ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ကဆုန်လဆုတ်(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက် အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ကျော်ကြားမှုကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး ဒီလိုနေ့မျိုးမှာတော့ ရေ တွင်း ရေကန်တူးဖော်ပေးခြင်း၊ အဝိစီတွင်းတူး၍ ကုသိုလ်လုပ် ခြင်းများ အထူး ကောင်းပါတယ်။ အအေးဖျော်ပြီး ဒါန လုပ်လှူတန်းပါ။ ငွေကြေးနဲ့ ပံ့သကူပစ်ခြင်းများလုပ်ဆောင်ပါ။
မိမိလှူဒါန်းထားတဲ့အလှူအတန်းတွေကို ရေစက်ချအမျှဝေလို့အထူးကောင်းမွန်တဲ့နေ့ပါပဲ။ အပေါင်းအသင်းတွေရဲ့ အလိုကိုမလိုက်သင့်တဲ့နေ့မျိုးပါ။ မိန်းကလေးများ ချစ်သူနဲ့ ဆိတ်ကွယ်ရာမနေပါနဲ့။ အချစ်နယ်ကျွံတာမျိုးတွေ ဖြစ် တတ်ပါတယ်။ အရောင်းအဝယ်ကိစ္စများနဲ့ပတ်သက်ပြီးတော့ စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်လို့အထူး ကောင်း တဲ့နေ့မျိုးပါပဲ။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းတွေ ဒီနေ့မှာ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဥပုသ်သီလစောင့်တည်ခြင်း၊ သမထဘာဝနာပွားများခြင်းမျိုးတွေဒီနေ့မှာ ပြုလုပ်လို့အထူးကောင်းပါတယ်။ အိမ်၊ခြံမြေကစလို့ ရောင်းချလိုသော ပစ္စည်း တွေရှိရင်တော့ ဒီနေ့မှာရောင်းချလို့အလွန်ပဲကောင်းပါတယ်။ထီကံစမ်း လိုက်တာမျိုးတွေဆောင်ရွက် သင့်ပါ တယ်။ ကျောက်မျက်ရတနာများဝယ်ယူမယ်ဆိုရင်လဲ ဒီနေ့ကအထူးကောင်းပါ တယ်။ဒီနေ့ဟာမည်သည့် အလုပ်မျှ အသစ် တင်လုပ်ကိုင်ခြင်းမျိုး မလုပ်ပါနဲ့။ ဆိုင်သစ်ဖွင့်ခြင်း၊ အလုပ်သစ်စတင်ခြင်း၊ စတဲ့အသစ်သစ်သော ကိစ္စမှန်သမျှ ဒီနေ့မှာရှောင်လိုက်စေချင်ပါတယ်။
ယနေ့တွင် အရောင်းအဝယ်ကတိ သတိရှိရမည်။ အသွားအလာ၊ အနေအထိုင်အထူးဂရုစိုက်ရမည်။ အနောက် တောင်အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်ရှိတတ်သည်။ နံနက်(၉း၀၀)နာရီမှ (၁၀း၃၀)နာရီကြား ကာလများတွင် အသွားအလာအထူးဂရုစိုက်ရမည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရန် အခါကောင်း ကျရောက်သည်။
ဒီနေ့ဟာ အရောင်းထိုင်းပစ္စည်းများ အရောင်းအဝယ်သွက်လပ်မည်။ တစ်ပတ်ရစ်ပစ္စည်းများ၊ ရှေးဟောင်း ပစ္စည်းများ ရောင်းဝယ်ဖေါက်ကား၍ အကျိုးရှိမည်။ အရေးကြီးသောစာရွက်များ စနစ်တကျသိမ်းဆည်းပါ။ အတွင်း သတင်း လုံခြုံမှုကို အထူး အလေးထားရမည့်နေ့ဖြစ်သည်။ ရန်အတိုက်အခံများနှင့် ပြဿနာဟောင်းများကို ဖေါ်ထုတ် ဖြေရှင်းရန် အထူးကောင်းသော နေ့ရက်ဖြစ်နေပါတယ်။ဒီနေ့ဟာ လုပ်ငန်းသစ်တစ်ခုကို စတင်လုပ်ဆောင်ရန် အထူးကောင်းမွန်သော ဘဒြာတီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ သာသနာ့အခမ်းအနား၊ ဓမ္မမီးထွန်းညှိပေးခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်း၊ ကတိများ ပြည့်စုံခြင်း၊ အခြားသော ကောင်းသောကိစ္စရပ်များ ပြုလုပ်ခြင်းတို့အတွက် အထူးကောင်းမွန်ပါသည်။ ဆီချိုးခြင်း၊ ခရီးထွက်ခြင်း များ ရှောင်ကြဉ်ပါ။ မင်္ဂလာပွဲများအတွက် ကံမကောင်းတက်ပါ။
ဒီနေ့ဟာ ကံကောင်းခြင်းကို ကိုယ်စားပြုသော သောဘဂျယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။ ကောလဝါကရိုဏ်းကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီး ရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက်၊ သို့မဟုတ် ကာလရှည်ကြာစွာ တည်မြဲစေမည့်ကိစ္စများကဲ့သို့ ပုံသေပြုလုပ်ထားသည့် အရာများအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၄း၅၇)နာရီမှ နံနက်(၅း၂၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် မယုံနိုင်လောက်အောင် စိတ်ဓါတ်ခံယူချက်မြင့်မားပြီး စိတ်ကူးယဉ်တတ်သူ၊ ကျက်သရေ ရှိရုံသာမက အခြားသူများကို ပျော်ရွှင်အောင်လုပ်ဖို့ အမြဲစဉ်းစားနေသူဖြစ်တာကြောင့် လူအများက သဘောကျနှစ် သက်တတ်ကြပါတယ်။ ကိုယ်ရည်ကိုယ်သွေးပိုမိုကောင်းမွန်ရန် အရမ်းစိတ်အားထက်သန်နေတတ််ပါ တယ်။ဒါကြောင့် ပဲ အလုပ်ခွင်မှာ ခေါင်းဆောင်၊မန်နေဂျာနဲ့ လူအများကိုအုပ်ချုပ်နိုင်သူဖြစ်လာတတ်ပါ တယ်။ငယ်ရွယ် စဉ် အခါတွင် မိမိသည် အလွန်စိုးရိမ်ပူပန်ပြီး သက်လတ်ပိုင်းရောက်ရင်တော့ ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်သွားပါ လိမ့်မယ်။ ဒါပေ မယ့် ဘဝအတွေ့အကြုံတွေရလာတာနဲ့အမျှ ပြောင်းလဲမှုတွေကို လက်ခံဖို့ သင်ယူတတ်သူဖြစ်ပါတယ်။ လုပ်ငန်းစီးပွား အားကောင်းပေမဲ့ အလုပ်ကြောင့် အိမ်မကပ်ရတဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းပေမဲ့ အရေပြားနဲ့ ပတ် သက် တဲ့ရောဂါလေးတွေဂရုစိုက်ပေးပါ။အထိုင်များသူဆို လိပ်ခေါင်းရောဂါဖြစ်စေနိုင်တာကိုတွေ့ရပါ တယ်။ အနုပညာပိုးပါလာသူတွေဖြစ်ပါတယ်။ အနုပညာနယ်ပယ်တစ်ခုခုမှာပေါက်မြောက်အောင်မြင်တတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၀) နာရီမှ နံနက်(၈း၄၈)နာရီအတွင်း ကျရောက်နေ ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ငွေရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငချိပ်ပေါင်း ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း