#တနင်္ဂနွေ
ဒီအပတ်အတွင်းလိုတာထက်ပိုပြီးကတိပေးတာမျိုး၊အာမခံတာမျိုးတော့ရှောင်စေချင်ပါတယ်။အစုစပ် လုပ်ငန်း များအားရစရာကောင်းတဲ့အနေအထားတွေ့ရပါတယ်။ခရီးတိုလေးတွေများနေတတ်ပါတယ်။အားလပ်ရက်များ မိသား စုနဲ့ တစ်နေ့တာ ပျော်ပွဲစားထွက်ခြင်းများဆောင်ရွက်လို့ ကောင်းတာတွေ့ရပါတယ်။ ကျန်းမာရေး အား ကောင်း တယ်ဆို ပေမဲ့ အိပ်ရေးပျက်ခံလို့မရသလို၊ ခန္ဓာကိုယ်မှာ အဖု အပိန့်ထွက်ရင်လဲ မပေါ့သင့်တဲ့ကာလဖြစ်ပါတယ်။ မိမိရည်မှန်း ထားတဲ့ကိစ္စတွေပြည့်ဝလာတတ်ပါတယ်။ လုပ်တိုင်းဖြစ်တဲ့ ကာလတွေလို့လဲပြော လိုရပါတယ်။ အနားယူချိန်တွေမှာ အလုပ်ကြွေးတွေနဲ့ အာရုံမများချင်ရင် ဒီအပတ်ထဲ အပင်ပန်းခံပြီးအားစိုက်လုပ်ကိုင် ဆောင်ရွက်စေချင်ပါတယ်။ ငွေကြေးကံအားကောင်းနေပြီး ရစရာရှိတာတွေရလာတာ၊သားသမီးတွေကန်တော့တာမျိုး၊ တပည့်လက်သားတွေက လာရောက် ပူဇော်တာမျိုးတွေ အထူးကြုံတွေ့ရတတ်ပါတယ်။ စက်ပစ္စည်းအပြင်၊ယာဉ်ကား ဝယ်ယူခြင်းများ၊အလဲ အထပ် လုပ်ခြင်းများအလေးပေးဆောင်ရွက်လို့ကောင်းပါတယ်။ အောက်လက်ငယ်သားတွေကြောင့် စိတ်ချမ်းသာရ မယ်။ တပည့် တွေကို အားကိုးရနိုင်တဲ့ကာလပါပဲ။အချစ်ရေးကိစ္စတွေမှာ စန်းပွင့်နေတတ်ပါတယ်။ ချစ်သူရဲ့ကြင်နာ ယုယမှုကိုရရှိ တတ်ပါတယ်။အိမ်ထောင်ရေးသာယာပျော်ရွှင်ရပေမဲ့ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးအားနည်းတတ် တာမို့သတိထား ရပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၅/၆/၃
အထူးဟော စိတ်ချမ်းသာရမယ်။အလုပ်တွေပြီးမြောက်မယ်။
ယတြာ သပြေပန်းဘုရားလှူပါ

#တနင်္လာ
မိသားစုစီးပွားရေးတွေကို မိမိအကြံတွေဒီအပတ်ထဲ ထည့်မသုံးပါနဲ့။ အဆိုးမြင်မကောင်းမြင်စိတ်တွေ ကြီးမား လာနိုင်လို့ ကိုယ့်စိတ်ကို ပြန်စစ်ရလိမ့်မယ်။ စိတ် မကြည်၊ စိတ်ပျက်စရာတွေ ကြုံရတတ်တယ်။ ပြဿနာအသေးအဖွဲ လေးတွေ ဖြစ်လို့ ပြန်လည် ဖြေ ရှင်းနိုင်မယ်။ အလုပ်အကိုင်မှာ အရင်က ကြိုးစားခဲ့တဲ့ အသီးအပွင့်ကို ပြန်ခံစားရမယ်။ အရင်က ဆုံးဖြတ်ခဲ့တဲ့ကိစ္စ တွေက မှန်ကန်နေလိမ့်မယ်။ စိတ်ဖိစီးစရာကိစ္စတွေလည်း ရှိနေဦးမယ်။ လူမှုရေးကိစ္စများ၊ ပေါင်းသင်းဆက်ဆံရေးကိစ္စများအထူးညံ့ဖျင်းနေပါတယ်။ စကားများများပြောရသူတွေ၊ လူ များ များနဲ့တွဲဖက်လုပ်ကိုင် ရသူ တွေသတိထားကြပါ။ ငွေကြေးရလိုမှုထက် ပရဟိတဆန်ဆန်အများအကျိုးကိုဦးစားပေး ပြီးဆောင်ရွက်လိုက် ပါ။အလုပ်ကောင်းပေမဲ့ အလုပ်မှာပင်ပန်းရတာ၊တာဝန်ယူရတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ငွေကြေးအပူအပင်တွေ များရ တတ်ပါတယ်။အထက်လူကြီးရဲ့ အကြောင်းမရှိဆူပူတာမျိုးတွေကြောင့်စိတ်ညစ်ရတတ်ပါ တယ်။ ဆိုးသွမ်းတဲ့ သားသမီးတွေရှိရင် ထိုသားသမီးတွေကြောင့်စိတ်ဆင်းရဲရတတ်ပါတယ်။ မေတ္တာရေးမှာလည်း နားလည်မှုတွေ လိုမယ်။ အတိုက်အခိုက်တွေကို ကျော်ဖြတ် နိုင်မယ်။ အလုပ် စီးပွားကိစ္စမှာ မျှော်မှန်းသလို မဖြစ်တာတွေ ရှိလာမယ်။ ခန့်မှန်း ရခက်တဲ့ အခြေအနေတွေနဲ့ ထိပ်တိုက်တိုး မယ်။ နှလုံးသားရေးမှာ စိတ်မကြည်လင်စရာတွေ ဖြစ်တတ်တယ်။
အကျိုးပေးဂဏန်း ၇/၀/၆
အထူးဟော အကြံအစည်စိတ်ကူးတွေကိုအကောင်အထည်မဖော်သင့်သေးပါ
ယတြာ ထန်းလျက်ခဲ ခွေးကျွေးပါ။
#အင်္ဂါ
အကြောင်းမဲ့ အကျိုး မရှိသောခရီးယာယီများနေမည်။ ငွေကုန်လူပန်းဖြစ်နေမည်။ ဆွေမျိုးများထံမှအကူအညီ အထောက် အပံ့ရရှိ မည်။ ရင်နှီးထားသောအလုပ်များမှငွေကြေးများအစုလိုက်အပုံ လိုက်ဝင်ကိန်း ရှိမည်။ စားကောင်း သောက်ဖွယ်နှင့် လက်ဝတ်ရတနာ များလည်း ဝင်ကိန်းရှိ သည်။သားသမီးများအတွက်ပူပင်သောကများနေတတ်သည်။ အပေါင်းအသင်းများ၊လုပ်ဖေါ်ကိုင်ဘက်များနှင့်စိတ် ဝမ်းကွဲ တတ်မည်။အထက်လူကြီးများ၏ငြိုငြင်မှုခံရမည်။ ငွေကြေး များ မရဖြစ်နေတတ်မည်။အလုပ်မှာ ပြောရဆို ငြင်းရ တာတွေ ရှိမယ်။ တာဝန်ကြီးတွေ ထမ်းရမယ်။ အဲ လိုပဲ စိတ်ပျက် စရာတွေလည်း ကြုံရမယ်။ ဒါပေမဲ့ အားလုံးကို ကျော် ဖြတ်နိုင်မယ်။ လုပ်ရဲလေ အောင်မြင်လေပဲ။ ငွေကြေးကိစ္စ အဆင် ပြေပြီး အကုန်အကျ သိပ်များမယ်။ ကိုယ်ပိုင် စီးပွားရေး က တော့ လုပ်ငန်းများအဆင်ပြေနေမည်။ ကျန်းမာရေးတွင် ဝမ်းဗိုက်နှင့် ပတ်သက် သောရောဂါ လေထိုး လေအောင့် အစာအိမ် အစာအဆိပ်သင့်ရောဂါနှင့် မတော်တဆ ထိခိုက် ဒဏ်ရာများ ဖြစ်တတ်ပါသည်။ ပညာရေးစိတ်ညစ်စရာအကြောင်းများ ဖြစ်ပေါ်နေမည်။ဆွေမျိုး ပတ်ဝန်း ကျင်နှင့်အဆင် မပြေဖြစ်နေမည်။စိတ်ရှုပ်နေသဖြင့် ပညာရေးတွင်အခက်အခဲနှောင့်နှေးမှုများကြုံနေရမည်။ အချစ်ရေး အဆင် ပြေနေ မည်။ အိမ်ထောင်ရေး တွင်မူ ပူပန်သောကများနေရတတ်သည်။
အကျိုးပေးဂဏန်း ၁/၇/၅
အထူးဟော ဝန်ထမ်းအလုပ်များမကောင်းပေမဲ့ ကိုယ်ပိုင်အလုပ်များအဆင်ပြေမယ်။
ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပါ။
# ဗုဒ္ဓဟူး/ရာဟု
ဒီတစ်ပတ်အတွင်းလုပ်ငန်း ရာထူးကိစ္စများ တိုးတက်မှုအားကောင်းမယ့်ကာလဖြစ်ပြီး ကိုယ်ပိုင် အစွမ်းအစ ရှိ သလောက် အောင်မြင် မှုများမယ့် ကာလပါပဲ။ လုပ်ငန်းစီးပွားပိုင်းမှာ တစ်ခုသတိပြုဖို့က လောဘတကြီး တိုးချဲ့တာ မျိုး မလုပ်သင့်သေးပါ။ အများ နှင့်ဆိုင်သော ကိစ္စတွေမှာ စကားပြောဆိုမှု ဆင်ခြင်သင့်ပြီး မလိုအပ်ဘဲ အသင်းအဖွဲ့၊ လူစုလူ များနှင့်ဆိုင်သော ကိစ္စများ မှာ မပါဝင်သင့်ပါ။ စီးပွားကံကောင်းမယ်။ ကောင်းသောစကား၊ယဉ်ကျေးသောစကား၊ချို သော စကား ပြောတတ် သူတွေ ပိုကံကောင်းမယ်။ဘုန်းတန်ခိုး သစ်လွင်တောက်ပလွယ်တဲ့ကာလဖြစ်လို့ ဘုန်းကံကို နိမ့်ပါးစေတဲ့ ပြုမူ ဆောင် ရွက်မှု များ မပြုမိစေဖို့ လိုပါတယ်။ မိဘအကြီးအကဲများပေါ်ကောင်းစွာ ကျေးဇူးပြုနိုင်မယ့် ကာလဖြစ်ပြီး ယုံကြည်မှုတွေ အသက်ဝင်လာမဲ့ နှစ်ကာလမျိုးပါပဲ။ ငွေကြေးဥစ္စာ စုဆောင်းနိုင်ဖို့ ခက်ခဲတတ်ပြီး ကျန်းမာရေး ချူချာအားနည်း လွယ် တာကို တော့ သတိပြုရပါမယ်။ အကူအညီမပေးသင့်သူကို ကူညီမိခြင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါ တယ်။ ကိုယ်ပိုင်အကြံအစည်များ လက်တွေ့ အကောင်ထည်ဖော်နိုင်မယ့် ကာလ ဖြစ်ပြီး အိမ်ထောင်ရေး အချစ်ရေး မေတ္တာရေးမှာတော့ အားနည်းတတ်တဲ့ ကာလဖြစ်ပါတယ်။ နှလုံးသားခံစားချက် ထက် ဦးနှောက်နဲ့ စဉ်းစား လုပ်ကိုင် ဆုံးဖြတ်ခြင်းဟာ ပိုသင့်မြတ်ပါလိမ့်မယ်။စာသင်နေကြတဲ့ ကျောင်းသားများ၊ သင် တန်းသားများ စာအပေါ်အာရုံ စိုက်လာနိုင်တဲ့ကာလပဲဖြစ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၂/၆
အထူးဟော စီးပွားကံကောင်းမယ်။
ယတြာ အကြော်စုံဘုရားကပ်ပါ။
#ကြာသပတေး
ထင်ပေါ်ကျော်စော မူရှိနေ မည်။အပြင်လူအများ၏လေးစားခြင်းခံရတတ်သည်။တခါတရံငွေ ကြေးအခက်အခဲ ကြုံရတတ်သော်လည်း ဆွေမျိုးများ ထံမှ အကူအညီအထောက်အပံ့ ရရှိတတ်မည်။ ပုံမှန်ဝင်ငွေ အပြင်အခြားဝင်ငွေ များလည်းရရှိတတ်မည်။ ပျော်ရွှင်မှုများ ရရှိ မည်။အလှူမင်္ဂလာများ လည်းပြု ရတတ်မည်။ ပညာရေးထူးချွန် အောင်မြင် မည်။ အဆင့်မြင့်ပညာများ သင်ကြား ခွင့်ရရှိနိုင်မည်။အနည်းငယ်အဆင်မပြေမှုလေးတွေတော့ ရောပါနေပါတယ်။ အကောင်းရောအဆိုးရောနှစ်ခုစလုံးကြုံရနိုင်ပါတယ်။အချစ်ရေးတွင်ဝေးတသက်သက်နီးတကျက်ကျက်ဖြစ်နေ တတ် သည်။ကျန်းမာရေးမကြာခဏဖျားနာတတ်သည်။မျက်စိနှင့်ဦးခေါင်းတို့တွင်ရောဂါအန္တရာယ်ရရှိတတ်သည်။အကြီး အကဲ တို့အတွက်ပူပင်သောက ရောက်ရတတ် သည်။ လုပ်ငန်းအကြံ အစည် များအောင်မြင်မှုရရှိနေ မည်။ ဝင်ငွေများ လည်း တိုးတက်မှုရှိနေမည်။ အချစ်ရေးတွင်လူမျိုးခြား၊ ဘာသာခြား၊မလွတ်လပ်သူ များနှင့်ကြုံတွေ့ရ တတ် သည်။ လူအများ ၏လေး စား ခြင်းခံရမည်။ သို့သော်မိသားစုကျန်းမာရေး ထိခိုက်တတ် သည်။ မိသားစု အတွက်သောက ရောက် ရတတ် သည်။ မိသားစုအတွင်းညီငယ်ညီမငယ်တို့နှင့်စိတ်သဘောထားခြင်း မတိုက် ဆိုင်တတ်ပေ၊ မကြာခဏ ရန်ဖြစ် နေရတတ်သည်။ အိမ်ထောင်ရှင်များလည်းမကြာခဏ ကတောက်ကဆဖြစ်နေရတတ်သည်။
အကျိုးပေးဂဏန်း ၂/၃/၉
အထူးဟော အနည်းငယ် ကံညံ့နေမယ်။
ယတြာ ကန်စွန်းဥပြုတ်ပြီးဘုရားလှူပေးပါ။
#သောကြာ
ဒီတစ်ပတ်ထဲတော့အလုပ်နဲ့ပတ်သက်ပြီးခရီးတိုလေးတွေသွားရတာမျိုးတွေလဲကြုံရ နိုင်ပါတယ်။ ကျန်းမာရေး အတွက် စိတ်ပူစရာမလိုပေမဲ့ အရေပြားအဖုအပိန့်ထွက်ခြင်းများ၊ သွေးတိုးသမားနှင့်ဆီးချို သမားများကတော့ သတိ ထား သင့်ပါ တယ်။အိမ်တွင်းရေးကိစ္စတွေမှာ မိမိကအစစအရာရာအုပ်စိုးလွန်းတာမျိုး ရှောင် ပါ။ အိမ်ထောင်ဦးစီး ဖြစ်ပါစေ အုံး တော့ အိမ်ထောင်ဘက်နဲ့ သားသမီးတွေစိတ်တိုင်းကျ လုပ်ကိုင်တာမျိုးတွေကိုလဲ ခွင့်ပြုပေးသင့်ပါ တယ်။ မင်းအစိုး ရနဲ့ တိုက်ရိုက်ဆက်နွယ်လုပ်ကိုင်ရသော ဝန်ထမ်းများ ကံပိုညံ့ခြင်း၊အန္တရာယ်ကြုံ ခြင်းများ ဖြစ်လေ့ ရှိတာမို့ သတိ ထားဖို့လိုပါတယ်။ အနည်းငယ်အလုပ်တာဝန်တွေများနေရတတ်ပါတယ်။ အလုပ်မှာစိတ်ပင်ပန်း၊လူပင်ပန်း တဲ့ အထိလုပ်ရတတ်ပါတယ်။ ရပ်ဝေးက မိတ်ဆွေတွေပိုက်ဆံလှမ်းချေးရင် သတိထားပါ။ ချေးမိလိုက်ရင်ပြန်ရဖို့ မလွယ် တော့ပါဘူး။ဒါအပြင် ရပ်ဝေးကိစ္စများ ၊နိုင်ငံရပ်ခြားကိစ္စများ၊လူမျိုးခြားနဲ့ ဆက်စပ်လုပ်ရသောအလုပ်များ၊ နယ်စပ်ကုန် သွယ်မှုနှင့်ဆိုင်သောအလုပ်များ အနည်းငယ် အထစ်အငေါ့လေးများဖြစ်တတ်ပါတယ်။ လိုတာထက်ပိုပြီး ငွေကြေးသုံးစွဲ တာမျိုး လျှော့ချစေချင်ပါတယ်။ အချစ်ရေးမှာတော့ စကားအနည်းငယ်များရတာကလွဲလို့ အဆိုး ကြီးမရှိပါဘူး။ ပြဿ နာတက်လာရင်လဲ တေ့တေ့ဆိုင်ဆိုင်ဖြေရှင်းလိုက်ရင်ပြေလည်သွားပါ လိမ့်မယ်။ ကျောင်း သား လူငယ်များပညာရေး အတွက် စိတ် ပူဖို့ မလိုတဲ့ကာလဖြစ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၃/၈
အထူးဟော အလုပ်အတွက်စိတ်ပူရမယ်။
ယတြာ နွမ်းပါးသူကိုဆေးဝါးလှူပါ
#စနေ
ဒီအပတ်အတွင်း လုပ်ငန်းအတွက်လိုအပ်တဲ့ကုန်ကြမ်းတွေ ဝယ်လှောင်လို့အထူးကောင်းပါတယ်။ ကျန်းမာရေး အား ကောင်းတဲ့ကာလဖြစ်ပြီးတော့ တော်ရုံကျန်းမာရေးချို့တဲ့တာမျိုး တော့ ဒီအပတ်မှာဖြစ်ခဲပါတယ်။ သတိထားရမှာ က မြင့်မြတ်တဲ့အချိန်ကာလဖြစ်တာမို့ သီလချိုးဖောက်ခြင်း၊ဆဲရေး တိုင်းထွာခြင်းများဆောင်ရွက်ပါက ကံအလွန်ညံ့ပါ တယ်။ တတ်နိုင်သလောက်ယုတ်ညံ့သောကိစ္စမျိုးတွေကိုအထူး ရှောင်လိုက်ပါ။ဒီတစ်ပတ်အတွင်းကံကောင်းခြင်း အဆင်ပြေခြင်းတွေ ထူးထူးခြားခြားကြုံနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ် သက်သောအကူအညီတွေလဲရလာတတ် ပါတယ်။ မင်္ဂလာကိစ္စများ၊အလှူအတန်းကိစ္စများ၊ရှင်ပြုနားသကိစ္စများကြုံရ ဆုံရတတ်ပါတယ်။ အများနဲ့သက်ဆိုင် သော ငွေကြေးကိစ္စများ ပြေလည်မှုတွေရရှိတတ်ပါတယ်။ ကုန်သွယ်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊သင်္ဘောသားအလုပ်များ၊ ငါးလုပ်ငန်း၊ ကွန်ပျူတာလုပ်ငန်း၊မိတ္တုလုပ်ငန်းနှင့် ကုန်သိုလှောင်တဲ့အလုပ်များ လဲ အဆင်ပြေမှုတွေအထူးရရှိ လာနိုင် တာကိုတွေ့ရပါတယ်။ ပညာရေးအတွက် ရလဒ်ကောင်းတွေရလာနိုင်တဲ့ကာလလဲဖြစ်ပါတယ်။ သင်တန်းတတ် ချင်တာ ပဲဖြစ် ဖြစ်၊သင်တန်းဖွင့်ချင်တာပဲဖြစ်ဖြစ် ဒီအပတ်အတွင်းစတင်ဆောင်ရွက်တာက အစစအရာရာအဆင်ပြေချော မွေ့ စေ ပါ တယ်။အချစ်ရေးမှာတော့ အလုပ်ကိစ္စတွေကြောင့်ချစ်သူနဲ့ဝေးနေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အနည်း ငယ် အဆင်မပြေမှုတွေကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၂/၈/၅
အထူးဟော ကံမြင့်မားနေမယ်။
ယတြာ ငှက်ပျောကြော်ပြီးဘုရားကပ်ပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09 77 5555 695
09 44 5555 695