ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆန်း(၁၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့် ပါတယ်။
ဒီနေ့ဟာ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ကျော်ကြားမှုကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက် သော လုပ်ငန်းများ အာဟာရ စတင်ကျွေးခြင်း၊ မြေဩဇာကျွေးခြင်း၊ တပည့်သစ် လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း ပြုလုပ်နိုင်သော်လည်း ခရီးသွားခြင်း၊ အိမ်သစ်တက်ခြင်းနှင့် ဆီလိမ်းကျံ၍ နှိပ်နယ် ခြင်းများကိုမူ ရှောင်ရှားသင့်ပါသည်။ ကံကောင်းသော သဘောကိုဆောင်သည့် ဘဒြာတီထိ ကျရောက်နေသည်ဖြစ်ရာ မင်္ဂလာဆောင်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည်များ၊ ယာဉ်ကား စသည်တို့နှင့် ခရီးသွားလာခြင်းများ၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများ အတွက်ကောင်းမွန်သော တီထိ ဖြစ်ပါသည်။
ယနေ့သည် အလုပ်သစ်တစ်ခုအား စတင်လုပ်ဆောင်ရန် အထူးကောင်းမွန်သော ဘဒြာတီထိ ကျရောက်နေ တာ ဖြစ်ပါတယ်။ သာသနာ့အခမ်းအနား၊ ဓမ္မမီးထွန်းညှိပေးခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်း၊ ကတိများ ပြည့်စုံခြင်း၊ အခြားသော ကောင်းသောကိစ္စရပ်များ ပြုလုပ်ခြင်းတို့အတွက် အထူးကောင်းမွန်ပါသည်။ ခရီးထွက်ခြင်းများ ရှောင် ကြဉ်ပါ။ မင်္ဂလာပွဲများ ကျင်းပဆောင်ရွက်ရန် ကံမကောင်းတက်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၃၂)နာရီမှ နံနက်(၆း၂၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
စိတြနက္ခတ်ဖြစ်တာကြောင့် အနေကဇာတင်ခြင်း၊ ရှင်ပြုနားသခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေး စကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခြံမြေအိမ်ရာအရောင်း အဝယ်လုပ်ခြင်း၊ မိတ်ဆုံ ပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေ ဖြန့်ချိခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ကြီးမားပြီး မြင့်မြတ်သော စရိုက်လက္ခဏာ၊ နွေးထွေးမှု၊ ကာမဂုဏ်အာရုံကို မက်မော နှစ်သက်တတ်မှုနှင့် ပင်ကိုယ်စွမ်းရည်ကောင်းမွန်ခြင်းတို့ကို ပိုင်ဆိုင်ထားသည်။ ထူးခြားသော ကိုယ်ရည် ကိုယ်သွေးအလုံးစုံကို အခြေခံထားပြီး ဘဝဇာတ်ခုံကို အနိမ့်အမြင့်၊ အတက်အကျအလိုက် စည်းချက်ညီစွာ ဖြတ်ကျော် သရုပ်ပြနိုင်သူတစ်ဦးလည်း ဖြစ်ပါသည်။ မိမိ၏ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းနှင့် ပတ်ဝန်ကျင်အခြေအနေအားလုံးကို အလွန်အမင်း နားလည်သဘောပေါက်ထားသောကြောင့် မိမိသည် များသော အားဖြင့် ဖြစ်ပေါ်နေသော အခြေအနေ နှင့် အနေအထားအားလုံးကို လွယ်ကူစွာ တန်ဖိုးမြှင့် ပြောင်းလဲနိုင်စွမ်း ရှိသူလည်း ဖြစ်ပါသည်။ မိမိကိုယ်တိုင် ထူးထူး ခြားခြား သိနားလည်တတ်ပြီး ပင်ကိုယ်အားဖြင့် စူးစမ်းလေ့လာခြင်းများဖြင့် မိမိဘ၀ကို မိမိသင်ယူလေ့လာနေတတ် ပါသည်။ မိမိသည် သူတစ်ပါးအပေါ် ချစ်ခင်ကြင်နာတတ်ပေမယ့် မည်သည့်ကိစ္စကိုမဆို စိတ်ထဲမေ့ပျောက်သွားတာမျိုး အလွန်ကို ရှားပါတယ်။အရွယ်ရောက်လာလေလေ ဘဝကိုငြိမ်းချမ်းစွာနဲ့ဖြတ်သန်းချင်စိတ်မြင့်မားလေလေပါပဲ။ ဘဝ နေထိုင်မှုပုံစုံက အသက် ၄၀မတိုင်ခင်နဲ့ အသက်၄၀နောက်ပိုင်း အမြင်က ဆန့်ကျင်ဘက်ကွဲပြားသွားတတ်သူတွေဖြစ် ပြီး ခံစားလွယ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊သနားတတ်ခြင်းတွေနဲ့ပြည့်စုံသလို ခံစားချက်နဲ့အလုပ်လုပ်ရတဲ့၊နှလုံးသား နဲ့အလုပ်လုပ်ရတဲ့အလုပ်တွေနဲ့လဲ အောင်မြင်တတ်ပါတယ်။
ယနေ့သည် သိဒ္ဓိကို ကိုယ်စားပြုသော အဿရိကယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ ပြုလုပ်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။ ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မာဏ၊ မွန်မြတ်သောအကျင့် ဝိဉာဉ်ရေးရာ လွန်ကဲပြီး၊ ကောင်းမွန်သော အချိန်များနှင့် လုပ်ရပ်များ အတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၀) နာရီမှ နံနက်(၈း၄၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မသမ္ဗဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း