loading

24.November .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 24.November .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၉)လုံးအနေဖြင့် ဒီလို နေ့ရက်မှာတော့ ကျန်းမာရေးအညံ့များကင်းစင်ပါလိမ့်မယ်။ အရေပြားမှာရှိ တဲ့အနာ ရောဂါတွေလဲ ကင်း စင်သွား တတ်ပါတယ်။ ကုန်သွယ်စီးပွားရေးလုပ်ငန်းများဆောင်ရွက်လို့ကောင်းပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး တော့လဲ အလွန်မှရင်းနှီးမြုပ်နှံလို့ကောင်းတဲ့နေ့ရက်ပါပဲ။ အလုပ်ဆိုင်းဘုတ်တင်ခြင်းတွေ၊ အလုပ်ခန်းစတင်ဖွင့်လှစ် ခြင်းတွေ လဲ ဆောင်ရွက်လို့ကောင်းပါတယ်။

အရောင်းပြပွဲများ၊ကုန်စည်ပြပွဲများ၊ဈေးပွဲတော်များကျင်းပလို့အထူးကောင်းပါတယ်။ပြည်ပဈေးကွက်သို့ကုန်ပစ္စည်း တွေ တင်ပို့ရောင်းချခြင်းတွေကိုအထူးဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ပညာရေးနဲ့ပက်သက်သော ကိစ္စ အ၀၀ လဲ ဆောင်ရွက်လို့ကောင်းပါတယ်။

အမဲလိုက်ခြင်း၊အရက်ချက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းစတဲ့အနိဌနဲ့ဆိုင် တဲ့အလုပ်များဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ ခဲ ယမ်းလက်နက်များပြုလုပ်ခြင်းများ၊ရန်အတိုက်အခံပြုခြင်းများလဲဒီနေ့မှာဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အရေး ပေါ် မှာ ဖြစ်ပေါ်နေတဲ့အနာရောဂါပဲဖြစ်ဖြစ်၊ကိုယ်တွင်းမှာဖြစ်တဲ့အနာရောဂါပဲဖြစ်ဖြစ် ခွဲစိပ်ကုသရမယ် ဆိုရင်ဒီနေ့ ဟာ ဆောင်ရွက်လို့အထူးသင့်လျော်တဲ့နေ့ရက်ပါပဲ။

ကုန်စည်ဒိုင်အသစ်များစတင်ဖွင့်လှစ်ခြင်းတွေဒီနေ့မှာဆောင်ရွက်လို့ကောင်းပါတယ်။ စပါးများကိုစတင်စပါးကျီ သွင်း ခြင်း၊ကုန်ပစ္စည်းသိုလှောင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အားကစားနှင့်ပတ်သက်သောလုပ် ငန်း များ အထူးတိုးတတ်မဲ့နေ့ပါပဲ။ အဖိုးများသောအားကစားပစ္စည်းများဝယ်ယူ မယ်ဆိုရင်လဲဒီနေ့ဟာဝယ်ယူလို့သင့်တော် တဲ့နေ့ရက်ပါပဲ။

ပြည်ပအလုပ်အကိုင်ရှာဖွေခြင်း၊အင်တာဗျူးခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ရေနံ၊ ရွှေနှင့်ကျောက်မျက်ရတနာတူးဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။ ခရီးကိစ္စများ သွားလာ လုပ်ကိုင်လို့ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ အထူးသဖြင့်လေကြောင်းခရီများအဆင်ပြေချော့မွေ့တတ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါ လိမ့်မယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၇း၀၉)နာရီမှ ည(၁၈း၀၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။


ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ပေါင်းသင်းဆက်ဆံရေးကွန်ရက်ချိတ်ဆက်တတ်သူ၊ တခြားသူတွေအတွက် တွေး တောပြီး ပေးကမ်းစွန့်လွှတ် အနစ်နာခံတတ်သူ ဖြစ်ပါတယ်။ မိမိသည် အလွန်အကဲဆတ်တတ်ပြီး တစ်ခါတစ်ရံတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသောဘဝကိုကျေနပ်သည်။ မိမိသည် အလွန်တရာရက်ရောပြီး စီးပွားဖြစ်ထွန်းလာသော အခါတွင်လဲ ပရဟိတကို ဇောက်ချလုပ်သူဖြစ်တတ်ပါတယ်။ မိမိအတွက် အမျိုးသမီးအကြီးတွေက အကျိုးပေးဆုံး ဖြစ်နေပါသည်။ ဒီလိုဇာတာတွေက လက်ကားစီးပွားတွေကအထူးအကျိုးပေးတယ်။ ထိုစီးပွားကို မလေ့လာတဲ့ သူတွေ က အတက်အကျ အများကြီး ကြုံနိုင်တယ်။ မိမိဟာ အရာရာကို လေးလေးနက်နက် ခံစားနေချိန်မှာပင် မိမိ၏ စွမ်းရည်များကို အရင်ကထက် ခွန်အားသုံး၍ ကြိုးစားလေ့ရှိသဖြင့် ဆုတ်ယုတ်မှုတွေကနေ ပြန်ပြန် နိုးထလာတတ် တယ်။ မိမိသည် ချစ်စရာကောင်းပြီး အရောင်းမြှင့်တင်ခြင်း၊ ရောင်းချခြင်းနှင့် ချိတ်ဆက်ခြင်းစသည့် မည်သည့်အနေ အထားတွင်မဆို ကောင်းစွာ လုပ်ဆောင်နိုင်သည်။ ဆက်ဆံရေးများသည် ရေရှည်၊ တာဝန်ယူမှု၊ နှင့် အစဉ်အလာ ဖြစ်နိုင်သည်။ မိမိဟာ တိုးတက်တဲ့ တွေးခေါ်ရှင်တစ်ယောက် ဖြစ်နေချိန်မှာ မိမိမိသားစုရဲ့ ဘဝကိုလဲခိုင်မာအောင်မြှင့် တင်ပေးနိုင်ပါတယ်။ နာမည်ကို တနင်္ဂနွေအစ တနင်္လာအဆုံးမှည့်မိရင်တော့ ငွေကိုသိပ်မက်မောပြီးဒုစရိုက်သမား ဖြစ်သွားတတ်ပါတယ်။ နာမည်ကို တနင်္ဂနွေအစ အင်္ဂါအဆုံးမှည့်မိရင်လဲ မထင်မှတ်ဘဲ ခွဲစိပ်ကုသရတာမျိုးတွေ ဖြစ် တတ်ပါတယ်။

ပြုဗ္ဗဘရဂုဏီ နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် ကောင်းမှု မင်္ဂလာကိစ္စများအတွက် မသင့်တော်ပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသောပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။

ဝေဓတ္တိယုဂ်သည် ရပ်တန့်ခြင်း၊ ဖမ်းဆီးခြင်းဟု အဓိပ္ပါယ်ရသည်။ ကံမကောင်းတဲ့ ယောဂဖြစ်သည်။

တေထိလကရိုဏ်းသည် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၀၅) နာရီမှ ညနေ(၅း၃၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော် (၉)ခေါက် ရွတ်ဆို.သွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *