ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လည်(၁း၁၂)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံအဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရသေ့ကျော် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၁၈)နာရီအထိ လဆန်းတီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပြီး လွန်လျှင် လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့ နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၉)လုံးအနေဖြင့် ရန်များသော တီထိဟု သတ်မှတ်ထားပြီး အမဲလိုက်ခြင်း၊ အဆိပ်ခပ်ခြင်း၊ ပိုးသတ်ဆေး ဖြန်းခြင်းများ၊ လက်နက်ပြုလုပ်ခြင်း၊ လောင်းကစားခြင်း၊ အရက်သောက်ခြင်း၊ အရက်ချက်ခြင်း၊ ရန်ဖြစ်ခြင်း၊ အတိုက်အခံပြုခြင်းများ ပြုနိုင်သော တီထိဖြစ်ပါတယ်။ မည်သည့်လုပ်ဆောင်မှုတိုင်းတွင်မဆို နတ်နဂါးများအား အရိုအသေပေးသင့်ပါသည်။ ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ အနိဋ္ဌသဘောဆောင်တဲ့အလုပ်တွေအထူးအဆင်ပြေပါတယ်။ လောင်းကစား ဆန်ဆန် အလုပ် များ၊ဓားလှံလက်နက်ထုတ်လုပ်ခြင်းများ၊ ခဲယမ်းမီးကျောက်ထုတ်လုပ်ခြင်းများလဲ အထူးကောင်း ပါတယ်။
ဒီလိုနေ့ရက်တွေမှာတော့ အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။သံသရာကလွတ်ကြောင်းကိစ္စတွေ ဖြစ်တဲ့ ဝိပဿနာဘာဝနာလဲပွားများလို့အထူးကောင်းပါတယ်။ ဖြေရှင်းရခက်နေတဲ့ ပြဿနာတွေကိုပြေလည်အောင် ဖြေရှင်းနိုင်မဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ကုသလို့အလွန်ပဲကောင်းပါတယ်။ အနာနဲ့ဆေးတွေ့ မဲ့နေ့ရက်ပါပဲ။
ကားရောင်းခြင်း၊ကားဝယ်ခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ဆောင်ရွက်နိုင်မဲ့နေ့ရက်ပါပဲ။ မိမိစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကိုပိုးသတ်ဆေးဖြန်းတာမျိုးတွေဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ကျောက်မျက်ရတနာရောင်း ဝယ်ရေးကိစ္စများ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ငါးမွေးမြူရေး၊ကြက်မွေးမြူရေးစတဲ့ တိရစ္ဆာန်မွေးမြုရေး လုပ်ငန်း များလဲ အဆင်ပြေအောင်မြင်မှုတွေရလာမဲ့နေ့ရက်ပါပဲ။
အဆင်မပြေလို့လက်လျော့ထားတဲ့အလုပ်များ၊ ခက်ခဲလို့ရှေ့ဆက်ဖို့မလွယ်တဲ့အလုပ်များကို ဒီနေ့မှာပြန်လည်လုပ် ကိုင်ခြင်းဖြင့်အဆင်ပြေမှုတွေကိုရလာတတ်ပါတယ်။ ရပ်ဝေးမှချဲ့ထွင်ထားတဲ့အလုပ်တွေတိုးတတ်ပါလိမ့်မယ်။ ဝေးကွာနေတဲ့မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောရပိုင်ခွင့်တွေလဲ အပြည့်အဝရလာပါလိမ့်မယ်။
လုပ်ငန်းပြိုင်တွေ၊ မိမိအောင်မြင်မှုကိုမနာလိုတိုက်ခိုက်ကြသူတွေကိုတန်ပြန်တိုက်ခိုက်နိုင်မဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်သာ လုပ်ငန်းတော်တော်များများအဆင်ပြေတတ်ပါတယ်။ electronic ပစ္စည်းရောင်းတဲ့ဆိုင် များ ရောင်းအားတိုးတတ်ပါလိမ့်မယ်။
ယနေ့ အရာရာသတိရှိရမည်။ အကြံအစည်တို့ကို လက်တွေ့ အကောင်အထည်ဖေါ်ရန် အခါကောင်း ကျရောက် နေသည်။ ဝယ်ယူမြှုပ်နှံခြင်းတို့မှ အကျိုးအမြက်ကောင်းများ ရရှိမည်။ ကတိစာချုပ် ချုပ်ဆိုခြင်းမပြုရပါ။ လက်မှုလက်ရာ ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ အရောင်းအဝယ်ပြုရန် ကောင်းသည်။
ယနေ့သည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းကို ခက်ခဲတားဆီးစေတက်သောစ ရိတ္တာတီထိ ကျရောက်နေသောကြောင့် ရန်သူများကို သတ်ခြင်း၊ ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်မှုများအတွက် အထူးသင့်တော်ပါသည်။ အရေးကြီးသော လုပ်ငန်းများအတွက် ကံမကောင်းနိုင်သောနေ့ဖြစ်သည်။ ငြင်းခုန်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ သေနတ်ပစ်ခြင်း စသည်တို့အတွက် အထူးကောင်းမွန်ပါသည်။
ယနေ့သည် အတားအဆီးနှင့် အန္တရာယ်ကို ကိုယ်စားပြုသော အတိဂဠယုဂ် ကျရောက်နေခြင်းကြောင့် ကောင်းသော ကိစ္စရပ်များ လုပ်ဆောင်ရန် မသင့်တော်ပါ။ ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ကြဲခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့် အဆောက်အအုံများ ဆောက်လုပ်ခြင်းတို့အတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၅၁)နာရီမှ နံနက်(၃း၄၃)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ် ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။စစ်လက်နက်ဝယ်ယူခြင်းများ၊ စစ်ရေးလေ့ ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြု လုပ်နိုင်ပါ တယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ပြင်းပြတဲ့ ဆန္ဒတွေ နဲ့ ပြင်းပြတဲ့ လိုချင်မှုတွေ ရှိပြီး အတန်ငယ် စိတ်လှုပ်ရှားဖွယ် ဘဝကို ပိုမိုကြိုက်နှစ်သက်ပြီး ထိုအတိုင်းဖြတ်သန်းနိုင်ပါတယ်။ ပျင်းစရာကောင်းပြီး သာမန်ရိုးကျဘဝကို ငြီးငွေတတ်တဲ့သူလဲဖြစ်ပါတယ်။ မိမိဘဝတစ်လျှောက် အချိန်တော်တော်များများကို နွေးနွေးထွေးထွေး ဂရုစိုက်တတ်ပြီး လုပ်ငန်းစီးပွားကိုလဲစည်းစနစ်တကျထိန်းချုပ်ပြီး သူဌေးဖြစ်တတ်သူပါ။ချမ်းသာပြီဆိုရင်လဲ လုပ်ငန်းပေါင်းများစွာ ဆိုင်ခွဲပေါင်းများစွာနဲ့အောင်မြင်တတ်သူပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ လက်တွဲခြင်းက မိမိကို ပြီးပြည့်စုံစေပါတယ်။ မိမိသည် အလုံးစုံတည်ငြိမ်မှုကို လိုလားသော်လည်း စိတ်လှုပ်ရှားမှုအတွက် မိမိဘ၀ထဲသို့ ပုံမှန်မဟုတ်သောချစ်ခြင်းမေတ္တာ အခြေအနေများကို ဆွဲဆောင်နိုင်သည်။ဒါကြောင့်ပဲ အချစ်ရေးမှာ ပွေရှုပ်သူအဖြစ် အများက သတ်မှတ်ခြင်းခံရတတ်ပါတယ်။ မိမိသည် အမှန်တကယ် ထူးခြားသော စိတ်ကူးစိတ်သန်းများဖြင့် စိတ်ဝင်စားစရာကောင်းသော စကားပြောဆို တတ်သူတစ်ဦးဖြစ်ပြီး အခြားသူများကို ပျော်ရွှင်စေရန်အတွက် မိမိရဲ့ ကိုယ်ပိုင် အခွင့်အလမ်းများကိုပင် စွန့်လွှတ် ဝံ့သူပါ။ ပညာရေးအားကောင်းပြီး မိခင်၊အဖွား၊အဒေါ် စသော အမျိုးသမီး အကြီးအကဲတွေရဲ့ အကူအညီ အထောက်အပံ့ကို အပြည့်အဝရသူလဲဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၄) နာရီမှ ညနေ(၆း၄၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းနုရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း