loading

5.December .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 5.December .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း(၅)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁၂း၅၇)နာရီအထိ တနင်္ဂနွေမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် မိတ္တုမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၄)လုံးအနေဖြင့် ရှောင်သင့်တာကတော့ ပိုက်ဆံမချေးပါနဲ့ ဆုံးတတ်ပါတယ်။ အလုပ်နဲ့ပတ်သက် ပြီးတော့လဲ လူယုံမထား သင့်ပါ။ မဖွင့်ပြောသင့်တဲ့စကားတွေကို လျှို့ဝှက်ထားလိုက်ပါ။ အချိန်ဆွဲလို့ အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေဆုံးရှုံး ရတတ်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

            ယနေ့ တောင်အရပ်သို့ ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ အိမ်၊  ခြံမြေ ရောင်းဝယ်ခြင်းများ မပြုအပ်။ စတင် သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စဖြစ်နေမည်။ စာရွက်၊ စာတမ်း၊ လက်ပြောင်းလက်လွှဲတို့ကို  အထူးသတိနှင့် ဆောင် ရွက်ပါ။ ငွေကြေး အပေးအယူကိစ္စများတွင် အငြင်းပွားစရာများ ရှိတတ်သည်။

အတိတ်ကလုပ် ခဲ့တဲ့ ကောင်း တဲ့ကိစ္စတွေဆိုကောင်းကျိုး၊ဆိုးတဲ့ကိစ္စတွေလုပ်ခဲ့ရင် ဆိုးကျိုးတွေအနေနဲ့ပြန်လည် ခံစားရ တတ်ပါတယ် ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးအဆင်ပြေမှုတွေရှိပါလိမ့်မယ်။ လက်လွန်ထားတဲ့ငွေတွေ၊ ဆုံးမယ်ထင်တဲ့ ငွေတွေပြန်ရတတ်တဲ့နေ့ရက်ပါပဲ။။

တရားအားထုတ်ခြင်၊ဘဝနာပွားများခြင်း၊ ကမ္မဌာန်းရှုမှုတ်ပွားများခြင်းများလဲ အထူးဆောင်ရွက်ခြင်းဖြင့် ထူးခြားတဲ့ ဉာဏ်စဉ် တွေကိုရလာတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းဆိုင်များ၊ လျှပ်စစ်နှင့်ပက်သက်ဆက်နွယ်သောလုပ် ငန်းများ အထူးပဲအဆင်ပြေလာတတ်ပါတယ်။ ဒီလိုနေ့တွေမှာတော့ မိမိဖြစ်ချင်တဲ့ကိစ္စတွေကိုအချိန်ပေးလုပ် သွားနိုင်ပါ လိမ့်မယ်။ ဘာလုပ်လုပ် သတိတော့ မလွတ်သင့်ပါဘူး။ စာရင်းဇယားအမှားတွေလုပ်မိတတ်လို့ပါပဲ။

စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူးပဲပြုလုပ်ဆောင်ရွက်သင့်တဲ့ နေ့ ရက်ပါပဲ။ လုပ်ငန်းသစ်တွေစတင်လည်ပတ်တာ၊ အလုပ်လျှောက်တာမျိုးတွေ စတင်လို့အထူးကောင်းပါတယ်။ ကံစမ်းမဲနှိုက် ခြင်း များ၊ ထီထိုးခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။  အဝတ်ချုပ်လုပ်တာမျိုးတွေ၊ အဝတ်ဒီဇိုင်းရေး ဆွဲတာမျိုးတွေ၊ ဖက် ရှင်ရှိုးပွဲများပြုလုပ်ခြင်းများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၆း၂၆)နာရီမှ ညနေ(၁၇း၁၇)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဥတြသာဌ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ထက်မြက်ပြီး စွယ်စုံရ ရှိတယ်၊ ဘာမဆို နားလည်နိုင်စေတယ်။ မိမိရဲ့ စိတ်ဓာတ်က ကြံ့ခိုင် ရုံသာမကဘဝတစ်လျှောက်လုံးမှာ ဥာဏ်ပညာနဲ့ ပေါင်းစပ် နေတတ်သူပါ။ မိမိဟာ ဉာဏ်ရည်ထက်မြက်သလိုပဲ၊ တစ်ခု တည်းကိုသာ အာရုံစိုက်ပြီးလုပ်နိုင်တာကိုတွေ့ရပါတယ်။ မိမိရဲ့ ဟာသဥာဏ်နဲ့ ထူးခြားတဲ့ စိတ်ကူးတွေကနေတစ်ဆင့် မိမိရဲ့ ပျော်ရွှင်မှုကို ဖန်တီးနိုင်ပါတယ်။ စီးပွားရေးအား ကောင်းပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရှာနိုင်ကြတဲ့သူ တွေဖြစ်ပါတယ်။ သူတစ်ပါးကဲ့သို့ လေလုံးမထွားပဲ မိမိ အလုပ်ကိုသာ မည်သို့ ပိုကောင်းအောင် ပြုလုပ်မည်ကို အမြဲစီစဉ်ကြံဆနေသူ တစ်ဦး ဖြစ်ပါသည်။ တည်ငြိမ်သော အပြင်ပန်းသည် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုအချို့ကို ဖုံးကွယ်ထားနိုင်သည့်အပြင် ပြင်းထန်သော စိတ်ခံစားမှု သဘောသဘာဝကို ဖုံးကွယ်ထားနိုင်သည်။ မိမိရဲ့ အလုပ်နှင့် ပတ်ဝန်းကျင်တွင် အစစအရာရာ ထူးခြား၍ ပြီးပြည့်စုံသူ တစ်ဦးအဖြစ် ရှိနေတတ်ပါသည်။မိန်းကလေးရင်သွေး ငယ်ဆိုရင်တော့ အိမ်ထောင်ရေးကံ အားနည်းချက်ရှိသူဖြစ်တာမို့ နာမည်ပေး မှန်ဖို့ အထူးလိုအပ်ပါတယ်။ စီးပွားရေး ကံကောင်းတတ်ပြီး မိမိပညာကို ဖွက်ပြီး သုံးတတ်ပြီး ၊မိမိအတွင်း‌ ‌‌ရေးနဲ့ ကိုယ် ရေးကိုယ်တာကိစ္စတွေကိုလဲ အများကို အသိမခံကြသူတွေဖြစ်ကြပါတယ်။

ဥတြသာဌ် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်း တက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ ဆောက်လုပ်ခြင်း၊ ဗိမာန်တော် ထိမ်းမြားလက်ထပ်ခြင်း စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လို့လားတောင့် တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက် သင့်လျော်သည်။ ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဝုဒ္ဓိယုဂ်သည် ကြီးပွားခြင်းဟု အဓိပ္ပာယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ဗိဋိကရိုဏ်းသည် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းစသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၂၀) နာရီမှ မွန်းလွဲ(၂း၄၄)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်ကိုမျက်နှာမူပြီးသတ္တာဒေဝမနုဿနံ(၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးမုန့်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *