ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၈)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၀)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ စွမ်းအားကိုပေးသော အောင်မြင်မှုကိုဖြစ်ပေါ်စေသော ဇယျာတီထိကျရောက်တဲ့နေ့ ရက်ပါပဲ။စစ်ရေး စစ်ရာနှင့် ပတ်သက်သောကိစ္စများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ စစ်လက်နက်ပြုလုပ်ခြင်း၊ တပ်ဆင်ခြင်း၊ စစ်ရေး လေ့ကျင့်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။
မိမိအဖွဲ့အစည်းအတွက် ၊မိမိကုမ္ပဏီဝန်ထမ်းတွေအတွက် သင်တန်းပေးခြင်းများ၊consaltခေါ်ပြီးအကြံဉာဏ်များ တောင်းခံခြင်းများပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးနှင့်ပက်သက်သောကိစ္စများ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးကုသခြင်းများ၊ဆေးစတင်မှီဝဲခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။
အိမ်ပြောင်းခြင်း၊နေရာပြောင်းခြင်းများဆောင်ရွက်နိုင်သလို အိမ်တတ်ပြုလုပ်ခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ခရီးသွားလို့အလွန်အဆင်ပြေမဲ့နေ့ရက်ပါပဲ။ မည်သည့်ခရီးမဆိုသွားလို့သင့်တော်ပါတယ်။ စီးပွားရေးနဲ့ပတ်သက် သောခရီးများ အကျိုးများပါလိမ့်မယ်။ကျောက်မျက်ရတနာများ ဝယ်ယူခြင်း၊ရောင်းချခြင်း၊ခန္ဓာကိုယ်တွင် စတင်ဆင် မြန်း ခြင်းမျိုးလဲ အထူးဆောင်ရွက်နိုင် ပါတယ်။
မိမိလုပ်ငန်းအတွက် ၊မိမိကုန်ပစ္စည်းအတွက်စတင်ကြော်ငြာလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးရာကိစ္စမျာ အစပျိုးဆောင်ရွက်နိုင်ပါတယ်။ ချစ်ရသူဆီချစ်ခွင့်ပန်တာ၊ သူအတွက်အမှတ်တရလက်ဆောင်လေးတွေဝယ်ပေး ခြင်းဖြင့် ချစ်ခြင်းတွေခိုင်မြဲတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ငွေပေးခြင်း၊ငွေယူခြင်း၊ အကြွေးတောင်း ခြင်း၊ အကြွေးယူခြင်းများလဲ ဆောင်ရွက်နိုင် ပါတယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းမွန်ပါတယ်။ အရောင်း အဝယ်နဲ့ ပတ် သက်သောစာချုပ်များ၊ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်များလဲ အထူးပဲချုပ်ဆိုနိုင်ပါ လိမ့်မယ်။လောကီ မင်္ဂလာနှင့် ပတ်သက်သောကိစ္စများလဲ ဆောင်ရွက်လို့အထူးအဆင်ပြေပါတယ်။ လက်ထပ်ထိမ်း မြားခြင်း၊စေ့စပ်ခြင်း၊ ရုံးတတ်လက်မှတ်ထိုးခြင်းများလဲ ပြုလုပ်ဆောင်ရွက်လို့ကောင်းပါတယ်။
ဒီနေ့အတွက်ရှောင်သင့်တာတွေကတော့ အရောင်းအဝယ်နဲ့ပက်သက်တဲ့ ကိစ္စတွေမှာနှုတ်ကတိပေးတာမျိုး တွေရှောင်လိုက်စေချင်ပါတယ်။ သူများပြဿနာတွေ၊အမှုအခင်းတွေမှာဝင်ရောက်စွက်ဖက်တာမျိုးတွေ အာမခံပေး တာမျိုးတွေသက်သေလိုက်ပေးတာမျိုးတွေအထူးရှောင်လိုက်ပါ။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၄၇)နာရီမှ နံနက်(၇း၃၉)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ သရဝဏ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ မိဿရာသီဖွား ဖြစ်ပါ သည်။ ယနေ့ မွေးဖွားသူများသည် တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် စိတ်ခံစားမှု နှစ်မျိုးနှစ်ဖုံ ယှဉ်တွဲ၍ တစ်ခါတစ်ရံ တည်ငြိမ်နေတက်ပြီး တစ်ခါတစ်ရံ စိတ်ဓါတ် လှုပ်ရှားရုန်းကန်နေပြီး လွတ်လွတ်လပ်လပ်နှင့် စိတ်ဓါတ်အာရုံစူးစိုက်မှု ကောင်းမွန်ပြီး သစ္စာတရားခိုင်မြဲသူတစ်ဦးလည်းဖြစ်သည်။ ကိုယ်အားကိုယ်ကိုး၍ တစ်ဦးတည်း လွတ်လပ်အေးဆေးစွာ နေတတ်သော်လည်း အခြားသူများနှင့် လိုက်လျောညီထွေစွာဖြင့် စွန့်လွှတ်အနစ်နာခံဝံ့သူလဲဖြစ်သည်။ အေးဆေး တည်ငြိမ် သော အမူအကျင့်ရှိပါသည်။ အခက်အခဲများအားလုံးကို အေးဆေးတည်ငြိမ်စွာဖြင့် ဖြတ်ကျော် အနိုင်ယူ၍ မည်မျှအဆင်မပြေမှုများနှင့် ကြုံတွေ့ရစေ အမြဲတမ်းပေါ့ပါးသွက်လပ်စွာဖြင့် ဘဝကို ဖြတ်ကျော်နိုင်သူ ဖြစ်ပါသည်။ မိမိသည် ဘဝတစ်လျှောက်လုံး ငယ်ရွယ်နုပျိုနေမည်မှာ မမှားနိုင်သော အရည်အသွေးတစ်ခုဖြစ်သည်။ အရွယ်တင် နုပျိုကြတဲ့ဇာတာရှင်မျိုးတွေဖြစ်ပါတယ်။ ထက်မြက်ပေမဲ့ မိဘစကားနားမထောင်တာ၊ထင်ရာစိုင်းပြီးလုပ်တတ်တာ ကြောင့် မိမိထင်ရာစိုင်းတဲ့အလုပ်က မှန်တဲ့လမ်းကြောင်းဖြစ်ရင်တော့ အဆင်ပြေပေမဲ့ လမ်းလွဲသွားရင်တော့ အဖက် ဆယ်ရခက်ခဲတတ်ပါတယ်။ အစာအိမ် အူလမ်းကြောင်းလဲ အားနည်းချက်ရှိတဲ့ဇာတာပါပဲ။
ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်စင်တည် ဆောက် ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကား ထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ ဝတ် ဆင်ရသောရတနာများဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေး လောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်း နှင့် အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်။ သရဝဏ်နက္ခတ်စန်းယှဉ်သော အခါ တွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
မင်္ဂလာရှိခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်သော သုဘယုဂ် ကျရောက်နေ သော ကြောင့် ကောင်းသော ကိစ္စရပ်များအားလုံး စတင်လုပ်ဆောင်ရန် အထူးကောင်းမွန်ပါသည်။ ဗဗကရိုဏ်း ကျရောက်နေ သောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှု စွမ်းအင် ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှု ဆိုင်ရာ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၃) နာရီမှ မွန်းလွဲ(၁း၃၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အရဟံ အောင်သိဒ္ဓိ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း