ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁း၃၁)နာရီအထိ ကိတ်မြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာရှမ်းရက်ကျရောက်နေတဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၃၁)နာရီအထိ လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အိမ်ဆောက်၊ အိမ်ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာ ပြုခြင်း၊ ရဟန်းခံရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ ကြွယ်ဝခြင်း၊ ချမ်းသာခြင်း တွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ အရပ် ဝေး နှင့် ဆက်စပ် လုပ် ကိုင်ရ သောအလုပ်များလဲ အကျိုး အမြတ် ကောင်းစွာရရှိပါလိမ့်မယ်။ ဒါပေမဲ့စာချုပ်ချုပ် ဆို တာ မျိုးကိုတော့ ဒီနေ့မှာ အားမပေး ပါဘူးဗျ။ဒီနေ့မှာ ခေါင်းဆေး ခေါင်းလျှော်ခြင်းဖြင့် ကံကောင်းမှု၊ဦးဆောင်နိုင်မှု ကို ဖြစ် စေ ပါ တယ်။ သွေးထွက်သံယိုမှုတွေ ကိုဖြစ်စေ ပါတယ်။ အရှေ့ အရပ် ကိုဦးတည်သွားမဲ့ကိစ္စများသတိနဲ့သွားပါ။ သွေး ထွက် သံယို ကိစ္စများမဖြစ်အောင် ဂရုစိုက်သင့် တဲ့နေ့ရက်ပါပဲ။
အနုပညာနဲ့ပတ်သက်သောလုပ်ငန်းများအထူးတိုးတတ်ပါလိမ့်မယ်။ အပျော်အပါးများ၊ပျော်ပွဲရွှင်ပွဲများ ကျင်းပပြု လုပ် လို့အလွန်ကောင်းပါတယ်။ ငွေပိုငွေလျှံလေးတွေရှိလို့ စတင်စုဆောင်းမယ်ဆို ဒီနေ့ကအလွန်ကောင်းပါတယ်။ တွေး ထင်ထားတဲ့အတိုင်းဖြစ်လာမဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရမှ အဆင်ပြေမဲ့ ဖိအားတွေကိုခဏမေ့ထားပြီး လုပ်ကိုင်နိုင်သူတွေပိုမိုတိုးတတ်ပါလိမ့်မယ်။ ခရီးကောင်းတွေစတင် သွား ရ မဲ့နေ့ပါပဲ။
အိမ်ထောင်ပရိဘောဂလုပ်ငန်းများ တိုးတတ်မှုတွေရရှိမဲ့နေ့ရက်ပါပဲ။ အားနည်းတဲ့သူတွေကို ကူညီခွင့် တွေရလာ မဲ့နေ့ရက်ပါပဲ။အဖိုးတန်ပစ္စည်းများ ဝယ်ယူလို့ကောင်းပေမဲ့ အနာအဆာပါတတ်တဲ့အတွက်စစ်ဆေးပြီး မှဝယ်ယူ လိုက်ပါဗျာ။ ဆံပင် ပြုပြင်ခြင်း၊အဝတ်အထည်များဝယ်ယူခြင်းတွေဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ အေးဆေး ငြိမ်း ချမ်းစွာ လုပ်ရတဲ့ ဥယျာဉ်ခြံအလုပ်များ၊ ပန်းချီဆွဲ၊ပန်းပုထုခြင်းများ အထူးဆောင်ရွက်လို့ ကောင်းပါ တယ်။
အိမ်ပြုပြင်ခြင်းများ၊သစ်ပင်ခုတ်လှဲခြင်းများ အထူးကောင်းပါတယ်။ စတော့ရှယ်ယာများရောင်းဝယ်ခြင်းတွေ၊ အစု စပ်လုပ်ကိုင်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။စက်ကားအပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊အဝတ် အထည် ချုပ်လုပ်တဲ့ လုပ်ငန်းများအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅း၃၄)နာရီမှ ညနေ(၁၆း၄၃)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မိမိတွင် နွေးထွေးမှု၊ ကြင်နာမှု၊ နှစ်သက်ဖွယ်ကောင်းသော ဆွဲဆောင်မှုရှိသော သူဖြစ်သည်။ ပင်ကိုယ်အားဖြင့်လဲ အနုပညာကိုယ်ရည်ကိုယ်သွေးရှိသည်။ တည်ငြိမ်မှုနှင့် စိတ်ချမ်းသာမှုသည် မိမိ အတွက် အလွန် အရေးကြီးပြီး ဒုက္ခလောကဓံတွေကို ခံနိုင်ရည်မရှိသူဘဲဖြစ်ပါတယ်။ မိမိသည် အလွန်လက်တွေ့ကျပြီး စည်းစနစ်ကျ နိုင်ပါသည်။ မိမိတွင် သိသိသာသာ အရှိန်အဟုန်ပြင်းပြင်းနှင့် စိတ်လှုပ်ရှားမှုကို တောင့်တလို စိတ် ရှိပြီး ခရီးသွားပြီး လုပ်ရတဲ့အလုပ်တွေ၊စွန့်စားရတာတွေကို အလွန်နှစ်သက်သူဖြစ်သည်။မိမိမှာ သန်မာတဲ့ စရိုက်ရှိပေမယ့် လက်တွေ့မှာ တော့ စိတ်ပျော့သူတစ်ဦးဖြစ်ပါတယ်။ လူတွေက မိမိကို စိတ်ရင်းမှန်နဲ့ ဆက်ဆံတယ်လို့ မြင်တယ်။အမှန် တော့ အနီးအနားကလူတွေက မိမိကိုအထင်မကြီးတတ်ပါ။ ဒါကြောင့် ရပ်ဝေးနဲ့ချိတ်ဆက်ရတဲ့အလုပ်တွေ၊ကုန်သွယ် မှု အလုပ် တွေ၊ အွန်လိုင်းအလုပ်တွေနဲ့သာ အကျိုးပေးတဲ့ဇာတာမျိုးတွေပဲဖြစ်ပါတယ်။ လူချစ်လူခင်များတတ်ပေမဲ့ စီးပွား ရေးအပိုင်းမှာ အေးဆေးတည်ငြိမ် စွာလုပ်တတ်တာကြောင့် ပြိုင်ဘက်တွေနဲ့လုပ်ရတဲ့အလုပ်တွေမှာ အဆင်မပြေပါဘူး ဗျ။ အသက်အရွယ်တစ်ခုရောက် သွားတဲ့အခါ ဘာသာရေး အပေါ် အာရုံအပြည့်ထည့်သွားပြီး ယောဂီ၊ရဟန်းဝတ်သွား တာတွေလဲ ကြုံရတတ်ပါတယ်။ ကျန်းမာရေးသတိထား ဖို့လိုအပ်ပြီး သူများတွေထက် ကျန်းမာရေးအားနည်းသူပါပဲ။ တစ်ခုသတိထားရမှာက လမ်းနှစ် သွယ်ကြုံလာရင် အခက်လမ်းနဲ့အလွယ်လမ်းကို ရွေးရတဲ့အခါ ခက်ခဲတဲ့လမ်းကို ရွေးမိတာ ကြောင့် ဘဝအောင်မြင်ရာ မှာ နောက်ကျ တတ်ပါ တယ်။
အဒြနက္ခတ်သည် ရန်သူများနှင့်တိုက်ခိုက်ခြင်း၊ အဆိပ်၊ မီး၊ တစ္ဆေအမဲလိုက်ခြင်းများအတွက် သင့်လျော်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိပြီး စစ်ပွဲတွင် အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားနတ်များကို ဖိတ်ခေါ် ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များနှင့် အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ခရီးသွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
သုက္ကယုဂ်သည် တောက်ပခြင်းဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ကောလဝါ ကရိုဏ်းသည် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူ့ငယ်ချင်း၊ ချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူ ညီချက် သို့မဟုတ် ကာလကြာရှည်စွာ တည်မြဲနေမည့်အရာများကဲ့သို့သော ပုံသေလုပ်ထားသည့်အရာများအတွက် ကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၅၁) နာရီမှ နံနက်(၉း၁၅)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်ဘက်မျက်နှာမူ သတ္တာဒေဝမနုဿာနံ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငချိပ်ပေါင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း