ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၁၀)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၀)လုံးအနေဖြင့် တည်ကြည်၊ သန်းရှင်းမှုကို တိုးပွားစေသော တီထိဟု သတ်မှတ်ထားပြီး တပည့်သစ် လက်ခံ ခြင်း၊ ကဗျာစာပေ ရေးစပ်ခြင်း၊ အာဟာရဖြည့်သွင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ စက်အသစ်များ တပ်ဆင်ခြင်း၊ ခရီးသွားလာခြင်း၊ ယာဉ်ကားများ စီးနင်းခြင်း ဖြစ်နိုင်သော တီထိ ဖြစ်နေပါသည်။ ဓမ္မရာဇ အစိုးရသော တီထိဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖြစ်စေသော ပုဏ္ဏာတီထိ အုပ်စုဖြစ်ပြီး ကြာသပတေးဂြိုဟ် ပိုင်ဆိုင်သောကြောင့် အိမ်ထောင်ပြုခြင်း၊ ပညာသင်တပည့် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ ခရီးသွားလာခြင်း၊ နန်တက်ခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်းများအတွက် ကောင်းမြတ်သော တီထိ ဖြစ်ပါသည်။
ယနေ့သည် မည်သည့်အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေနိုင်သော ပုဏ္ဏာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ အကျင့်သီလ၊ သာသနာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ၊ ဓမ္မကျင့်စဉ်များ၊ အိမ်သို့ဝင်ရောက်ခြင်း၊ အရေးကြီးသော လုပ်ငန်းဆောင်တာများ စတင်ရန်၊ မင်္ဂလာဆောင်၊ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်း၊ ခရီးသွားခြင်း လုပ်ငန်းဆောင်တာများ၊ လမ်းပန်းဆက်သွယ်ရေး၊ မော်တော်ယာဉ်များ၊ အိမ်များနှင့် အရေးကြီးသောသူများနှင့် တွေ့ဆုံခြင်းများအတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၃၉)နာရီမှ နံနက်(၇း၃၁)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် တွေးခေါ်မြော်မြင်တတ်ပြီး အများနှင့် ပူးပေါင်းဆောင်ရွက်မှု အရမ်းကောင်းသော သူများ ဖြစ်ပါသည်။ မိမိကိုယ်မိမိလည်း အရည်အသွေးများတိုးတက်စေရန် ကြံဆလုပ်ကိုင်နေတတ်သူ ဖြစ်ပါသည်။ တည်ငြိမ်အေးဆေးစွာနှင့် ခန့်ခန့်ညာညားဟန်ပန်ဖြင့် ဆွဲဆောင်မှုရှိပြီး အခြားသူများမှ မိမိအား ချစ်ခင်ကိုးစားနိုင်ရန် စွမ်းဆောင်နိုင်သူများ ဖြစ်ပါသည်။ ဘဝသက်တမ်းတစ်လျှောက် ပတ်သက်ဆက်နွယ်နေသော ပတ်ဝန်းကျင် တစ်ခုလုံး ကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သူ ဖြစ်ပါသည်။ အသစ်အသစ်သော ဖန်တီးမှုများကို စမ်းသပ်လုပ်ကိုင်ရင်း အောင်မြင်မှုများရရှိရန် အမြဲကြိုးစားလုပ်ကိုင်နေသူဖြစ်၍ အောင်မြင်မှုနှင့်ထပ်တူ ငွေကြေးပိုင်ဆိုင်မှုလည်း ထပ်မံ တိုးပွားလာနိုင်ပါသည်။ မိမိသည် အရည်အချင်းများစွာရှိပြီး ရလဒ်အနေဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်း များနှင့် ဝါသနာများစွာကို မိမိကိုယ်တိုင် ဖြန့်ကျက်နိုင်မည်ဖြစ်သည်။ မိမိကိုယ်မိမိ အရမ်းမျှော်လင့်ချက် ကြီးမားသောကြောင့် တစ်ခါတစ်ရံတွင် စိတ်ကူးနှင့် လက်တွေ့ ထပ်တူမကျသည့် အခြေအနေများကြောင့် စိတ် အနှောက် အယှက်များလည်း ကြုံတွေ့ရတတ်သည်။ဒီနေ့မွေးဖွားသော ရင်သွေးငယ်ရဲ့ မိဘတွေက ချမ်းသာသူတွေဖြစ် ရင်တော့ မိမိစည်းစိမ်တွေ ပိုမိုတိုးပွားစေမဲ့ ကံအကြောင်းတရားအထောက်အပံ့ဖြစ်စေတဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက နေရာကောင်းပစ္စည်းကောင်း နေထိုင်သုံးစွဲရသူဖြစ်ပါတယ်။ တော်ရုံလူမသုံးနိုင်သော ဇိမ်ခံ ပစ္စည်းတွေကို လက်ဝယ်ပိုင်ဆိုင်ရသူများဖြစ်ပါတယ်။ တတ်နိုင်သလောက် အရှေ့မြောက်အရပ်ကို နေဝင်ရီသရော အချိန်တွေမှာ ကလေးကိုလိုက်ထိန်းတာမျိုးရှောင်ပါ။ ကလေးလန့်တာမျိုးဖြစ်တတ်ပါတယ်။
ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင်ပြုလုပ်ခြင်း၊ မဏ္ဍပ် ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်စင်တည် ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကား ထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ ဝတ်ဆင်ရသောရတနာများ ဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက် သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်း နှင့် အထက်သို့ လွှင့်တင် ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ ကောင်းသည်။ (သတ္တဘိသျှ နက္ခတ်စန်း ယှဉ် သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ယနေ့သည် ဗြဟ္မာယုဂ် ကျရောက်နေသောကြောင့် မြင့်မြတ်သော လုပ်ငန်းဆောင်တာများအားလုံးအတွက် အထူးကောင်းမွန်ပါသည်။ ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂ၊ ကုန်သွယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၇) နာရီမှ မွန်းလွဲ(၁၂း၀၂)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
တစ်နေ့တာ အချစ်ရေး ကံတရားများ…..
တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.တစ်နေ့တာ အကျိုးပေးအရောင်များ
တစ်နေ့တာ အကျိုးပေးဂဏန်းများ
အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း