ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၄)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၄)လုံးအနေဖြင့် ရက်စက်ကြမ်းကြုတ်သော တီထိဟု သက်မှတ်ပြီး လူသက်၊ လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ ဗြောက်အိုး စသည့်လုပ်ငန်းများ ရန်သူအား သုတ်သင်ခြင်း သေဒဏ်ချခြင်း၊ အနိဌလုပ်ငန်းများ ရန်သူစခန်း သိမ်းပိုက်ဖမ်းဆီးခြင်း၊ အဆိပ်ခပ်ခြင်း၊ ပိုးသတ်ဆေး စသည်ဖြင့် သုံးစွဲခြင်း၊ မီးပေါက်ခြင်း၊ လျှပ်စစ်နှင့် ပတ်သက်သော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ကောင်းမွန်ပါသည်။ ဆင်းရဲခြင်း၊ ဗလာနတ္ထိဖြစ်ခြင်းကို ခေါင်းဆောင်သည့် ရိတ္တာ တီထိဖြစ်ပြီး စနေအုပ်စိုးသော တီထိဖြစ်သဖြင့် လုပ်ငန်းတို့ကို လုပ်ဆောင်နိုင်သော်လည်း မည်သည့်အရပ်မျက်နှာကိုမှ ခရီးသွားလာခြင်းမျိုး အကြံမပြုပါ။
ယနေ့သည် ကောင်းမှုကုသိုလ်များ ပြုလုပ်ဆောင်ရွက်ရန် သင့်တော်မှုမရှိသော ရိတ္တာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ ရန်သူများကို ဖျက်ဆီးခြင်း၊ အတားအဆီးများကို ဖယ်ရှားခြင်း၊ တိုက်ခိုက်ခြင်း၊ အိမ်သန့်ရှင်းရေး၊ ပွတ်တိုက်ခြင်း၊ ငြင်းခုံခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်း၊ လက်နက်များ အသုံးပြုခြင်းများအတွက် အထူးကောင်းမွန် ပါသည်။ အရေးကြီးသော လုပ်ငန်းများ စတင်ရန် ကံမကောင်းသောနေ့ ဖြစ်နေပါသည်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်း၊ ရက်ယုတ်မာ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၀၈)နာရီမှ နံနက်(၆း၅၉)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ထူးခြားသောပါရမီရှင်၊ အရည်အချင်းရှိသူဖြစ်ပြီး အထူးလေးစားဖွယ်ကောင်းသူ ဖြစ်သည်။ မိမိဘာလုပ်ရမယ်ဆိုတာကို မိမိကိုယ်တိုင်ရွေးချယ်၍ သူတစ်ပါး၏ ဆရာကြီးလုပ် လွှမ်းမိုးခြင်းကို ဂရုစိုက် တတ်သူမဟုတ်ပါ။ ဒါကြောင့် မိမိဟာ တခြားသူတွေကို ဦးဆောင်လွှမ်းမိုးနိုင်သူ ဒါမှမဟုတ် မိမိကိုယ်ပိုင် သူဌေးဖြစ် မယ့် အနေအထားက မိမိအတွက် အကောင်းဆုံးဖြစ်ပါသည်။ မိမိဟာ အမှီအခိုကင်းကင်းနဲ့ သီးသန့် တိုးတတ် အောင်မြင်နိုင်စွမ်းမြင့်မားသကဲ့သို့ အများနဲ့ပူးပေါင်းဆောင်ရွက်မှုများဖြင့်လည်း ကြီးပွားတိုးတက် နိုင်ပါတယ်။ တစ်ခါတစ်ရံ မိမိသည် အလုပ်အရမ်းကြိုးစား၍ အောင်မြင်တိုးတက်နေချိန်မှာပင် စိတ်ဓါတ်ပျော်ရွှင်တက်ကြွမှု မရှိပဲ စိတ်ရှုပ်ထွေး နွမ်းလျနေတတ်ပါသည်။ စိတ်ကောင်းနှလုံးကောင်းနှင့် ပြီးပြည့်စုံသူ ၊ မိမိ၏ အေးဆေးတည်ငြိမ်နေသော အပြင်ပန်းပုံသဏ္ဍန်သည် တစ်ခါတစ်ရံ မိမိ၏ အတွင်းစိတ်အဆင်မပြေမှု သဘာဝကို ဖုံးကွယ်ထားနိုင်သည်။ချမ်းသာ လာရင် ဆွေမျိုးသားချင်းတွေရဲ့ ညာစားခြင်းကိုခံရတတ်ပါတယ်။ မိမိထောက်ပံ့သလောက် မိမိအပေါ်မကောင်းကြပါ။ အိမ်ထောင်ရေးကံအထူးကောင်းပြီးတော့မင်းကတော်စိုးကတော်ဖြစ်နိုင်တဲ့သူတွေပါ။ယောကျာ်းလေးဆိုလဲ ကိုယ့်ထက် အစစအရာရာသာတဲ့ အိမ်ထောင်ဘက်ကိုရရှိတတ်ပါတယ်။
ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း၊ လက်ဝတ်ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မူ့ ရေးရာ စကားပြောဆိုခြင်း၊ မိတ်သစ်ဖွဲ့ခြင်း၊ ပါတီဧည့်ခံပွဲကျင်းပခြင်းပြုလုပ်ခြင်း၊ ခရီးသွားလာခြင်းများ ကောင်းသည်။ (မိဂသီ နက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်)
ယနေ့သည် ကောင်းသောအလုပ်ကို ကိုယ်စားပြုသော သုကမ္မယုဂ် ကျရောက်နေသောကြောင့် ကောင်းသော ကိစ္စရပ်များအားလုံး ပြုလုပ်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ မြတ်သောယောဂမည်သော ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအားလုံး အတွက် ကောင်းသောအကျိုး၊ စီးပွားရေး လုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်း အဝယ်ကိစ္စရပ်များအားလုံးအတွက် အသင့်တော်ဆုံး ဖြစ်နေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၄၉) နာရီမှ နံနက်(၁၀း၂၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မိုးပြာရောင် နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “ဝိဇ္ဇာစရဏ သမ္ဗန္ဓော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း