဖန်တီးမှုများဖြင့် ဘဝကိုအေးဆေးစွာ ဖြတ်ကျော်တတ်သည်။ မိမိဘဝကို သာမာန် လူများကဲ့သို့ ပေါ့တိပေါ့ပျက် ဖြတ်သန်းနေထိုင််ရခြင်းကို အလွယ်တကူငြီးငွေ့လွယ်ပြီး ခက်ခဲသော စိန်ခေါ်မှုများနှင့်သာ မိမိသည် ပို၍ကြီးကျယ်မြင့်မြတ်သော အောင်မြင်မှုကို ဆောင်နိုင်သည်၊ အစွမ်းထက်သော အစပျိုးမှုဖြင့် မိမိသည် အလွန် ထက်မြက်သော တက်ကြွမှု ရှိသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် နာမည်ပေးမှန်ဖို့အထူးလိုပါတယ်။ မူလကံကအားကောင်းပြီးသားဆိုပေမဲ့ နာမည်ကို သောကြာနံတွေ၊စနေနံတွေနဲ့ အဆုံး သတ်မှည့် လိုက်ရင်တော့ အထူးကံညံ့သွားတာ၊ကလေးဘဝဆို စာကို စိတ်မဝင်စားတာ၊ရိုင်းစိုင်းတာမျိုးတွေထိ ဖြစ်လာတတ်ပါတယ်။ နာမည် ပေးမှန်ရင်တော့ ပညာရေးကံအထူးကောင်း တာ ကိုတွေ့ရပါတယ်။ သားသမီးတွေကို ပညာရေးမှာ ထိပ်ဆုံးရောက် အောင်မြင်ချင်တဲ့မိဘများအတွက် စိတ်ချမ်း သာရမဲ့ ဖွားဇာတာမျိုးပဲဖြစ်ပါတယ်။ အရေ ပြား နဲ့ အာရုံကြောလေးတွေ အနဲငယ် အားနဲလွယ်သည့် ဇာတာရှင်လေး တွေလည်း ဖြစ်တယ်။ အပူလောင်တာ၊ အရေ ပြားထိခိုက်တာမျိုးလေးတွေ ၊ အာရုံကြောထိခိုက်တာမျိုးလေးတွေ မဖြစ်အောင် တော့ ဂရုစိုက်ပေးရမယ့် ဖွားဇာတာ လေးတွေပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၇) နာရီမှ ညနေ(၆း၂၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူပြီး “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ် ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သရက်ချဉ်သုပ် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *