loading

20.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 20.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၂)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့် ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေ တာ ဖြစ်ပါတယ်။ ဆိုင်လုပ်ငန်းများ ရိုးသားကြိုးစားလို့ အောင်မြင်တဲ့ သူတွေဆိုရင်တော့ သတိထားပါဗျာ၊မနာလို သူ တွေရှိ နေတတ်ပါ တယ်။ ချောက်ချနိုင်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ရေနှင့်ပတ်သက်သော ပင်လယ်စာလုပ်ငန်းများ၊ အချိုရည် ၊အအေး၊ ရေသန့်လုပ်ငန်းများလဲ တိုးချဲ့လုပ်ကိုင်နိုင်တဲ့ နေရက်ပါပဲ။ အလှူအတန်းနဲ့ပတ်သက်သောကိစ္စ များ အမျှဝေ ရေစက်ချခြင်းများလဲ အထူးဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။

ငွေကြေးအပေးအယူကိစ္စများ၊ငွေချေးခြင်းများ၊ အာမခံခြင်းများတော့ လုံးဝမလုပ်လိုက်ပါနဲ့။ ဒီနေ့ငွေချေးမိရင်ပြန်ရ ဖို့ခက်ခဲတတ်ပါတယ်။ဒီလိုနေ့မျိုးမှာ ကုန်သွယ်စီးပွားများ ၊ကုန်ရောင်းကုန်ဝယ်အလုပ်များ အထူးအကျိုးပေးပါ တယ်။  အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ကြော်ငြာဝန်ဆောင်မှုုလုပ်ငန်းများအဆင်ပြေပါလိမ့်မယ်။ ဖုန်းနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်းတက်ပါလိမ့်မယ်။

နည်းပညာအသစ်သစ်များ ရှာဖွေတွေ့ရှိလာမဲ့နေ့ရက်လဲဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် Marketing ဆင်း တာမျိုးတွေတွေ၊ customer တွေရဲ့ လိုအပ်ချက်တွေကို survey ကောက်ယူတာမျိုးတွေအထူးပဲအဆင်ပြေ ပါလိမ့် မယ်။ ဆိုင်းငံ့ထားတဲ့ ကိစ္စအ၀၀တွေကို ပြန်လည်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အခက်အခဲအကြပ်အတည်းတွေက နေလွတ်မြောက်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းအသစ်များရှိရင် ဒီနေ့မှာမိတ်ဆက်တာ၊ကြော်ငြာတာ၊ ဖြန့်ဖြုးရောင်းချတာမျိုးတွေ အထူးကောင်းပါတယ်။ ဒီနေ့ဟာ ကြော်ငြာရင်လူသိများနိုင်တဲ့နေ့ရက်ပါပဲ။

            အလှူအတန်းကိစ္စများ ဆောင်ရွက်နိုင်ပါသည်။ ဆောက်လုပ်ရေးကိစ္စများ ဆောင်ရွက်ရန် ကောင်းသောရက် ဖြစ်သည်။ အရပ်တစ်ပါးနှင့် ချိတ်ဆက်သော လုပ်ငန်းများ အကျိုးပေးမည်။ ကတိသစ္စာပြုခြင်း၊ စာရွက်စာတမ်း လက်မှတ်ရေးထိုးခြင်းများ ပြုနိုင်သည်။ လက်ထပ်မင်္ဂလာပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။ 

            ယနေ့ ကာမမကြူးအပ်ပါ။ ရန်ပဋိပက္ခများ ဖြေရှင်းနိုင်မည်။ ရင်းနှီးမြှုတ်နှံမှုများ ဆောင်ရွက်ရန် မသင့်ပါ။ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ အစ အဖိုးထိုက်၊ အဖိုးတန်ပစ္စည်းများ ဝယ်ယူရန်မသင့်ပါ။ တက်ဈေးမိတတ်သည်။ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သည်။ စတင်သောကိစ္စမှန်သမျှ နှစ်ကြိမ်၊ နှစ်ခါ ပြန်လည်လုပ်ကိုင်ရခြင်းများ ကြုံတွေ့ရတတ်သည်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၃၀)နာရီမှ နံနက်(၈း၂၂)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြုဗ္ဗဖလဂုဏီ နက္ခတ်ကျရောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ဒီနက္ခတ်က အောက်သို့မျက်နှာမူတဲ့နက္ခတ်ဖြစ်တာမို့ အဝီစီ တွင်း တူးခြင်း၊ရေကန်တူးခြင်း၊ရတနာသတ္ထုတူးဖော်ခြင်း၊Bored pile စတင်တူးခြင်း၊ရေအောက်ငုပ်ပြီး ရတနာ ရှာ ဖွေခြင်းလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။ စာပေလုပ်ငန်း၊ စာရေးခြင်း၊ ကျောက်မျက်ရတနာတူဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်း၊ရေကန် တူးဖော်ခြင်း၊ ရှင်ပြု၊ ရဟန်းခံခြင်းကောင်းသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ညနေ ၃နာရီအထိပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မိဿ ရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် မိမိရဲ့ အခိုင်မာဆုံး အရည်အချင်းတွေထဲက တစ်ခုက မိမိရဲ့ ကြံရည်ကြံဆမှုပဲ ဖြစ်ပါတယ်။ မိမိသည် အကဲဖြတ်နိုင်မှုစွမ်းရည် ပြည့်ဝ၍ မည်သည့်အလုပ်ကို လုပ်ကိုင်ဆောင်ရွက်သည် ဖြစ်စေ အလွန်ထူးချွန်ပြီး ထူးခြားသော ရလဒ်ကောင်းများ အလွယ်တကူရနိုင်သည်။ တစ်ခါတစ်ရံ မိမိ၏ စိတ်မြန်တတ်သော အလေ့အထများကြောင့် အောင်မြင်ဖို့အတွက် နှောင့်နှေးကြန့်ကြာ သည်၊ စိတ်ရှည်သည်းခံနိုင်ခြင်း နည်းပါး တတ်ပါသည်။ စိတ်ထားဖြူစင် မြင့်မြတ်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာရေးတွင် မိမိသည် နွေးထွေးပြီး အကဲဆတ်သော စရိုက်နှစ်မျိုးရှိနိုင်သည်။ တစ်ခါတစ်ရံ ဖြစ်ချင်သည့် အရာနှင့် ဖြစ်နေသည့်အရာမှာလည်း နီးနီး လေးနှင့်ပင် ဝေးကွာနေရတတ်ပါသည်။ အခြားအရာများထက် ပျော်ရွှင်ပြီး သဟဇာတရှိသော ကိုယ်ပိုင်ဘဝသည် မိမိတန်ဖိုး ထားသောအရာဖြစ်ပေမည်။ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်မပြုပါက အိမ်ထောင်ရေးကံကောင်းတတ်ပါတယ်။ သက်လတ်ပိုင်း အသက် ၃၀ဝန်းကျင်းကစလို့ စီးပွားရေး၊အိမ်ထောင်ရေးနှင့် ဘဝအောင်မြင်ရေးအထူးကောင်းတဲ့ဇာတာပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၆) နာရီမှ နံနက်(၁၀း၃၀)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူကာ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *