ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ခူးလဆန်း(၅)ရက်၊ စနေနေ့၊ သင်္ကြန်အကြိုနေ့လဲ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ အမြိတ္တစုတ်၊ သမားညို၊ မဟာရက်ကြမ်း ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၅)လုံးအနေဖြင့် ချမ်းသာသုခကိုပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော် သော တီထိဖြစ်ပါသည်။ ပညာသင်၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အာဟာရ စတင်ကျွေခြင်း၊ အပင်များအား ဓါတ် မြေ ဩ ဇာကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ တည်ငြိမ်သော အလုပ်၊ လှုပ်ရှားရသော အလုပ်အကိုင် များအားလုံး အလုပ်မျိုးစုံ လုပ်ကိုင်နိုင်ပါသည်။ သို့သော် ဤရက်တွင် ငွေချေးခြင်းများ မပြုလုပ်ရပါ။ လုပ်ငန်းသစ်များ စတင်ခြင်းတွေ၊ အလုပ်သစ်စတင်လျှောက်ခြင်းတွေအထူးကောင်းပါတယ်။ အသက်မွေးဝမ်း ကြောင်း ပညာပဲဖြစ်ဖြစ်၊ ကျောင်းပညာရေးပဲဖြစ်ဖြစ် ပညာရပ်နှင့်ပတ်သက်သောအလုပ်စီးပွားများအထူးကောင်း ပါတယ်။
ရေနှင့်ပတ်သက်သော ငါးမွေးမြူရေးလုပ်ငန်းများ အထူးအောင်မြင်နိုင်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့ရက်တွေ မှာ တွေးနိုင် လေ စဉ်းစားနိုင်လေ လမ်းမှန်ပေါ်ရောက်လေပါပဲ။ အလုပ်တွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သံယောဇဉ်ကို ဦးစား ပေးပြီး လုပ်ကိုင်ဆောင်ရွက်မိရင်တော့ အမှားများတတ်ပါတယ်။သတိထားဖို့ပါ။
အလုပ်နဲ့ပတ်သက်ပြီး တိုးတက်မှုတွေအလွန်ကြုံရတတ်ပါတယ်။ ကြိုးစားတဲ့သူတွေအတွက် အခွင့်အလမ်းကောင်း တွေပေါ်လာတတ်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်း စတဲ့အလှူနဲ့ပတ်သက်သောမင်္ဂလာများ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။အိုးအိမ်နဲ့ပတ်သက် သော ကိစ္စများလဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကောက်ပဲသီးနှံတွေကို ဓာတ်မြေသြဇာကျွေး ခြင်းများလဲအထူးဆောင်ရွက် လို့ သင့်ပါတယ်။ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိဖြစ်ပြီး နန်းတတ်ခြင်း၊ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်းများ လုပ်ဆောင်နိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၅၈)နာရီမှ နံနက်(၈း၄၉)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မိဂသီ နက္ခတ်သည် ခရီးများ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ ဖောင်ဒေရှင်း များအတွက် သင့်တော်ပါသည်။ ဤနက္ခတ်သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်၊ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့်လည်မှု၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက်ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်းကျားကုလားအုတ်၊ နွား စသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ရေ မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊မွန်းလွဲ ၁နာရီ၄၅မိနစ်ကျော်ရင် မေထုန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အောင်မြင်မှုကို တစ်စိုက်မတ်မတ် ဦးစားပေးတဲ့သူ တစ်ယောက်ဖြစ်ပါသည်။ မိမိ၏ အောင်မြင်မှုပန်းတိုင်ဆီ လျှောက်လှမ်းရာလမ်းကြောင်းတစ်လျှောက် ဖြေးဖြေးမှန်မှန် နှင့် လျှောက်လှမ်းနေတတ် သော် လည်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လကြောင့် အဆုံးပိုင်းတွင် အမြဲပျော်ရွှင်ရတတ် ပါသည်။ မိမိသည် အချို့ခက်ခဲသော လုပ်ငန်းကိစ္စများကို စွန့်စားဆောင်ရွက် လိုသော်လည်း၊ မိမိသည် အရာရာကို စိုးရိမ်သောက စိတ်များဖြင့် တွေဝေနေ မိ၍ အချို့ကို လက်လွှတ်ဆုံးရှုံးရတတ်ပါသည်။ အရာရာကို အမှားအယွင်းနည်း အောင် အထူးသတိထား ဆောင်ရွက် လုပ်ကိုင် နေရသဖြင့် အရာရာတွင် အခက်အခဲများစွာကို ကြုံတွေ့ ဖြတ်ကျော်ပြီး မှသာ အဆုံးသတ်အောင်ပန်းကို ဆွတ်ခူးနိုင်လိမ့်မည် ဖြစ်ပါသည်။ တစ်ခါတစ်ရံ မိသားစုထက် မိမိ၏ လုပ်ငန်း ဆောင်တာ များကို အမြဲဦးစားပေး ဆောင်ရွက် နေတတ်ခြင်းကြောင့် မိသားစုအတွင်း မလိုလားအပ်သော ပြဿနာများ ကြုံတွေ့ရ နိုင်သဖြင့် အထူးသတိ ထား သင့်ပါသည်။ ဒီနေ့ မွေးသူများဟာအခက်အခဲတွေဘယ်လိုပဲရှိ ပါစေ.. ကျော် လွှားနိုင်ပါလိမ့်မယ်။ လူချစ်လူခင် ပေါ များ တယ်။ လုပ်ငန်းရှင်၊ သူဌေးကြီးတွေရဲ့ အားအကိုးရဆုံးလူယုံ တွေ ဖြစ် တတ်ပါတယ်။ကျန်းမာရေး အားကောင်း ကြ သူတွေဖြစ်တတ်ပြီးတော့ အိမ်ထောင်ရေးကတော့ ကမောက်ကမ ဖြစ်လွယ်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကံအား ကောင်းတဲ့သူမျိုးတွေဖြစ်ကြ ပါတယ်။ ခရီးသွားလုပ်ငန်း၊ပညာရေး လုပ်ငန်း၊ ဂိုက်လုပ်ငန်းများနဲ့ အကျိုးပေးအောင်မြင် တတ်ကြတဲ့သူတွေဖြစ်ကြပါ တယ်။ အရွယ်လွန်တတိယအရွယ် ရောက်တဲ့အခါ ဘာသာရေးဘက်ကိုနွယ်သွားပြီးတော့ တရားရှာ၊တရားရတတ်တဲ့ သူမျိုးတွေအဖြစ်လဲ ဒီလိုဇာတာမျိုး ကိုတွေ့ရလေ့ရှိကြပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၉) နာရီမှ နံနက်(၁၀း၃၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အညိုရောင် နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူကာ “ဝိဇ္ဇာစရဏ သမ္ဗန္ဓော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တည်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း