loading

၁၃၈၆ ခုနှစ်အတွင်း သောကြာသားသမီးများအတွက် တစ်နှစ်စာဟောကိန်း

  • Home
  • Blog
  • ၁၃၈၆ ခုနှစ်အတွင်း သောကြာသားသမီးများအတွက် တစ်နှစ်စာဟောကိန်း

            ၁၃၈၆ခုနှစ်အတွင်း သောကြာသားသမီးများဟာ အဖြူအမဲရောထွေးတဲ့ ကံကြမ္မာမျိုးကိုရင်ဆိုင်နေရတတ်ပါ တယ်။ ကံကောင်းမှုတွေရှိလာနိုင်သလို အဆင်ပြေမှုတွေရဲ့နောက်မှာလဲ အခက်အခဲလေးတွေ ကပ်ပါလာတတ်တာကို တော့မေ့ထားလို့မရပါဘူး။ ဒီလိုနှစ်မျိုးမှာ သောကြာသားသမီးတွေဟာ အလှမ်းကျယ်လို့မရပါဘူး။ အလှမ်းကျယ်ရင် အလယ်လတ်သွားနိုင်တာမို့ စီမံကိန်း ကြီးကြီးမားမားတွေကို သတိနဲ့ယှဉ်တွဲလုပ်ကိုင်စေချင်ပါတယ်။မိမိရဲ့ဥာဏ် ပညာ ကိုအသုံးချခြင်း(သို့) မိမိထက် ဥာဏ်ကြီးသူတွေဆီက အကြံဥာဏ်ယူပြီး လုပ်ကိုင်ခြင်းဖြင့် အဘက်ဘက်က အဆင်ပြေ ခြင်းတွေကြုံရတတ်ပါတယ်။

            ရင်းနှီးမြုပ်နှံမှု အသေးလေးတွေ စတင်ချင်တယ်ဆိုရင်တော့ အားပေးပါတယ်။ငွေနည်းနည်းကစလို့ မိမိတို့ ကျွမ်းကျင်ရာနယ်ပယ်မှာ ရင်းနှီးမြုပ်နှံကြည့်ပါ။အကျိုးရလဒ်တွေရလာတတ်ပါတယ်။ နောက်ခံဘက်ဂရောင်းကောင်း သူတွေအတွက် မိမိကသာ အိုင်ဒီယာရှိပါစေ…ငွေထုတ်ပေးမဲ့သူတွေရှိနေတတ်တာကိုတွေ့ရပါတယ်။ ငွေအားလူအား နဲ့ နောက်ကနေ တွန်းတင်ပေးမဲ့ သူတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။

            အုတ်မြစ်ချခြင်းဆိုတဲ့စကားဟာ ဒီနှစ်သောကြာသားသမီးတွေအတွက်ဖြစ်ပါလိမ့်မယ်။မရွှေ့မပြောင်းနိုင်တဲ့ အိမ်၊တိုက်ခန်း၊ကွန်ဒို၊ခြံမြေ၊လယ်ယာတွေကို ဝယ်ချင်တာမျိုးရှိရင် ဒီနှစ်ဆောင်ရွက်လို့ အလွန်ကောင်းပါတယ်။  ခြံမြေ လေးရှိလို့ အိမ်ဆောက်ချင်တယ်…တိုက်ဆောက်ချင်တယ်…လိုင်းခန်းလေးတွေ ဆောက်ချင်တယ်ဆိုတဲ့သူတွေ ဆန္ဒ ပြည့်ဝသွားတတ်ပါတယ်။ ဒီနေရာ ဒီမြို့လေးမှာအခြေချချင်တာမျိုးတွေ၊ နိုင်ငံခြားမှနေဖို့ spass/ PR လျှောက်ချင်တာ မျိုးတွေရှိရင် ဒီနှစ်မှာ ကြိုးစားကြည့်ပါ..အောင်မြင်လွယ်တာကိုတွေ့ရပါတယ်။

🧑‍🏭အလုပ်အကိုင်နှင့်စီးပွားရေး

            သံလိုက်ဓာတ်အားကောင်းပြီး လူအများကို ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းနိုင်မဲ့နှစ်ပါပဲ။လူတွေဟာမိမိ ပြောတာကို လက်ခံလာကြတာမျိုးတွေ၊ နားထောင်ကြတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဝန်ထမ်းလခစားတွေဆိုရင်လဲ အလုပ်တာဝန်တွေများပြားလာတတ်ပါတယ်။ ရံဒးချိန်ပြင်ပ အချိန်ပို တွေပါလုပ်နေရတတ်တဲ့နှစ်ပဲဖြစ်ပါတယ်။ လုပ်ကိုင်ရတဲ့ ပုံစံပြောင်းလဲခြင်း၊ ဖွဲ့စည်းပုံပြောင်းလဲခြင်းတွေကြောင့် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မရတာမျိုးတွေကြုံရ တတ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရသူများနေရာတွေမှာ အစားထိုးတာဝန်ထမ်းဆောင်ရတာမျိုးတွေလဲ ဖြစ်ရတတ် ပါတယ်။အစိုးရဝန်ထမ်းဆိုရင်လဲ မြို့နယ်၊ဌာန၊နေရာ၊ရာထူး အပြောင်းအလဲ တွေဖြစ်တတ်ပါတယ်။ အသက်အားဖြင့် ၂၀နှစ်၊၂၂နှစ်၊၂၇နှစ်၊၂၉နှစ်၊၃၄နှစ်၊၃၆နှစ်၊၄၁နှစ်၊၄၃နှစ်၊ ၄၈နှစ်၊၅၀နှစ်၊ ၅၅နှစ်၊၅၇နှစ် အသက်အပိုင်းအခြားထဲ‌ရောက် နေတဲ့ သောကြာသားသမီးတွေဟာ အလုပ်မှာအဆင်မပြေတော့ဘဲ နှုတ်ထွက်ရခြင်း၊ကိုယ်တိုင်ကိုယ်ကျ အလုပ်ထွက် ခြင်း၊အနားပေးခံရခြင်းတွေ ကြုံရတွေ့ရတတ်ပါတယ်။

            ကိုယ်ပိုင်စီးပွားရေးသမားတွေကတော့ ဒီနှစ်မှာ ကျောထောက်နောက်ခံ ကူညီပံ့ပိုးမဲ့သူတွေကြောင့် စီးပွားရေး ဦးမော့လာနိုင်ပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နေရတဲ့သူများအတွက်ကတော့ မလိုအပ်တာတွေမကုန်အောင် ချွေ တာပါ။ စီးပွားရေးကိုကျစ်ကျစ်လစ်လစ် တည်ဆောက်ပါ။မနိုင်ဝန် မထမ်းလိုက်ပါနဲ့။ဝန်နဲ့အားမျှပါစေ။ ကိုယ့်ရှိတဲ့ ဝန်ထမ်းနဲ့အလုပ်အော်ဒါနဲ့ ချိန်ဆပြီး အလုပ်လက်ခံပါ။အလုပ်လောဘ မကြီးလိုက်ပါနဲ့။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း များ၊စားသောက်ကုန်အလုပ်များ၊ဇိမ်ခံပစ္စည်း ရောင်းဝယ်ရေးအလုပ်များအထူးတိုးတတ်နိုင်ပါတယ်။လုပ်ငန်းအတွက် လိုအပ်လို့ ငွေချေးမယ်ဆိုရင်လဲ ချေးငှားရလွယ်ကူပြီး ပြန်ဆပ်ရတာ ခက်ခဲနေတတ်ပါတယ်။

💰ငွေကြေး ကံကြမ္မာ

            ငွေကြေးကံကတော့ လက်ထဲ တစ်လုံးတစ်ခဲတည်းတော့ အကောင်အထည်မပြနိုင်ပေမဲ့..ငွေက လက်ထဲမရှိ မရှားဆိုတဲ့အနေအထားပါပဲ။ငွေရှာရလွယ်သလို သုံးလို့လဲကောင်းနေတတ်ပါတယ်။ ဓနအင်အားတောင့်တင်းတဲ့မိဘ တွေရှိရင် မုန့်ဖိုးဆိုတာမျိုး များများရတတ်ပါတယ်။ ဇိမ်ခံပစ္စည်း ကားဖုန်း၊ရတနာ၊ကွန်ပျူတာ၊အလှကုန် စတာတွေကို ကိုယ့်ငွေအပြည့်အဝမသုံးရဘဲ ချစ်ခင်သူတွေက စိုက်ဝယ်ပေးတာမျိုးတွေကြောင့် အဖိုးတန်ပစ္စည်းတွေ ငွေအရမ်း မကုန်ဘဲရလာတတ်ပါတယ်။ ငွေကြေးကံ အထိုက်အလိုက်အားကောင်းနေတဲ့နှစ်ပါ။ လက္ခဏာရှားပါးတယ်ဆိုတာမျိုး ဒီလိုနှစ်မှာသိပ်မတွေ့ရပါဘူး။ ငွေကြေး လိုအပ်ပြီဆိုရင် တစ်နည်းနည်းနဲ့တော့ ဝင်လာတတ်ပါတယ်။ အပိုအလျှံဖြစ်ချင် မှဖြစ်မယ်။ သူဟာသူတော့လိုအပ်တာလေးတွေပြည့်မီသွားတတ်ပါတယ်။

❤️အချစ်ရေးနှင့် အိမ်ထောင်ရေး

            ချစ်မှုရေးရာမှာတော့ ချစ်သူမရှိသေးသူတွေ ငယ်ငယ်ရွယ်ရွယ်၊ထက်ထက်မြက်မြက်၊သွက်သွက်လက်လက်ရှိ တဲ့သူတွေကို သဘောကျနေတတ်ပါတယ်။ လုပ်ငန်းခွင်မှာ မိမိက အထက်လူကြီးဆိုလဲ မိမိလက်အောက်က စပ်စ လူးစိန်ကလေးမတွေကို သ‌ဘောကျနေမိတတ်ပါတယ်။ အချစ်စိတ်ကြောင့်ပဲ ငယ်ရွယ်နုပျိုမှုတွေကို ဖြစ်စေတတ်ပါ တယ်။ အပျိုကြီးမမများ မိမိထက်ငယ်သော လက်ရဲဇက်ရဲ ကောင်လေးတွေရဲ့ အနီးကပ်အထိအတွေ့၊အပြောအဆိုအနု အရွတွေမှာ ရုန်းထွက်ရခက်ခဲနေတတ်ပါတယ်။ ချစ်သူရှိပြီးသားသူတွေကတော့ ဒီလိုကာလတွေမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချချင်စိတ်တွေပိုများနေတယ်။ ဥပမာ အဆင်ပြေတဲ့ချစ်သူကိုရထားရင် လက်ထပ်ဖို့ထိ စီစဉ်ချင်စိတ်တွေ ဖြစ်နေပြီး..သိပ်ပြီးအစေးမကပ်တဲ့ချစ်သူရထားရင်လဲ ဒီနှစ်မှာ လမ်းခွဲဖို့၊သံယောဇဉ်ဖြတ်ဖို့ ဝန်မလေးတတ်ပါဘူး။ အိမ်ထောင်သည်များကတော့ ဘီလူးဆိုင်းတီးနေရတဲ့ကာလပါပဲ။ အရင်ကတည်းက အဆင်မပြေတဲ့ အိမ်ထောင်ရေး တွေ ရန်တကျက်ကျက်ဖြစ်နေရတတ်ပါတယ်။ သောကြာသမီးကိုယူထားပြီး ရန်ဖြစ်ရင် လက်ပါတတ်တဲ့ယောကျ်ားတွေ သတိထားပါ။ သောကြာသမီးတွေအနေနဲ့ သည်းမခံနိုင်တဲ့အဆုံး ပြန်လုပ်ကြုံဖို့ထိ ဆုံးဖြတ်ရဲသွားတာမျိုးတွေဖြစ်တတ် ပါတယ်။

🧑‍⚕️ကျန်းမာရေး

            ငွေကြေးအပိုစုဆောင်းထားဖို့လိုပါတယ်။ ကျန်းမာရေးအတွက်ငွေကုန်ကြေးကျရှိနိုင်ပါတယ်။ ရောဂါဝေဒနာ တွေပေါ်လာတတ်ပေမဲ့ ငွေကုန်ကြေးကျခံပြီးကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တဲ့ကံအခြေအနေရှိပါတယ်။ ရောဂါဖြစ် နေတာကိုမကုဘဲ မွေးထားရင် ကုသရခက်ခဲသွားနိုင်တာကိုမမေ့ပါနဲ့။ နှလုံးသွေးကြောကျဉ်းခြင်း၊ကျယ်ခြင်းဖြစ်နေသူ များ၊ Heart Attack ရှိသူများ ဒီနှစ်သတိထားဖို့လိုပါတယ်။ ဒီနှစ်ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေတာမျိုး၊ နောက်စိတည့်တည့်က ကိုက်ခဲတာမျိုးဖြစ်ရင်သတိထားပါ။ သွေးတိုးသွေးကျ၊ ဆီးချိုတတ်၊ဆီးချိုကျ၊သွေးအားနည်း စတာတွေသတိပြုစေချင်ပါတယ်။ မထင်မှတ်ဘဲ ခရီးရှည်တွေထွက်ရတဲ့ အခါ ပင်ပန်းပြီးလူနုန်းသွားတာမျိုးတွေဖြစ် တတ်ပါတယ်။ အရွယ်လွန် အသက်ကြီးသူများ တတ်နိုင်သမျှ ပင်ပန်းလွန်းတဲ့ခရီးရှည်တွေ မသွားသင့်ပါဘူး။ အသက် ၆နှစ်၊၁၃နှစ်၊၂၀နှစ်၊၂၇နှစ်၊၃၄နှစ်၊၄၁နှစ်၊၄၈နှစ်၊၅၅နှစ်၊၆၂နှစ်၊၆၉နှစ်၊၇၆နှစ် စသော အသက်အပိုင်းအခြားထဲကို ရောက် နေတဲ့သောကြာသားသမီးတွေ ကျန်းမာရေးပိုမိုဂရုစိုက်စေချင်ပါတယ်။

🫱🏼‍🫲🏾လူမှုဆက်ဆံရေး

            ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျယ်ပြန့်လာတတ်ပါတယ်။ အနီးကပ်နေသူများနဲ့ပိုမိုအဆင်ပြေလာတတ်ပါ တယ်။ အိမ်နီးနားချင်းတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။ သို့သော် အဝေးကအသိမိတ် ဆွေတွေရဲ့ မနာလိုမရှု့စိမ့်ခြင်းကို ခံရတတ်ပါတယ်။ အနီးအနားကမဟုတ်ဘဲ အွန်လိုင်းကနေ မိမိကိုတိုက်ခိုက်တာမျိုး တွေ အပုပ်ချတာမျိုးတွေ လုပ်လာတတ်ပါတယ်။ တစိမ်းတရံတွေကြားမှာ သွားရောက်အလုပ်လုပ်မဲ့သူများ သတိထား ပါ။ အစပိုင်းမှာ မိမိတိုက်ခိုက်မဲ့သူတွေ၊နေရာမပေးတာမျိုးတွေ၊ချောက်ချတာမျိုးတွေကြုံရတွေ့ရတတ်ပါတယ်။ အစိုးရ  ဥပေဒနဲ့ မလွတ်တဲ့ကိစ္စတွေ လုပ်မိရင် အတိုင်ခံရခြင်းတွေကြုံရတတ်သလို ၊အမှုအခင်းပြဿနာတွေကြောင့်လဲ လူမှု ရေးမှာ နာမည်ပျက်စရာလေးတွေရှိနိုင်တာကိုတော့ မေ့မထားသင့်ပါ။

👌ပညာရေး

            ပညာရေးမှာတော့ ဒီနှစ်က အီလည်လည်ကြီးဖြစ်နေတတ်ပါတယ်။ ရှေ့မရောက်၊နောက်မရောက်နဲ့ ဘာလုပ်ရ မှန်းမသိဆိုတာမျိုးတွေဖြစ်နေတတ်ပါတယ်။ ကိုယ့်စိတ်ကို စစ်ပါ။ တစ်ခုခုသင်တန်းတတ်တော့မယ်ဆိုရင် တကယ့်လုပ် ချင်ရဲ့လား…တကယ်ရောဆုံးဖြတ်ချက် ချပြီးပြီးလား…ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ လုပ်ချင်စိတ်မရှိရင် ဝေဝါးနေရင်  ဆက်မလုပ်ပါနဲ့။ တကယ်လုပ်မယ်ဆို ဘုရင့်နောင်ဖောင်ဖျက်ဆိုသလို နောက်မဆုတ်စတမ်းကြိုးစားစေချင်ပါတယ်။ ဝေလေလေလုပ်နေတဲ့ စာသင်သားတွေအနေနဲ့ စာမေးပွဲရလဒ်မသေချာပါ။တော်ရုံသင့်ရုံကြိုးစားရုံနဲ့လဲစာမေးပွဲအောင် ဖို့မလွယ်ပါ။ ဒီနှစ်က ပညာရေးအနေအထားက ကံကြမ္မာရဲ့အထောက်အပံ့အားနည်းတယ်။ ကိုယ်တိုင်ကြိုးစားတည် ဆောက်ရမှာမို့ ဥာဏ်ဝီရိယကိုသာ အားစိုက်ကြိုးစားတာအကောင်းဆုံးပါ။  ကိုယ်တိုင်ကြိုးစားပြီး စာလုပ်နေပေမဲ့ ဘယ် မိဘကမှ အားပေးခြင်း၊အသိအမှတ်ပြုခြင်း၊ ထောက်ပံ့ပေးခြင်း မလုပ်တာကြောင့်စိတ်ပျက်အားလျော့သွားတတ်ပါ တယ်။

☯️ဆောင်ရန်၊ရှောင်ရန် ယတြာများ

 👉 ထီဝါသနာပါသူများ ထီထိုးဖို့ တိုက်တွန်းပါတယ်။ ၅၊၆ ပူးတွဲပါတဲ့ ထီလက်မှတ်တွေကို ကံစမ်းပါ။

💥တတ်နိုင်သ၍ မင်းအစိုးရဥပဒေနဲ့ ငြိစွန်းသော စီးပွားရေးကိုရှောင်ပါ။ ကျန်းမာရေး မပေါ့ပါနှင့်။

💥 ကံအားနည်းနေပြီလို ထင်တာနဲ့ အာဟာရကုသိုလ်တွေလုပ်ပါ။စတုဒိသာကျွေးပါ။ဘိုးဘွားရိပ်သာတွေမှာ      တစ်နပ်စာအလှူဒါနလုပ်ပါ။

💥လိမ္မောရောင်ကိုရှောင်ပါ။ အရှေ့မြောက်အရပ်တွေကို သတိနဲ့သွားပါ။

💥ခရမ်းရောင်ဆောင်ပါ။ သံလိုက်တစ်တုံးကို အဆောင်အဖြစ်ဆောင်ထားပါ။

💥မကြာခဏ သော့တွေ လိုအပ်တဲ့နေရာမှာလှူပါ။ သင်္ဘောသီးမှည့် ဘုရားမကြာခဏလှူဒါန်းပေးပါ။

✅နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)ကျွန်တော့်ကို support ပေးလိုသူများ နားဆင်နိုင်ပါပြီ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉၇၇ ၅၅၅၅ ၆၉၅

ကူးယူဖော်ပြခွင့် မပြုပါ။ shareလိုက shareနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *