loading

27.November .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 27.November .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် နှင့် တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ဒီနေ့မှာအချစ်ရေးနဲ့ပတ်သက်သောကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ ချစ်စကားပြောဖို့ ၊ခံစားချက် တွေဖွင့်ဟ လို့အလွန်ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။အဆင်မပြေတဲ့ချစ်သူတွေအတွက် ပြန်လည် ညှိနှိုင်းလို့အလွန် ကောင်း ပါတယ်။ အလှူအတန်းကိစ္စတွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲ ဆောင်ရွက်နိုင်တဲ့နေ့ရက် ပါပဲ။

ဒီလိုနေ့ရက်တွေမှာတော့ အိမ်အလှဆင်တာတွေ၊ ဆေးသုတ်တာ တွေအိမ်သန့်ရှင်းရေးလုပ်တာတွေ၊ မိမိခန္ဓာကိုယ်ကို လှပအောာင်ပြုပြင်တာမျိုးတွေလဲ အထူးဆောင်ရွက်သင့်ပါ တယ်။ အဝတ်အစားသစ်ဝယ်ယူခြင်းတွေ၊ အလှကုန် ပစ္စည်းဝယ်ယူခြင်းမျိုးတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

            ရေတွင်းရေကန်တူးခြင်း၊ အဝိစီတွင်းတူးခြင်းမျိုးတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။အလုပ်သစ်လျှောက် ခြင်းတွေ၊အင်တာဗျူးဝင်ဖြေခြင်းတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။  အာမခံလုပ်ငန်းများ အထူးဆောင်ရွက်လို့ အဆင်ပြေတတ်ပါတယ်။

ကားဝယ်ခြင်း၊ကားရောင်းခြင်း၊အလဲအထပ်လုပ်ခြင်းများဆောင်ရွက်နိုင်သလို စက်ပစ္စည်းအဟောင်းနေရာမှာ အသစ် ကိုစတင်အစားထိုးလည်ပတ်တာမျိုးလဲဆောင်ရွက်နိုင်ပါတယ်။ ထီဝါသနာပါသူများထီကံစမ်းလို့အလွန်မှ ကောင်းတဲ့ နေ့ရက်ပါပဲ။ 3/5/9 များများပါတဲ့ ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါဗျာ

            ကုန်ပစ္စည်းသစ်များ  ဖြန့်ဖြူးရန် ရက်ကောင်းဖြစ်သည်။ ဈေးကွက်အတွင်း ဖြန့်ဖြူးသောကုန်ပစ္စည်းများ ကြော်ငြာခြင်း၊ မိတ်ဆက်ခြင်းများ ပြုရန် ရက်ကောင်းဖြစ်နေပါသည်။ ကတိပျက်သူများနှင့် တွေ့တတ်သည်။ ယုံကြည်လွှဲအပ်ပြီး လုပ်သောကိစ္စ မှန်သမျှ ရှောင်ကြဉ်ပါ။ ရန်ပဋိပက္ခများ ငြိမ်းချမ်းအောင် စီမံဆောင်ရွက်နိုင်မည်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ  ဆောင်ရွက်နိုင်မည်။

မွန်းလွဲသွားရင်လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက် ထပ် ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၆း၅၇)နာရီမှ ည(၁၇◌း၄၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ဟန်ချက်ညီဖို့ အလွန်အလေးထားသူတစ်ယောက်ဖြစ်လို့ သင်အမြဲတမ်း တရား မျှတဖို့ ရည်မှန်းချက်ထားသူပါ။ တကယ်တော့ မိမိဟာ ကံကြမ္မာကပိုလျှံနေတဲ့ အရာတွေကို ပေးထားလေ့ရှိပါတယ်။ ဘဝမှာ ကောင်းတဲ့ အရာအားလုံးကို နှစ်သက်သလို မိမိဟာ ကျေကျေနပ်နပ် ခံစားရနိုင်ပါတယ်။ မိမိဟာ ဖော်ရွေပြီး ပြောဆိုဆက်ဆံတတ်တဲ့ အမူအရာနဲ့ ဆွဲဆောင်မှုရှိသူလဲဖြစ်ပါတယ်။ တခြားသူတွေ အမြဲမသိနိုင်တဲ့ စိတ်ဓာတ်ရေးရာ သို့မဟုတ် စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စတွေကိုလဲ လက်တွေ့ကျကျဖြေရှင်းနိုင်သူလဲဖြစ်ပါတယ်။အချစ်ရေးတွင်တော့ မိမိသည်နှလုံးသားအလိုကို လိုက်လျှောက်ပြီးခံစားချက်ကိုဦးစားပေးသူလဲဖြစ်တတ်ပါတယ်။ ဘဝ၏အခြားနယ်ပယ်များ တွင် မိမိသည် စိတ်မြန်လက်မြန်ရှိသူ၊ပြတ်သားသူ၊ဥာဏ်ကြီးသူဖြစ်ပေမဲ့နှလုံးသားရေးရာမှာတော့ ပျော့ညံ့သူဖြစ် တတ်ပါတယ်။မိန်းကလေးရင်သွေးလဲဖြစ်ပြန် မွန်းတည်ချိန်နောက်ပိုင်းကာလတွေမှာမွေးတဲ့ ရာဟုသမီးလဲဖြစ်တယ်.. ဆိုရင်တော့ အချစ်ရေးအိမ်ထောင်ရေးအားနည်းသွားစေပါတယ်။ တစ်ခုခုလုပ်မိလို့ မှားသွားတဲ့အခါ အများစုထက် မိမိမှာ တာဝန်ခံမှု ပိုရှိတယ်ဆိုတာ အားလုံးကသတိပြုမိနိုင်ပါတယ်။

စိတြနက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး ပညာရပ်များ လေ့လာရန်၊ မိတ်ဖွဲ့ရန် ကောင်းသော၊ ကာမဂုဏ်၊ အလှဆင်ခြင်း၊ လိင်ဆက်ဆံခြင်း၊ အဝတ်အစားအသစ် ဝတ်ဆင်ခြင်း၊ လက်ထပ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စီတန်းခြင်း၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားခြင်းတို့အတွက် သင့်လျော်သည်။ ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

အာယုသာန်ယုဂ် သည် အသက်ရှည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ ကောလ်ဝါက္ခရိုဏ်းသည် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူ့ငယ်ချင်း၊ ချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလကြာရှည်စွာ တည်မြဲနေမည့်အရာများကဲ့သို့သောပုံသေလုပ်ထားသည့်အရာ များ အတွက် ကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၁း၅၃) နာရီမှ မွန်းလွဲ(၁း၁၄)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် ငွေရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး  ဗုဒ္ဓေါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နာနတ်ယိုဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *