loading

18.June .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 18.June .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆန်း(၁၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင် တဲ့ နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့် ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ခန္ဓကိုယ်ပေါ်သို့ ကျောက်မျက်ရတနာများ၊အဆောင်ရတနာများ စတင်ဆင်မြန်းခြင်း တွေအထူးကောင်းပါ တယ်။ အဝတ်အစားအသစ်များချုပ်လုပ်ခြင်း၊စတင်ဝတ်ဆင်ခြင်းများလဲ ပြုလုပ်သင့် တဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာ ဘဏ်လုပ်ငန်းများ၊အာမခံလုပ်ငန်းများ အဆင်ပြေပါလိမ့်မယ်။ ဘဏ်စာရင်းအသစ် ဖွင့်ပြီးတော့ငွေစတင် စုခြင်းများ လဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စအ၀၀ဆောင်ရွက်လို့ကောင်းပါတယ်။ချစ်ရသူကို ကိုယ့်ကို ချစ်လာ အောင် စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ ချစ်ရသူကိုဖွင့်ပြောဖို့ အကောင်းဆုံးနေ့ရက်ပါပဲ။

ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးငွေယူကိစ္စများ၊ ကြွေးယူခြင်း၊ကြွေးတောင်းခြင်းများလဲအထူးဆောင်ရွက်နိုင်ပါ လိမ့် မယ်။ ဘာသာရေးနှင့်ပတ်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းကိစ္စများလဲ အထူးပဲဆောင်ရွက်နိုင်ပါ လိမ့် မယ်။ ခရီးသွားခြင်းများအထူးကောင်းပါတယ်။ ယာဉ်ရထားနဲ့ပတ်သက်သောအလုပ်များလဲ အဆင်ပြေအောင်မြင်တတ် ပါတယ်။ စားသောက်ကုန်လုပ်ငန်းများ အဆင်ပြေတိုးတတ်မှုတွေကြုံရတတ်ပါတယ်။

ရေတွင်းရေကန်တူးခြင်းများ၊ အဝီစိတွင်းတူးခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ဘုရားတည်ခြင်း၊နေကဇာ တင် ခြင်း၊ထီးတင်ခြင်းများလဲအထူးကောင်းပါတယ်။ဖက်ရှင်ဒီဇိုင်းနှင့်ပက်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။ ဒီဇိုင်းနာများ စိတ်ကူးကောင်းတွေရလာတတ် ပါတယ်။ယနေ့တွင် ကုန်ပစ္စည်းအသစ်များ စတင်မိတ်ဆက်နိုင်ပါသည်။ ပဋိပက္ခများ ငြိမ်းချမ်းအောင် ဖြေရှင်းနိုင် ပါသည်။ မင်္ဂလာရေးရာ အဖြာဖြာကို ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။

ယနေ့သည်မြင့်မြတ်ခြင်းကို ကိုယ်စားပြုသော သီဝယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များ အားလုံး အတွက် အထူးကောင်းမွန်ပါသည်။ ဗိဌိကရိုဏ်းကျရောက်နေသောကြောင့် မကောင်းသောအကျင့် ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသော အဖျက်လုပ်ငန်းများ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၃း၃၈)နာရီမှ နံနက်(၄း၃၀)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သွာတိနက္ခတ်ဖြစ်တာမို့ စာအုပ်စာရေးကိရိယာလုပ်ခြင်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မေတ္တာစကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွား လာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံ ပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများရောင်း ဝယ်ခြင်း၊ ဆံသ လုပ်ငန်း၊ ဆိုင်ကယ်၊ ဆိုက်ကား ရောင်းဝယ် ပြုလုပ်ခြင်း ကောင်း၏။ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မိမိသည် အလွန်ပင် ဥာဏ်ရည်ထက်မြက်သူဖြစ်သည်။လူနေမှုအလွှာပေါင်းစုံမှ လူများကို နားလည်နိုင်သော “ကြီကျယ်မြင့်မြတ်သောစိတ်ဓာတ်” လွှမ်မိုးနေသူဖြစ်သည်။ မိမိကို အနိုင်ယူ ကျော်ဖြတ် ရန် လုံးဝမလွယ်ကူပါ။ မိမိရဲ့ ပီပြင်စွာ ပြောဆိုဆက်ဆံနိုင်မှုနဲ့ တစ်ချိန်တည်းမှာ နွေးထွေးမှုနဲ့အတူ မိမိရဲ့စွမ်းရည်က လေးစားစရာကောင်းပါတယ်။ လေးစားစရာ၊ ချစ်စရာကောင်းပြီး တခြားသူတွေနဲ့ အလွန်တရားမျှတသူဖြစ်ပါတယ်။ဒီ နေ့မွေးသူများဟာ လွန်စွာစန်းအားကောင်းပြီး လူချစ်လူခင်များတတ်တဲ့သူမျိုးဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သော အကူအညီတွေရလာတတ်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီး မပူပင်ရသူအဖြစ်လဲတွေ့ရပါတယ်။ အတွေးအခေါ်ပိုင်း အားကောင်းတာမို့ လက်တွေ့ထက် အတွေးအခေါ်ဦးစားပေးပြီးလုပ်ရတဲ့ စာရေးဆရာ၊ဓာတ်ပုံဆရာ၊ပန်းချီဆရာ၊ဗေဒင် ဆရာ၊ဗိသုကာ ပညာရှင် စသောအလုပ်မျိုးတွေနဲ့အထူးသင့်လျော်ကြပါတယ်။ မွေးကတည်းကကျန်းမာရေးယုတ်လျော့ အားနည်းသူမို့ အမြဲတမ်းကျန်းမာရေးကိုစစ်ဆေးနေသင့်ပြီး ဘယ်သောအခါမှ ဆေးမြီတိုနဲ့ မကုသင့်သော သူတွေဖြစ် တယ်ဆိုတာ သိထားဖို့လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၂၄) နာရီမှ ညနေ(၅း၀၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင် အရပ်သို့ မျက်နှာမူ၍ “နမောတဿ” (၉)ခေါက် ရွတ်ဆို သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆနွင်းမကင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *