loading

7.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 7.May .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလကွယ်နေ့ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၃)နာရီမှာ နေဝင်  ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နေ့လည်(၁၁း၅၉)နာရီအထိ သောကြာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။

ဒီနေ့ဟာတီထိမြေခံအရကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက် အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ် တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁၂း၄၀)နာရီအထိ လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လကွယ်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါ တယ်။ တီထိ(၁၄)လုံးအနေဖြင့် ရန်လိုတတ်သော တီထိဟု သတ်မှတ်ပြီး၊ မကောင်းသော လုပ်ရပ်များဖြစ်သည့် ရန်သူအား တိုက်ခိုက်ခြင်း၊ အမဲလိုက်ခြင်း၊ အဆိပ်ခပ်ခြင်း၊ ပိုးသတ်ဆေး အသုံးပြုခြင်း၊ စစ်တိုက်ခြင်း၊  စစ်လက်နက် များ တပ်ဆင်ခြင်း၊ စစ်လက်နက်များ ပြုလုပ်ခြင်း၊ ရန်သူအား ဖမ်းဆီးခြင်း၊ ရက်စက်သော လုပ်ငန်းများကို လုပ်ဆောင် ရန် သင့်တော်သော တီထိဖြစ်နေပါသည်။ ယနေ့သည် ကုသိုလ်ကောင်းမှု မပြုလုပ်နိုင်သော ရိတ္တာတီထိ ကျရောက် နေတာ ဖြစ်ပါတယ်။ အရေးကြီးသော စီးပွားရေးလုပ်ငန်း များအတွက် ကံမကောင်းသော နေ့တစ်နေ့ ဖြစ်နေပါသည်။ ပုံမှန်အလုပ်များကိုသာ ဆက်လက်လုပ်ကိုင်ပါ။ ခရီးသွားခြင်း၊ ဆံပင်ညှပ်ခြင်း၊ လက်သည်းညှပ်ခြင်းများ အထူးရှောင် ကြဉ်ပါ။ မွန်းလွဲ၁နာရီဝန်းကျင်ကစလို့ လကွယ် တီထိအနေဖြင့် မိဘ၊ ဘိုးဘွားများနှင့် သက်ဆိုင်သော တီထိဟု သတ် မှတ်ပြီး ဘာသာရေး လုပ်ငန်းများ၊ အလှူအတန်း မီးပူဇော်ခြင်း၊ မိဘဘိုးဘွားများအား ရှိခိုးခြင်း၊ တရားထိုင်ခြင်း၊ ပုတီး စိပ် ခြင်း၊ အဓိဌာန်ဝင်ခြင်း၊ ဂါထာမန္တာန် ရွတ်ဆိုခြင်း တို့ကို လုပ်ဆောင်နိုင်ပါသည်။ အမှောင်တီထိ ဖြစ်သောကြောင့် ပျော်ရွှင်ဖွယ် အမှုကိစ္စများ လုပ်ဆောင်ရန် မသင့်ပါ။ သေဆုံးခဲ့ပြီးသော မိဘ၊ ဘိုးဘွားများ၊ မကျွတ်လွတ်သေးသော ဆွေမျိုးဉာတိ တို့အား ယခုတီထိနေ့တွင် ပူဇော်ကန် တော့ရန် အသင့်တော်ဆုံး ဖြစ်ပါသည်။ မင်္ဂလာနှင့် ပတ်သက် သော ကောင်းမြတ်သော ကိစ္စများကိုမူ ရှောင်ကြဉ် သင့်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၂၃)နာရီမှ နံနက်(၇း၁၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မိဿရာသီဖွားဖြစ်ပါ သည်။ ယနေ့မွေးဖွားသူများသည် သဘာဝတရား၊ ဂီတနဲ့ အနုပညာကို ပြင်းပြင်းထန်ထန် တန်ဖိုးထားလေးစားတဲ့ အနုပညာ သမားတစ်ယောက်ဖြစ်ပါတယ်။ မိမိဟာ ချစ်စရာကောင်းပြီး အရမ်းလူသားဆန်ပြီး ချစ်ဖို့ကောင်းနေပေမယ့် တစ်စုံတစ် ယောက်က မိမိကို လေးစားမှုမပေးဘူးလို့ ခံစားရရင် အလွယ်တကူ ဉပေက္ခာပြုနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်းနှင့် ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခြင်းတို့သည် ကြီးမြတ်သော ပင်ကိုယ်စွမ်းရည်များကဲ့သို့ပင် မိမိအတွက် အခက်အခဲ နှင့် အနှောက်အယှက်များစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ငယ်ရွယ်စဉ်အောင်မြင်အောင်လုပ်ဖို့ လိုပါတယ်။ အသက်ကြီး ပိုင်းကျန်းမာရေးညံ့တတ်ပါတယ်။ ဘဝမှာ ငှက်ဖျားရောဂါတွေကို အထူးသတိထားရလိမ့်မယ်။ ငှက်ဖျားပေါတဲ့ဒေသ တွေကို သတိထားပါ။ ကံကောင်းတာက မိမိကို စောင့်ရှောက်မဲ့ အမျိုးသမီးအကြီးအကဲတွေနဲ့ ကြုံ ရတတ်ပါတယ်။ အမေ၊အဘွား၊ကြီးတော်၊အဒေါ်၊အမစသောအမျိုးသမီးတွေရဲ့တန်ဖိုးထားကူညီပေးခြင်းကြုံရတတ်ပါတယ်။ ကံ ကောင်း တာက အတိတ်ကံ အထုပ်အထည်ပါလာသူတွေဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဆင်းရဲတဲ့မိဘဆီမှာ မွေးမွေး တစ်ချိန် ချိန်မှာချမ်းသာမှုကို သေချာပေါက်ကြုံရတတ်ပါတယ်။

            ယနေ့သည် အသက်ရှည်ခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်သော အာယုသ္မာန်ယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ သကုနိကရိုဏ်း ကျရောက် နေသောကြောင့် တိုက်ခိုက်မှုူ၊ ပြိုင်ဆိုင်မှု၊ ဆေးများ၊ ဂါထာ၊ အစီအရင်၊ ငှက်များကို ထိန်းကျောင်းခြင်း၊ ဆေးနှင့် ပတ်သက်သော အလုပ်များနှင့် စစ်ပွဲအမျိုးမျိုးကို လုပ်ဆောင်ရန် အတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၅) နာရီမှ ညနေ(၄း၅၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “နမောတဿ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သစ်တော်သီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *