ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း(၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့စက်(၁း၃၆)နာရီအထိ တနင်္လာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၃)လုံးအနေဖြင့် အင်အားတွေ၊ စွမ်းအားတွေကိုပေးတဲ့ ဇယာတီထိကျရောက်တဲ့ နေ့ ရက် ပါပဲ။ဒီလိုနေ့ရက်တွေ မှာတော့အတတ်ပညာ တစ်ခုတတ်ကျွမ်းသူနှင့်ရှယ်ယာဝင်ခြင်း တွေ၊ အခက်အခဲတွေ အတွက်ကောင်းစွာဖြေရှင်းခြင်း တွေ၊ အလုပ်အကိုင် နဲ့ ပတ် သက်ပြီးတော့လဲ ဆွေးနွေးခြင်းတွေ ကိုအထူးဆောင်ရွက်လို့ ကောင်းပါတယ်။ နာတာရှည် ဖြစ်နေသူများ ဆေးစွမ်း ကောင်း၊ ဆရာကောင်းနှင့်ဆုံပြီးသက်သာပျောက်ကင်းမည် ။အကြီးအကဲများထံမှ သြဝါဒခံယူ လို့အလွန်ကောင်း တဲ့ နေ့ရက် လဲဖြစ်ပါတယ်။
ရင်းနှီးမြုပ်နှံမှုတွေတစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ သတိနဲ့ယှဉ်ပြီးလုပ်စေချင်ပါတယ်။တန်ဖိုးကြီးပစ္စည်း အသစ်များ ဝယ်မယ်ဆိုဒီနေ့ကမသင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လုပ်လက်စအလုပ်တွေမှာ ကြုံတွေ့နေရတဲ့အခက်အ ခဲတွေကိုလဲ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။
အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့အလုပ်များကုန်မာပစ္စည်းရောင်းဝယ်တဲ့အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။ ရေနံ သဘာဝဓာတ်သတ္တုများ စူးစမ်းရှာဖွေခြင်းမျိုးအထူးဆောင်ရွက်နိုင်ပါတယ်။ မြေသန့်မင်္ဂလာများပြု လုပ်ခြင်းများအထူး ကောင်း ပါတယ်။ အစုရှယ်ယာဝင်ခြင်း၊ဖက်စပ်လုပ်ခြင်းများလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါ တယ်။
ဘာသာရေးနှင့်ပတ်သက်ပြီးတော့လဲ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်း၊ဘုရားတည်ခြင်းများဆောင်ရွက် သင့်တဲ့နေ့ ရက် ပါပဲ။ မိမိရဲ့ ကုန်ပစ္စည်းများကို mediaက ကြော်ငြာခြင်း၊online ကနေကြော်ငြာခြင်းများ လဲဆောင်ရွက်လို့ ကောင်း တဲ့နေ့ရက်ပါပဲ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၆း၃၀)နာရီမှ ည(၁၇း၂၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ပြုဗ္ဗသာဠ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်ဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်၊ မီးရှို့မှု၊ တိုက်ပွဲ၊ မီးတင်၊ ဖျက်ဆီးခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် သင့်လျော်သည်။ ကောင်းသော ကိစ္စရပ်များအတွက် မသင့်လျော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉ္စာ၌ သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ကာယုဂ်သည် အန္တရာယ်ဟု အဓိပ္ပာယ်ရသည်။ ကုသိုလ်ကံ မကောင်းခြင်း ဖြစ်စေသည်။ဂရဇံကရိုဏ်းသည် မြေကြီး တွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းအတွက် ကောင်းမွန်သည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့် /သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းစသည်ဖြင့် သင့်လျော်မှုအရှိဆုံးဖြစ်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၁း၅၆) နာရီမှ မွန်းလွဲ(၁း၂၀)နာရီအတွင်း ကျရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်မျက်နှာမူပြီး အရဟံ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးလေးအိုးကပ်ဟင်းနဲ့ ဘုရားဆွမ်း ကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း