ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၁)လုံးသည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ အိမ်ဆောက်၊ အိမ် ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာပြုခြင်း၊ ရဟန်းခံ ရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ လယ်ယာ စိုက်ပျိုးရေး၊ မေ့ဆေးပေးခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆီးလိမ်းကျံခြင်း၊ အိပ်ယာ၊ ကုတင်၊ ဧည့်ခန်း၊ ဆိုဖာ၊ ကုလားထိုင်များ ဝယ်ယူအသစ်လဲခြင်း၊ ပန်းပုထုခြင်း၊ သစ်ပင်ခုတ်ဖြတ်ခြင်း၊ အမွှေးနံ့သာ၊ ပန်းမာလာများ စီခြယ်သော Decoration များ ပြုလုပ်နိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၁၄)နာရီမှ နံနက်(၈း၀၆)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူတွေဟာ ရဲ့စွမ်းသတ္တိရှိသူ၊ပြတ်သားသူတွေ၊ရဲရဲတောက်ကြိုးစားသူတွေဖြစ်နေတတ်ပါတယ်။ ယနေ့ မွေးဖွားသူ များသည် စိတ်ဓါတ် ခိုင်မာပြတ်သားပြီး မည်သည့်အလုပ်ကို လုပ်ကိုင်ဆောင်ရွက် သည် ဖြစ်စေ စိတ်ရှည်သည်းခံ၍ အောင်မြင်ပြီးမြောက်သည်အထိ ဇွဲလုံ့လ၊ ဝီရိယအပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက် တက်သူ တစ်ဦးဖြစ်နေပါသည်။ အရာရာကို စနစ်တကျဆုံးဖြတ်လုပ်ကိုင်၍ စည်းကမ်းပိုင်းဆိုင်ရာအရ တခြားသူတွေ ဆီက လေးစားမှုကို အလွယ် တကူရနိုင်ပါတယ်။ မိမိအတွက် အရေးအကြီးဆုံးဟု ယူဆထားသည်မှာ မိမိ၏ မိသားစု၊ ပတ် ဝန်းကျင်နှင့် လုပ်ငန်း ခွင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံမှုအားလုံးကို အထူးလေးစား တန်ဖိုးထားတက်သူ တစ်ဦး ဖြစ်ပါ သည်။ ဘဝသက် တမ်း တစ်လျှောက် ပုံမှန်လမ်းရိုးလမ်းစဉ်မှခွဲထွက်၍ အသစ် အသစ်သော လုပ်ငန်းများကို လုပ် ကိုင် ဆောင်ရွက် နေတတ် ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၄) နာရီမှ မွန်းလွဲ(၁း၃၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြည်ပြာရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အရဟံ အောင်သိဒ္ဓိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးဖျော်ရည် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း