ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း(၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် နှင့် မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လည်(၁း၃၉)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ ရက်ယုတ်မာ၊ နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၄၄)နာရီအထိ လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ငွေစန္ဒာ လမင်း ပထမဆုံး ဆန်း တက်လာသည့် တီထိ၊ တီထိ(၁)လုံးသည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ အိမ်ဆောက်၊ အိမ်ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာပြုခြင်း၊ ရဟန်းခံရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ လယ်ယာ စိုက်ပျိုးရေး၊ မေ့ဆေးပေးခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆီးလိမ်းကျံခြင်း၊ အိပ်ယာ၊ ကုတင်၊ ဧည့်ခန်း၊ ဆိုဖာ၊ ကုလားထိုင်များ ဝယ်ယူအသစ်လဲခြင်း၊ ပန်းပုထုခြင်း၊ သစ်ပင်ခုတ်ဖြတ်ခြင်း၊ အမွှေးနံ့သာ၊ ပန်းမာလာများ စီခြယ်သော Decoration များ ပြုလုပ်နိုင်ပါသည်။
တီထိ (၂)လုံး အနေဖြင့် မင်္ဂလာ ကျက်သရေရှိသော တီထိရက်ဖြစ်ကာ ဘုရားဆင်းတု စသော မိမိကိုးကွယ် သည့် ဆင်းတု၊ ရုပ်တုတော်များ၊ ပုံတော်၊ ကားချပ်များ တပ်ဆင် နေရာချနိုင်ခြင်း၊ အင်္ဂလာအခမ်းအနား၊ အလှအပ ပြုပြင်ခြင်း၊ ဝတ်စားဆင်ယင်ခြင်း၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ မင်းအစိုးရ၊ အုပ်ချုပ် သူ တို့နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ ဘဏ္ဏာရေးလုပ်ငန်း၊ စစ်တပ်နှင့် ပတ်သက်သောလုပ်ငန်းများ၊ ခရီးသွားလာခြင်း၊ တီးမှုတ် ကခုန်ခြင်း၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများနှင့် အိမ်ထောင်ပြု မင်္ဂလာတို့အတွက် ကောင်းသော တီထိကာလ ဖြစ်သည်။ အသစ်ဖန်တီးခြင်း၊ မင်္ဂလာကျက်သရေနှင့် ဆိုင်သော လုပ်ငန်းအမျိုးမျိုး လုပ်ဆောင်နိုင်သော တီထိရက်ဖြစ်ပြီး ကံကောင်းခြင်း၊ ကံကောင်းခြင်းသဘောဆောင်သည့် ဘဒြတီထိဖြစ်သောကြောင့် မင်္ဂလာဆောင်၊ အိမ်ထောင်ပြု၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည့် အလုပ်များ၊ ယာဉ်ကား စသည်တို့ဖြင့် ခရီးသွားခြင်း၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများအတွက် ကောင်းမွန်သော တီထိရက် ဖြစ်ပါသည်။
ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၆း၃၈)နာရီမှ ည(၁၇း၂၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ယနေ့ မွေးဖွား သူများ သည် အံ့သြစရာကောင်းတဲ့ ဟာသဉာဏ်ရှိတယ်။ “အလုပ်ကြိုးစားလွန်းသူ” ၊ မိမိသည် အမြဲတမ်း အလုပ်များနေတတ်သည်။ မိမိဟာ မိမိပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေရဲ့ အသုံးဝင်မှု တန်ဖိုးကို မကြာခဏ အကဲဖြတ် နိုင်တဲ့အတွက် မိမိဟာ အကျိုးရှိဖို့ အသုံးအချနိုင်ဆုံး လူတွေထဲက တစ်ယောက်ပါ။ မိမိသည် ဘဝတစ် လျှောက် လုံး အေးဆေးတည်ငြိမ်ရတာကို နှစ်သက်ပြီး အနုပညာကို စိတ်ပါဝင်စားပြီး အများကိုဖျော်ဖြေရန် နည်းလမ်း များကို ရှာဖွေနေတတ်ပါသည်။ ဒါတောင်မှ မိမိဟာ အမြဲလိုလို တွေးတောကြံစည် ဖန်တီးနေသူ တစ်ယောက် ဖြစ်ပါ သည်။ မိမိ၏စိတ်သည် မိမိကိုယ်ကျိုးအတ္တထက် အများအကျိုးကို ဦးစားပေးလုပ်ဆောင်ပေးတတ်သော မျှတသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့်အတွက် အများရဲ့ လေးစားချစ်ခင်ခြင်းကို ခံစားရတတ်ပါသည်။ စိတ်ထားဖြူစင် နူးညံ့၍ အရာ ရာကို အကောင်းဘက်မှ အမြဲတမ်းရှုမြင်သုံးသပ်တတ်သူ တစ်ဦးဖြစ်ပါသည်။အနုပညာ တစ်ခုခုမှာ ထူးချွန်ကြတယ်။ အချို့က သရုပ်ဆောင်၊အချို့က ဂီတ၊အချို့က ပန်းချီစသည် ဖြင့် တစ်ခုခုမှာ ထူးချွန်တတ်ပါတယ်။ စန်းအားကောင်းပြီး လူချစ် လူခင်များနေတတ်ပါတယ်။
ဇေဋ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝကြည့်ဖြစ်ပြီး စစ်ပွဲအောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြား နတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း၊ အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း စသည်တို့အတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။ ဤနက္ခတ်သည် ဘေး သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတ်တူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဓိတိယုဂ်သည် တည်ငြိမ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသောကိစ္စများ အတွက် ကောင်းသည်။
ဗဗကရိုဏ်းသည် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအား တိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤ ကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များ အားလုံးအတွက် ကောင်းမွန်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၄၂) နာရီမှ နံနက်(၉း၀၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (2/3/0) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်ကိုမျက်နှာမူပြီး (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြာဇံကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း