၁၃၈၆ ခုနှစ်အတွင်း ဗုဒ္ဓဟူး၊ရာဟုသားသမီးများဟာ နယ်ပယ်အသီးသီးမှာ အမြင်ကျယ်လာတတ်ပါတယ်။ မိမိ တို့ကိုယ်တိုင်က ဘယ်လိုလုပ်ရင် ဘယ်လိုအဆင်ပြေမလဲဆိုပြီး ကြိုတင်တွေးတောခန့်မှန်းနိုင်လာပါလိမ့်မယ်။ ဒုက္ခ ကြားကနေ အခက်အခဲတွေကို ကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ ဒီလိုနှစ်ပိုင်းတွေမှာတော့ ဗုဒ္ဓဟူးရာဟုသား သမီးတွေဟာ လုပ်သင့်တာတွေကို ရဲရဲ ရှေ့တိုးဆောင်ရွက်လိုက်ပါ။မလုပ်သင့်ဘူးလို့ ထင်တဲ့အရာတွေကို လဲ ရဲရဲ နောက်ဆုတ်လိုက်ပါ။ ဒီလိုနှစ်ပိုင်းတွေမှာ တော့ မိမိအနေနဲ့ အကောင်းဆုံးပြင်ဆင်ထားသင့်တဲ့နှစ်လို့ ပြောပါရစေဗျ။ လုပ်ငန်းတွေကို အခြေခိုင်အောင်လုပ်ထားပါ။ ဝန်ထမ်းလခစားဆိုရင်လဲ မိမိအတွက် ရေရှည်တက်လမ်းရှိမဲ့အလုပ် တွေကိုရှာဖွေလုပ်ကိုင်ပါ။ စိတ်အားတက်ကြွစေတဲ့ စာတွေ၊video တွေကို ကြည့်ပါ။ စိတ်အားတက်ကြွစွာလုပ်ကိုင်ခြင်း ဖြင့် ထူးထူးခြားခြားအောင်မြင်နိုင်တဲ့နှစ်ပါ။

မနက်မိုးလင်းကတည်းက…ဒီနေ့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မယ်….မပျင်းဘူး။.မဖျင်းဘူး…အချိန် မဖြုန်းဘူးဆိုတဲ့ စိတ်မျိုးနဲ့လုပ်ကိုင်ဆောင်ရွက်ကြည့်ပါ။ သိသိသာသာ တိုးတတ်လာမဲ့နှစ်ဖြစ်ပါလိမ့်မယ်။ ဒီလိုနှစ်ပိုင်း တွေမှာ ထူးခြားတဲ့ကူညီမှုတွေရလာတတ်ပါတယ်။ မြင်အပ်၊မမြင်အပ် ပုဂ္ဂိုလ်တွေရဲ့ အကူအညီမျိုးတွေ၊ မိမိတို့ ပူဇော် ပသနေတဲ့ ဘိုးတော်မယ်တော်တွေဆီကနေ အကူအညီရလာတာမျိုးတွေ၊စသည်ဖြင့် မမြင်ရသော အကူအညီတွေ ၊ ဒုက္ခရောက်တဲ့အခါ ကူညီမဲ့သူပေါ်လာတာမျိုးတွေဖြစ်ရကြုံရတတ်ပါတယ်။သတိထားရမှာက မငြိမ်းချမ်းဘဲ စစ်ပွဲ တွေ ဖြစ်နေတဲ့နေရာအနီးမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဟူး၊ရာဟုသားသမီးတွေဟာ အခြားနေ့နံတွေထက် ပိုမိုအန္တရာယ်ဖြစ် လွယ် တာကိုလဲ ထင်ရှားတွေ့ရတာမို့ တိုက်ပွဲသံကြားပြီဆိုကတည်းက ဘေးလွတ်ရာသာ ရှောင်နေဖို့ တိုက်တွန်းချင်ပါ တယ်။
🧑🏭အလုပ်အကိုင်နှင့်စီးပွားရေး
ဒီလိုနှစ်ပိုင်းတွေရောက်လာပြီဆိုရင် ဗုဒ္ဓဟူးရာဟုသားသမီးတွေက မိမိမှာရှိတဲ့ အစွမ်းအစတွေကို အစွမ်းကုန် ထုတ်သုံးပြီး လုပ်ကိုင်သင့်တဲ့ကာလပါပဲ။ ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်းကိုယ်စတွေကို လုပ်ငန်းစီးပွားတွေနဲ့ ပေါင်းစပ်ပြီးလုပ် ကိုင်နိုင်မယ်ဆိုရင်တော့သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေကို ခံစားရတတ်ပါတယ်။ ငွေရှိလို့ လုပ်ငန်းတွေ ထပ်ချဲ့ ချင်တာမျိုးရှိရင်လဲ ဆောင်ရွက်လို့ရပေမဲ့..ရှယ်ယာခေါ်တာမျိုးတွေ၊ အစုစပ်လုပ်တာမျိုးတွေတော့ ဒီလိုကာလမှာ မသင့် ဘူးလို့ ကံက ပြနေတာတွေ့ရပါတယ်။ သူငယ်ချင်းတွေနဲ့ တစ်ယောက်တစ်ဝက် စပ်တူစလုပ်မယ်ဆိုရင်တော့ ဒီကာလ က အရှုံးပြနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ နိုင်ငံခြားရောက်နေတာမို့ ကိုယ်တိုင်မလုပ်ဘဲ စပ်တူသဘော ငွေလှမ်း ထည့်ပြီးသူများကိုလုပ်ခိုင်းတာမျိုးတွေလဲ အားမပေးပါဘူး။ဝန်ထမ်းလခစားတွေအနေနဲ့ မိမိတို့ရဲ့ စွမ်းဆောင်ရည် ကြောင့် ရာထူးတိုးနိုင်တာမျိုးတွေကြုံရတတ်ပေမဲ့…ရာထူးနဲ့အတူ နယ်ပြောင်းပြီးတာဝန်ထမ်းဆောင်ရတာမျိုးတွေလဲ ကြုံရတတ်ပါတယ်။ အလုပ်ကံစီးပွားကံတွေကတော့ ညံ့ဖျင်းနေတဲ့ အနေအထားမျိုးတော့ မရှိပါဘူး။
ကိုယ်ပိုင်စီးပွားရေးသမားတွေအနေနဲ့ သိသာထင်ရှားတဲ့ တိုးတတ်မှုတွေကို ရလာတတ်ပါတယ်။ ကြိုးစားသ လောက် အောင်မြင်မှုတွေကိုလဲ ပြည့်ပြည့်ဝဝရရှိနိုင်တာကို တွေ့ရပါတယ်။ ရာဟုသားသမီးတွေအနေနဲ့ကိုယ်ပိုင်စီးပွား ကံပိုမိုအားကောင်းပြီး တရှိန်ထိုး တိုးတတ်သွားနိုင်တာကိုတော့ ငြင်းလို့မရပါဘူး။ လုပ်ငန်းပိုင်း ပိုမိုကျယ်ပြန့်လာခြင်း၊ မိမိပင်မအလုပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွဲတွေ ချဲ့ထွင်လုပ်ကိုင်လာနိုင်ခြင်းစသော အကျိုးရလဒ်တွေကိုခံစားစံစားရ တတ်ပါတယ်။ဗုဒ္ဓဟူးသားသမီးတွေကတော့ လုပ်ငန်းပိုင်းအပြောင်းအလဲတွေ၊ အစိုးရရဲ့ ပေါ်လစီအပြောင်းအလဲတွေ ကြောင့် လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်လို့မရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ခေတ်ရဲ့ အပြောင်းအလဲကိုကြည့်ပြီးလုပ် တတ် ကိုင်တတ်တဲ့ ဗုဒ္ဓဟူးသားသမီးတွေကတော့ တိုးတတ်မှုထင်ရှားအောင်မြင်ပါလိမ့်မယ်။
💰ငွေကြေး ကံကြမ္မာ
ငွေကြေးကံကတော့ ဗုဒ္ဓဟူးသားသမီးတွေက ပိုကောင်းတာကို တွေ့ရပါတယ်။ ငွေကြေးစုနိုင်၊ဆောင်းနိုင်တဲ့ အထိ ငွေမြဲမယ်။ငွေကြေးတိုးပွားမှုထင်ရှားနိုင်ပါတယ်။ အသုံးအစွဲကြီးပြီး ငွေမစုတဲ့သူမျိုးတွေတောင်မှ မရှိမရှားလို့ ပြောရလိမ့်မယ်။ ငွေပြတ်သွားလဲ ခဏပါပဲ။ ဗုဒ္ဓဟူးသားသမီးတွေအတွက် အရင်ကတည်းက ကပ်စေးနည်းပြီးငွေစု တတ်သူဆိုရင် တစ်နှစ်တာပတ်လုံးငွေအမြောက်အများစုဆောင်းသွားနိုင်ပါလိမ့်မယ်။ရာဟုသားသမီးတွေကတော့ ငွေကံအားနည်းတာကို ထူးထူးခြားခြားတွေ့ရပါတယ်။ ငွေက ဝင်သလောက်ပြန်ထွက်သွားတတ်ပါတယ်။ ငွေစုရလဲ အလွန်ခက်ခဲတတ်ပါတယ်။ မိသားစု အောက်လက်ငယ်သားတွေကြောင့် ငွေကုန်တာမျိုးတွေ၊ ကျန်းမာရေးကြောင့် ငွေကုန်တာမျိုးတွေ၊စက်ပစ္စည်းအပျက်အစီးများလို့ ပြန်ဝယ်ရတာကြောင့် ငွေကုန်တာမျိုးတွေလဲ အလွန်ဖြစ်တတ်တဲ့ နှစ်ပဲဖြစ်ပါတယ်။ ကြာသပတေးဂြိုဟ်ခွင်ရဲ့ စင်ကြယ်မှုတွေကြောင့် ငွေကုန်တာ ၊အဖတ်မတင်တာလေးတွေရှိပေမဲ့ ငွေကတော့ ဗုဒ္ဓဟူးရော၊ရာဟုရော ငွေအဝင်အားကောင်းပါတယ်။ ဝန်ထမ်းတွေလစာတိုးတတ်နိုင်ပါတယ်။ စီးပွားရေး သမားတွေလဲ အရင်က လုံလည်ချာလည်ဖြစ်နေရင်တောင်မှ..ဒီနှစ်မှ အကျိုးအမြတ်ဆိုတာလေးတော့စတင်မြင်ရ တတ်ပါတယ်။
❤️အချစ်ရေးနှင့် အိမ်ထောင်ရေး
ယေဘုယျအားဖြင့် အချစ်ရေးကံကောင်းတယ်လို့တော့ ပြောလို့ရပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ထင် ထားသည်ထက် ပိုမိုကံကောင်းနေတတ်တာကိုတွေ့ရတတ်ပါတယ်။ ရင်ထဲကြိတ်ပိုးပြီး လှလွန်းသူမို့ ကိုယ်နဲ့ မတန်ပါ ဘူးဆိုပြီး ဖွင့်ပြောဖို့ အားငယ်နေတယ်ဆိုရင် ဒီနှစ်မှာဖွင့်ပြောကြည့်ပါ။ ရလဒ်ကောင်းဖို့ ၈၀% သေချာ သလောက်ရှိ ပါ တယ်။ချစ်သူခင်သူပေါများတတ်ပါတယ်။အရင်ကတည်းက အချစ်ရေးရှုပ်ထွေးတတ်သူဆိုရင် လှေနံ နှစ်ဖက်နင်းမိ တာမျိုး၊ ငါးရံနှစ်ကောင်ဖမ်းချင်တာမျိုး ဖြစ်ပြီး ချစ်သူ ၂ယောက်နဲ့ အလုပ်များနေတတ်ပါတယ်။ ဗုဒ္ဓဟူးသားသမီးတွေ အနေနဲ့ တစ်ခုတော့ သတိထားရမယ်ဗျ…၊၊ရာဟုမပါဘူးနော်။ ဗုဒ္ဓဟူးပဲ….။ဘာလဲဆိုတော့ ချစ်သူ နဲ့ အတူနေတဲ့အခါ တွေမှာ ဓာတ်ပုံ၊ဗီဒီယိုတွေ ရိုက်မထားပါနဲ့။ လိုင်းပေါ်မှာ ပြန့်သွားတတ်တဲ့ ကာလပါပဲ။ sex ကိစ္စတွေနဲ့ ပတ်သက်ပြီး အရှက်ရစရာလေးတွေဖြစ်တတ်ပါတယ်။ မိန်းကလေးတွေစုနေကြတဲ့ အဆောင်တွေမှာ နေတဲ့သူဆိုရင် လဲ သတိထား ပါ။အဝတ်အစားလဲတဲ့အခါ လုံခြုံတဲ့နေရာမှာလဲ ပါ။ မိန်းကလေးတွေချည်းပဲဆိုပြီး အကုန်ချွတ်ပြီးလဲတာ မျိုးတွေ ရှောင်ပါ။ မနာလိုသူက video ရိုက်ထားပြီး ပြန်ဖြန့်တာမျိုးတွေကြောင့် အရှက်တကွဲဖြစ်ရနိုင်တာကို တွေ့ရလို့ ပါ။
အိမ်ထောင်ရေးမှာတော့ ပျော်စရာအချိန်တွေကို ဖန်တီးလာနိုင်တာကိုတွေ့ရပါတယ်။ ကလေးရဖို့ကြိုးစား နေ သူများ သားသမီးရင်သွေးရလာဖို့ အကြောင်းဖန်လာတတ်ပါတယ်။ လင်မယားနှစ်ဦး အတူတူလုပ်တဲ့ လုပ်ငန်းစီးပွား တွေလဲ တိုးတတ်လာနိုင်တာကိုတွေ့ရပါတယ်။ အိမ်ထောင်ဘက်ဆီကနေ တန်ဖိုးကြီးပစ္စည်းတွေ လက်ဆောင်ရတတ် ပါတယ်။ ဖောက်ပြန်တာမျိုး၊အငယ်အနှောင်းထားတာမျိုးလုပ်မိရင်တော့သတိထားပါ။ ထိုအငယ်အနှောင်းကလဲ အရှုပ် ထုပ် ဖြစ်နေတတ်ပြီး သူပြဿနာမီးတောက်က မိမိဆီကူးစက်လာတတ်ပြီး မိမိအိမ်ထောင်ရေးကိုတောင် ထိခိုက်တတ် ပါတယ်။
🧑⚕️ကျန်းမာရေး
ကျန်းမာရေးကတော့ အထူးညံ့နေတာမျိုးတော့ မတွေ့ရပေမဲ့ ကျန်းမာရေးကောင်းနိုင်တယ်လို့တော့ ကံသေ ကံမ မပြောနိုင်ပါဘူး။ ထိခိုက်ရှနာဖြစ်တာမျိုးတွေ၊Accident ဖြစ်တာမျိုးတွေ သတိပြုသင့်ပါတယ်။ ဒါအပြင် ခွဲစိတ် ကုသရမဲ့ရောဂါတွေရှိရင်လဲ ဒီနှစ်မှာ မဖြစ်မနေ ခွဲစိတ်ကုသရတတ်ပါတယ်။လည်ချောင်းနဲ့ပတ်သက်သော ရောဂါ၊ အာသီရောင်ခြင်း၊အစာအိမ် အူလမ်းကြောင်း၊ အူရောင်ငန်းဖျား၊ လက်ပုခုံးခိုက်မိခြင်း၊ လည်ပင်းကြီးခြင်း စသော ရောဂါ တွေကိုအထူးဂရုစိုက်သင့်တဲ့နှစ်ပဲဖြစ်ပါတယ်။ကျန်းမာရေးက ဒီနှစ်မှာ ရုတ်တရက် ထဖြစ်ခြင်းတွေကြုံရတတ်ပါတယ်။ ရောဂါဖြစ်ရင် အရှင်းမပျောက်ဘဲ နာတာရှည်တာမျိုးဖြစ်တတ်ပါတယ်။ရောဂါကို မွေးမထားပါနဲ့။ အထူးသဖြင့်ဆေး လည်ပတ်အောင် သောက်ရတဲ့ TB လို ရောဂါမျိုးတွေဖြစ်ရင် မပေါ့ပါနဲ့။ ဆေးယဉ်ပါးပြီးဒုက္ခရောက်နိုင်တာကိုတွေ့ရ ပါတယ်။ နားမလည်တဲ့စက်ပစ္စည်းတွေကို လျှောက်ကလိတာမျိုးတွေ မလုပ်ပါနဲ့။ လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ စက် ယန္တရားတွေကို ကိုယ့်အပိုင်းမဟုတ်ဘူးဆိုရင်တော့ သွားမလုပ်ကြည့်ဖို့လိုပါတယ်။
🫱🏼🫲🏾လူမှုဆက်ဆံရေး
လူမှုရေးကဏ္ဍပိုင်းတွေကတော့ အောင်မြင်နိုင်တာကိုတွေ့ရပါတယ်။ လူမှုရေးအားကောင်းပြီး အကောင်းဆုံး လူမှုဘဝကို ဖန်တီးနိုင်တာကိုတွေ့ရပါတယ်။တစ်ခုသတိထားရမှာက ကျောင်းတော်က ရန်စတွေလို့ ပြောကြလေ့ရှိတဲ့ ဟိုးအရင်ကတည်းက ကိုယ့်ကိုရန်သူလို့သဘောထားသူတွေရှိရင် သတိထားပါ။ ထိုသူတွေက မိမိတို့ရဲ့ဂုဏ်သိက္ခာတွေ ကို ကောင်းစွာထိုးနှက်တိုက်ခိုက်နိုင်ပါတယ်။ ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင် အမှားမရှိအောင်နေထိုင်ပါ။ ရန်သူတွေကို အခွင့်အရေးမရအောင်လုပ်ထားပါ။ မိမိဆီမှာရှိတဲ့ အားနည်းယုတ်လျော့နေတဲ့အချက်တွေကို ရှာဖွေပြုပြင်ပါ။ အောက် လက်ငယ်သားတွေကို ကောင်းစွာကိုင်တွယ်တတ်ဖို့လိုပါတယ်။ အောက်လက်ငယ်သားဝန်ထမ်းတွေကို ဘက်လိုက်ပြီး ပြုမူဆောင်ရွက်တဲ့ကိစ္စတွေက မိမိကိုထိခိုက်လာတတ်ပါတယ်။ မိမိက မန်နေဂျာ ၊အုပ်ချုပ်သူ ဆိုရင် ဘယ်ဝန်ထမ်း အပေါ်မှာမှကျောသားရင်သားခွဲခြားပြီးဆက်ဆံခြင်းမျိုးမလုပ်မိပါစေနဲ့။
👌ပညာရေး
ပညာရေး ကံကောင်းတဲ့နှစ်ဖြစ်ပါတယ်။ အထက်တန်းအဆင့် ကျောင်းသားလူငယ်များ အားထည့်ပြီးသာ ကြိုးစားပါ။ သေချာပေါက်ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ အဆင့်မြင့်ဘော်ဒါတွေ၊ စည်းကမ်းစနစ်ကြီးပြီး အချိန်အတိအကျနဲ့ စနစ်တကျသင်ကြားတဲ့ကျောင်းတွေကို ရွေးချယ်ပြီး ကြိုးစားသင့်ပါတယ်။ ဒီနှစ်က မိမိရဲ့လိုချင် စိတ်နဲ့ အာရုံစူးစိုက်နိုင်မှုက သေချာပေါက် ရလဒ်ကောင်းတွေကိုဖော်ဆောင်ပေးနိုင်ပါတယ်။မိဘတွေအနေနဲ့လဲ GUIDE သဘောမျိုး ဆရာခေါ်ထားခြင်း၊ ဒါမှမဟုတ် မိဘကိုယ်တိုင်က TIME Table နဲ့ guideလုပ်ပေးနိုင်မယ်ဆို ရင်တော့ သေချာပေါက် ရလဒ်ကောင်းတတ်ပါတယ်။
အထက်တန်းအဆင့်ပြီးလို့ တက္ကသိုလ်ရွေးချယ်ရတဲ့ အပိုင်းနဲ့ အသက်မွေးမှုပညာသင်ကြားတဲ့အပိုင်းတွေမှာ တော့ မိမိတို့အနေနဲ့ သေချာရွေးချယ်တတ်ဖို့လိုပါတယ်။ လမ်းကြောင်းလွဲတာမျိုးတွေ၊ မိမိနဲ့သဟဇာတ မဖြစ်သော ပညာမျိုးတွေကို ရွေးချယ်မိတာမျိုးရောဖြစ်တတ်ပါတယ်။
☯️ဆောင်ရန်၊ရှောင်ရန် ယတြာများ
👉 စက်ပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုခြင်း သတိထားဆောင်ရွက်ပါ။
💥မပျင်းပါနဲ့။ မလေးပါနဲ့ ။ကိုယ်စွမ်းကိုယ်စကို ထုတ်သုံးပါ။
💥လက်ဖက်သုပ်လေး မကြာခဏဘုရားကပ်လှူပေးပါ။
💥နာရီအပျက်အစုတ်တွေကို စွန့်ပစ်ပါ။
💥အရေးကြီးကိစ္စတွေရှိရင် လိမ္မော်ရည်သောက်ပြီးမှသွားပါ
💥လောကဝိဒူ ဂုဏ်တော်ကို ၄၅ခေါက် နေ့စဉ်ရွတ်ပွားပါ။
✅နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)ကျွန်တော့်ကို support ပေးလိုသူများ နားဆင်နိုင်ပါပြီ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
၀၉၇၇ ၅၅၅၅ ၆၉၅
ကူးယူဖော်ပြခွင့် မပြုပါ။ shareလိုက shareနိုင်ပါတယ်။