ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ခူးလဆန်း(၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ အမြိတ္တစုတ် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၂)လုံး အနေဖြင့် မင်္ဂလာ ကျက်သရေရှိသော တီထိရက်ဖြစ်ကာ ဘုရားဆင်းတု စသော မိမိကိုး ကွယ်သည့် ဆင်းတု၊ ရုပ်တုတော်များ၊ ပုံတော်၊ ကားချပ်များ တပ်ဆင် နေရာချနိုင်ခြင်း၊ အင်္ဂလာအခမ်းအနား၊ အလှ အပ ပြုပြင်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ မင်းအစိုးရ၊ အုပ်ချုပ်သူတို့နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ ဘဏ္ဏာရေးလုပ်ငန်း၊ စစ်တပ်နှင့် ပတ်သက်သောလုပ်ငန်း များ၊ ခရီးသွားလာခြင်း၊ တီးမှုတ် ကခုန်ခြင်း၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများနှင့် အိမ်ထောင်ပြု မင်္ဂလာတို့အတွက် ကောင်း သော တီထိကာလ ဖြစ်သည်။ အသစ်ဖန်တီးခြင်း၊ မင်္ဂလာကျက်သရေနှင့် ဆိုင်သော လုပ်ငန်းအမျိုးမျိုး လုပ်ဆောင် နိုင်သော တီထိရက်ဖြစ်ပြီး ကံကောင်းခြင်း၊ ကံကောင်းခြင်းသဘောဆောင်သည့် ဘဒြတီထိဖြစ်သောကြောင့် မင်္ဂလာ ဆောင်၊ အိမ်ထောင်ပြု၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည့် အလုပ်များ၊ ယာဉ်ကား စသည် တို့ဖြင့် ခရီးသွားခြင်း၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများအတွက် ကောင်းမွန်သော တီထိရက် ဖြစ်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၀၉)နာရီမှ နံနက်(၉း၀၁)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် ခိုင်မာတဲ့စိတ်ထား၊ ပျော်ပျော်နေတတ်ကာ၊ သတ္တိရှိပြီး ဆွဲဆောင်မှုကောင်းပါတယ်။ မိမိသည် သူတစ်ပါးအပေါ် အလွယ်တကူ လွှမ်းမိုးဦးဆောင်နိုင်ပြီး စိန်ခေါ်မှုများကို ရှေ့တိုးရင်ဆိုင်တိုက်ခိုက် နိုင်ပါ သည်။ မိမိ ဘဝကို ဦးတည်လုပ်ဆောင်ရမည်ဆိုတာကို တိတိကျကျ ပြောပြဖို့ခက်ခဲနိုင်ပေမယ့် ဖြစ်ပေါ် ကြုံတွေလာ သည့် အခြေ အနေအပေါ် မူတည်၍ ချက်ခြင်း ဆုံးဖြတ် လုပ်ကိုင်တတ်သူ ဖြစ်ပါသည်။ ဒါကြောင့် မိမိရဲ့ကိုယ်ပိုင် အရှိန် အဟုန်ကို မိမိအထက် ပို၍ ထက်မြက်သူ ပို၍ အရည်အချင်ရှိသူများက သတ်မှတ်မှသာ အကောင်းဆုံး ရလဒ် ဖြစ်နိုင် ပါသည်။ မိမိသည် ဟာသဆန်ဆန်ဖြင့် ပျော်ရွှင်ပေါ့ပါးစွာ သွားလာနေထိုင်သဖြင့် မိမိ၏ ဘဝတစ်လျှောက်လုံး အမြဲ တမ်း လိုလို ပင် ငယ်ရွယ်နုပျိုနေပေလိမ့်မည််။
ဒီနေ့မွေးသူများဟာ စီးပွားရေးမှာထိပ်ဆုံးရောက်အောင်မြင် နိုင်ကြသူတွေဖြစ်ပါ တယ်။ ငွေကြေးချောင်လည်ကြ လိမ့် မယ်။ အလုပ်အောင်မြင်ပြီဆိုရင်လဲ တစ်ခုထက်မကသော စီးပွားပေါင်းများစွာ၊အလုပ် ပေါင်းများစွာ၊ဆိုင်ခွဲပေါင်း များ စွာ နဲ့ အောင်မြင်တတ်ကြပါတယ်။ အားနည်းချက်ဆိုလို့ အိမ် ထောင်ရေးကံအားနည်းခြင်းဆိုတဲ့အချက်သာတွေ့ရ ပါ တယ်။ ပညာရေးမှာလဲ အားနည်းချက်ဆိုလို့ အိမ်နဲ့နီးတဲ့ ကျောင်းတွေထက် အိမ်နဲ့ဝေးတဲ့ကျောင်းတွေတက်ရောက် သင် ကြားရတာမျိုး၊ နိုင်ငံခြားသို့သွားရောက်ပညာသင်ကြား ရတာမျိုးတွေကြုံဆုံရတတ်ပါတယ်။အသက် ၂၈ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံးဘဝကို ရရှိနိုင်ကြတဲ့ ရင်သွေးငယ်များပဲဖြစ်ကြပါလိမ့်မယ်။ မိန်းကလေးရင်သွေး ငယ်ဖြစ် တယ်ဆိုရင်တော့ ကလေးငယ်ကို အိမ်ထောင်ပြုတဲ့ ကိစ္စတွေမှာ မိဘတွေအနေနဲ့ ထိန်းကွပ်ပေးနိုင်ဖို့ အထူး လိုအပ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၇) နာရီမှ မွန်းလွဲ(၁း၄၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အနုတ္တရော ပုရိဿ ဓမ္မသာရတိ” (၉)ခေါက် ရွတ် ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း